Monday, September 17, 2007

ရဟန်းသံဃာတော်တွေ အဆိပ်သင့်ဆိုပါလား။

ဟင်္သာတ သံဃာများ အစာအဆိပ်သင့်

ဧရာဝတီတိုင်း ဟင်္သာတမြို့တွင်သံဃာတော် အပါး၂၀၀ ခန့်အစာအဆိပ်ဖြစ်သောကြောင့် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူရကြောင်းသိရှိရသည်။ ၀ါတွင်း စနေ ဆွမ်းပတ်လောင်းလှူသောအဖွဲ့မှ ဟင်္သာတမြို့ရှိ သံဃာ တော်များအတွက် လောင်းလှူသော ဆွမ်းဟင်းကို ဘုန်းပေးပြီးနောက် ယခုကဲ့သို့ သံဃာတော်များ အစာအ ဆိပ်ဖြစ်ရသည်ဟု ဟင်္သာတမြို့ မိုးကောင်း ကျောင်းတိုက်မှပဉ္ဖင်းတပါးကပြောသည်။ဆွမ်းဟင်းမှာငါးသလောက် ပေါင်း နှင့် ငါးကြော်နှပ် ဖြစ်ကြောင်း သိရ သည်။

ဦးပဉ္ဖင်း လည်းဖြစ်တယ်၊ ရင်ဘတ်တောင့်ရုံလောက်ဖြစ်တာ၊ မနေ့က ဖြစ်ဖြစ်ချင်းတော့ စိုးရိမ်ရတဲ့ သံဃာ ၂၄ ပါး ဆေးရုံ ပို့လိုက်ရတယ်၊ မစိုးရိမ်ရတဲ့ ကျန်တဲ့ သံဃာ အပါး ၁၀၀ ကျော်ကိုတော့ ကျောင်းမှာပဲ ဆေးရုံက လာ ကု ပေးတယ်"ဟု အထက်ပါ ဦးပဉ္ဖင်းက ပြောသည်။

အဆိုပါ မိုးကောင်းကျောင်းတွင် သံဃာအပါး ၅၀၀ ခန့်ရှိပြီး စနေနေ့က ယင်းသံဃာအား လုံး ဆွမ်းဘုန်း ပေးခြင်းဖြစ် ကြောင်း၊ တခြားသော အမတသာရီကျောင်း၊ဘုရားကြီးကျောင်းစသည့်ကျောင်းများမှ သံဃာတော် တချို့လည်း အစာအဆိပ်ဖြစ်ပွားကြောင်း မိုးကောင်းကျောင်း ဦးပဉ္ဖင်းကပြောပြသည်။

ယင်းသံဃာတော်များကို လောင်းလှူသော ဆွမ်းဟင်းမှာ ရန်ကုန်မြို့မှ လာရောက်လှူဒါန်းသော ဆွမ်းဟင်း ဖြစ်ပြီး ယခုကဲ့သို့ အစာအဆိပ်ဖြစ်ရခြင်းအကြောင်းရင်းကိုမူ အသေအချာမသိရသေးကြောင်း ဒေသခံတစ်ဦး ကပြောဆို သည်။

ယနေ့အခြေအနေအရ စိုးရိမ်ရသောသံဃာ ၃ ပါး ခန့် ဆေးရုံတွင် ဆက်လက်၍ဆေးကုသမှု ခံယူနေရပြီး ကျန် သံဃာများ ဆေးရုံမှပြန်လည်ဆင်းခွင့်ရပြီဖြစ်သည်ဟုလည်း ဆိုသည်။