၁။ The Congressional Gold Medal
၂။ The Congressional Award Program
၃။ The Medal of Merit
၎။ The U.S. Senate Productivity Award
တို့ ဖြစ်ပါတယ်။
The Congressional Gold Medal က အရပ်သူအရပ်သားတွေကို ချီးမြှင့်တဲ့ နိုင်ငံတော်အမြင့်ဆုံးဆုတစ်ခု ဖြစ်ပါတယ်။
ပထမဦးစွားစတင်ချီးမြှင့်ခဲ့တဲ့နှစ်ကတော့ ၁၇၇၆ ခုနှစ်မှာ ဂျော့ရှ်ဝါရှင်တန်ကို ချီးမြှင့်ခဲ့တာပါ။ ဒီဆုကိုချီးမြှင့်ဖို့ အတွက် အမေရိကန် ကွန်ဂရက်မှာ အနည်းဆုံး သုံးပုံနှစ်ပုံ သဘောတူဆုံးဖြတ်ကာ ဥပဒေအရသတ်မှတ်ပြီး ခွင့်ပြုချက်ရှိရပါမယ်။
ဒီအခါမှာ ကွန်ဂရက်ကော်မရှင်ကနေ ဒီဆုရွှေဒင်္ဂါးပြားကို သွန်းလောင်းဖို့  လုပ်ရပါတယ်။
တန်ဖိုးရှိလှတဲ့ ဂုဏ်ယူထိုက်ဖွယ် ဒီဆုကို နေအိမ်အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီူမြှင့်ဖို့  ကွန်ဂရက်မှာ ထောက်ခံမဲ (၄၀၀)၊ ကန့် ကွက်မဲ မရှိဘဲ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုရရှိရေးအတွက်
ဦးဆောင်ပြီးတိုက်တွန်းလှုပ်ရှားခဲ့သူများကတော့ အမေရိကန်နိုင်ငံ ကွန်ဂရက်အမတ်များဖြစ်ကြတဲ့ Joe Crowley (D-NY) နဲ့  Don Manzullo (R-IL) တို့ ဖြစ်ကြပါတယ်။
ဒီဆုကို အရင်ရခဲ့ဖူးသူတွေကတော့ နာမည်ကြီးပိုဂ္ဂိုလ်များဖြစ်ကြတဲ့ မားသာထရီဆာ၊ ၀င်စတန်ချာချီ၊ နယ်လ်ဆင်မန်ဒဲလား၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၊ မာတင်လူသာကင်းတို့ ဖြစ်ကြပါတယ်။
ဒီနှစ်တော့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။