Sunday, February 17, 2008

တပ်မတော်သားတစ်ဦးမှ ပြည်သူသို့ အသိပေးချက်။

ကျနော်သည် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဖြစ်ပါသည်။ ကျနော်ပြောချင်သည်မှာ ကျနော်တို့ တပ်မှ တပ်ရေးဗိုလ်ကြီး ရဲဝင်းအောင်(နှစ်ပွင့်) သည် တပ်သားသစ်များကို အတင်းအကျပ်စုဆောင်းခိုင်းနေပါသည်။ ထိုသို့  မစုဆောင်းနိုင်ပါက ၀င်ငွေကောင်းသော စခန်းထိုင်များကို နေရာပြောင်းပစ်မည်ဟုလည်း ခြိမ်းခြောက်နေပါသည်။ ထို့ ပြင် တစ်လကိုတစ်ယောက် မဖြစ်မနေ စုဆောင်းခိုင်းပြီး၊ စုဆောင်းရာတွင် အရွယ်မရောက်သေးသူများနှင့် လမ်းဘေးအိုးအိမ်မဲ့ သူတောင်းစားများပါမချန် ငွေဖြင့် စည်းရုံးပြီးသော်၎င်း၊ မရပါက ဖမ်းဆီးပြီးသော်၎င်း အတင်းအကျပ်အမိန့် ပေးနေပါသောကြောင့် တပ်တွင်းရှိ အောက်လက်ငယ်သားများမှာ စိတ်ဆင်းရဲနေကြရပါသည်။ ပင်စင်နီးနေသောတပ်သားများနှင့် တပ်ကြပ်များမှာလည်း မိမိတို့ ၏ ပင်စင်ယူခါနီးအချိန်တွင် မလုပ်ပေးပါက ပြစ်ချက်ပါမည်ကို အထူးစိုးရိမ်နေရကြောင်း တင်ပြအပ်ပါသည်။