Tuesday, November 13, 2007

ကြေးမုံဆိုတာ ကြည့်မှန် (Mirror)။ ကြည့်မှန်ဆိုတာ ကြည့်တဲ့မှန်။ ကြည့်တဲ့အတိုင်း အမှန်အတိုင်း မြင်ရတယ်။ ဒါကြောင့် ကြည့်မှန်လို့ ခေါ်တွင်တာ။ သတင်းစာအမည်ကို


ကြေးမုံဆိုတာ ကြည့်မှန် (Mirror)။ ကြည့်မှန်ဆိုတာ ကြည့်တဲ့မှန်။ ကြည့်တဲ့အတိုင်း အမှန်အတိုင်း မြင်ရတယ်။ ဒါကြောင့် ကြည့်မှန်လို့ ခေါ်တွင်တာ။ သတင်းစာအမည်ကိုကြည့်မှန်ဖြစ်တဲ့ စကားလုံး “ကြေးမုံ” လို့ အမည်ပေး ထားတာက သတင်းစာပါ ဖေါ်ပြထားတာတွေ ဟာ မှန်မှန်ကန်ကန်နဲ့ ဖေါ်ပြထားတဲ့ သတင်း အချက်အလက် တွေ အဖြစ်အပျက်တွေဖြစ်ဖို့ ၊ ဒီလို ရည်ရွယ်ချက်အတိုင်းလုပ်မှသာ ဒီအမည်နဲ့ ကိုက်ညီမှာပေါ့။
ဖေါ်ပြတဲ့သတင်းဟာ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်တဲ့ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူ အများအတွက် သိသင့်သိထိုက်တွေ၊ ပြုပြင်သင့် ပြုပြင်ထိုက်တာတွေ၊ ဆောင်သင့်တာတွေ ရှောင်သင့်တာတွေ၊ အကျိုးပြုတာတွေရေးဖို့  ဖေါ်ပြဖို့ ဖြစ်ရမယ်။

ဒီလိုမှမဟုတ်ဘဲတစ်ခါလာလည်း တိုင်းပြည်အုပ်ချုပ်သူကြီးများသတင်းသာနေရာတကာမှာပါနေမယ်၊ မူဝါဒတွေ အတွက်လှုံ့ ဆော်စည်းရုံးတဲ့ စာသားတွေဘဲပါနေမယ်၊ ဟိုမှာဒီမှာသွားကြွားတာတွေသွားဝါးတာတွေ ပါနေမယ်၊ ပြည်သူ့ ဆန္ဒအမှန်မဟုတ်ဘဲ အတင်းခိုင်းထားတာတွေဘဲပါနေမယ်၊ ကပ်ဖားယက်ဖားနဲ့ ရေးနေတဲ့ဆောင်းပါး တွေဘဲပါနေမယ်ဆိုရင် ဒီလိုသတင်းစာမျိုးဟာ ပြည်သူ့ တွေဘ၀အမှန်တွေကိုဖုံးကွယ်ထားတဲ့အတွက် “ကြေးမုံ” ဆိုတဲ့ စကားလုံးနဲ့ ဆန့် ကျင်ဘက်ကြီးဖြစ်နေပြီ။

လူ့ အခွင့်အရေးကို လေးစားတဲ့နိုင်ငံတွေက သတင်းစာတွေဆိုရင် နိုင်ငံတော်ရဲ့ သမတတို့ ဝန်ကြီးချူပ်တို့ သ တင်း တွေကို အမြဲတမ်း ဦးစားပေးပြီး ရှေ့ မျက်နှာဖုံးမှာ ကြွားကြွားဝါ၀ါကြီး ပါလေ့ထည့်လေ့ထုံးစံမရှိဖူး။ ပြည် သူတွေအတွက် အဓိကကျမယ့်သတင်းကိုသာ အရင်ဆုံး ဦးစားပေးဖေါ်ပြလေ့ရှိပါတယ်။ တစ်ခါတစ်လေဆိုရင် မထူးခြားရင် နိုင်ငံတော်အကြီးအကဲသတင်းတောင် မပါဖူး။

