စက်တင်ဘာလအတွင်းမှာ ဘာသာသာသနာကို စော်ကားပြစ်မှားခဲ့ပြီး၊ ဘုရားဆင်းတုတော်တွေ ကျိုးပျက်၊ ရဟန်းသံဃာတော်တွေ သွေးမြေကျ၊ ပြည်သူတွေ ဘ၀ပျက်စေလောက်အောင် မိုက်မိုက်ရိုင်းရျိုင်း ကျူးလွန်ပြုလုပ်ခဲ့မိလို့  အခုဆို ချက်ချင်းဘဲ ပြန်ခံနေရတဲ့ဟန် ဖြစ်နေပါတယ်။ စိတ်သောကဖိစီးမှုကြောင့် အတော့်ကို ချူချာနေပြီး၊ ခန္ဓာကိုယ်က ပိန်ကျကာ စားထားဝါးထားသမျှ ပြနေတဲ့ ဗိုက်ကလေးတစ်လုံးဘဲ ကျန်တော့ပါတယ်။
မတော်တစ်ဆ ခေါက်ကနည်းခွေကနည်းလဲကျသွားရင် ဆေးရုံမရောက်ခင် အသက်မမှီမှာစိုးလို့  အရေးပေါ်စောင့်ရှောက်လို့ ရအောင် တစ်ယောက်ကနေ သွားလေရာမှာ အရင်ကတစ်ခါမှ မပါဘူးတဲ့ အိတ်တစ်လုံးနဲ့  ဘေးကနေ လိုက်ပေးနေရတယ်လို့  အများကပြောနေကြပါတယ်။
ပြောရလို့ ရှိရင် ၀ဋ်မှာအမြဲ ငရဲမှာအပဆိုတာလို သံဃာတော်တွေနဲ့  ပြည်သူတွေအသက်ကို ရက်ရက်စက်စက်သတ်ထားတဲ့အတွက် မကြာခင်မှာဘဲ ဒီဘ၀မှာတင် ၀ဋ်လည်ကြဦးမှာပါ။