ဒီတော့ သတင်းစာတစ်စောင်ရဲ့  ဂုဏ်အင်္ဂါနဲ့ တန်ဘိုးရှိမှုက ဘာလည်းဆိုတာခွဲခြားရမယ်။ အာဏာရှင်တို့ ရဲ့ ဝါ ဒ ဖြန့် ချီရေးစာစောင်လား၊ သတင်းအမှန်တွေကို ရေးသားဖေါ်ပြတဲ့ ပြည်သူ့ အကျိုးပြု သတင်းစာလားဆိုတာ။ ဒီတော့ ဒီလိုပြည်သူ့ သတင်းစာမဟုတ်ဘဲ ၀ါဒဖြန့် စာစောင်သက်သက်သာဖြစ်နေတဲ့ စာစောင်မှာရေးသား နေသူတွေဟာ ကိုယ်ကိုကိုယ် မှန်မှန်ကန်ကန် ပြန်သုံးသပ်ဖို့ လိုပါတယ်။ ပြည်သူ့ အကျိုးအတွက်မဟုတ်ဘဲ အာ ဏာရှင်တွေအတွက် ၀ိုင်းဝန်းပြီး ၀ါးဖြန့် ပေးနေ အားပေးနေတာလားဆိုတာ သိရင် ဘယ်လမ်းကိုလိုက် မှာလည်း။ ပြည်သူထဲက ပြည်သူဖြစ်ပြီး ပြည်သူကို ထိခိုက်စေမယ့် အဆိပ်အတောက်စာတွေ ရေးနေတဲ့ထဲမှာ၊ သတင်းစာမဟုတ်ဘဲ သတင်းညာဖြစ်အောင် ဖန်းတီးပေးနေတဲ့ထဲမှာ အဲ့ဒီဘက်မှာလိုက်နေကြဦးမှာလား။ အစာထဲအဆိပ်ခတ်တာထက်ဆိုးတဲ့လုပ်ရပ်ဖြစ်တဲ့ အတွေးအခေါ်ထဲ စိတ်ထဲ အဆိပ်ခတ်တာကို နအဖ အာဏာ ရှင်တွေ လုပ်နေတာပါ။

နအဖထုတ် “ကြေးမုံ”သတင်းစာက သတင်းစာမဟုတ်ဘဲ ပြည်သူ့ ကို ၀ါဒဖြန့် ချီဖို့ သက်သက်ဖြစ်လို ၊့ ရေးတာ မှန်သမျှ ဖေါ်ပြတာမှန်သမျှဟာ လှည့်ဖြားထားတာဖြစ်လို့ နာမည်ပြောင်းသင့်နေပါပြီ။ ကြေးမုံဆိုတဲ့စကားလုံးနဲ့  မထိုက်တန်ပါကြောင်း။

ထိုနည်းတူဘဲ မြန်မာပြည်သူတွေဘ၀ကို ကောင်းကျိုးအလင်းရောင်ထဲ ရောက်စေဖို့ ရည်ရွယ်တာမဟုတ်ဘဲ ဆင်းရဲမွဲတေစေတဲ့ ဘ၀ဆိုးအမှောင်ထဲကို တွန်းပို့ နေတဲ့အတွက် ‘မြန်မာ့အလင်း” ဆိုတဲ့ စကားလုံးနဲ့ မထိုက် တန်တဲ့ နအဖထုတ် မြန်မာ့အလင်းသတင်းစာကိုလည်း အမည်ပြောင်းသင့်နေပါကြောင်း။

မဖတ်သင့်တဲ့စာ၊ ဒီလို အဆိပ်အတောက်စာမျိုးကိုဆန့် ကျင်ကြဖို့ အားမပေးကြဖို့ ဖန်တီးတဲ့ထဲမှာမပါကြဖို့ အမျိုး သားရေးတာဝန် တစ်ရပ်အနေနဲ့  လက်ခံဆောင်ရွက်ကြဖို့ ပါဘဲ။