Tuesday, December 25, 2007

ဘာသာသာသနာနဲ့  သံဃာတော်တွေကို ထပ်မံစော်ကားပြန်ပြီ။

ခရစ်ယာန်ဘာသာဝင်တို့ ခရစ်စမတ်ပွဲတော်ကျင်းပနေသောယနေ့အချိန်အခါတွင် ဗုဒ္ဓဘာသာဝင်တို့အတွက်ဝမ်းနည်းစရာသတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အထင်ကရ တရားဟောဆရာတော် ၅ ပါးအား စစ်ခွေးများနှင့် ၄င်းတို့၏နောက်လိုက်သာသနာဖျက် ဒေ၀ဒတ်မျိုးနွယ် လက်တစ်စုပ်စာလူတစ်စုက တရားပွဲကျင်းပခွင့်ပိတ်ပင်လိုက်သည် ဟူသော သတင်းဆိုးတစ်ခုကို ယနေ့နံနက်တွင် ကြားသိလိုက်ရပါသည်။



ယနေ့နံနက် မြောက်ဥက္ကလာပရှိ တရားပွဲစီစဉ်သူ တာဝန်ရှိသူများအား စစ်ခွေးနောက်လိုက် အမျိုးဖျက် တာဝန်ယူထားပြီး မ.၀.တ (မ.ယ.က) ခေါင်းစဉ်တပ် စစ်ခွေးအလိုတော်ရိများမှ ခေါ်ကာ အထင်ကရ ဆရာတော်များထဲမှ ဦးကောသလ္လ( ဓမ္မစေတီ ) ၏ ဟောမည့်ရက် ၄.၁.၀၈ အတွက်တင်ထားသောတရားပွဲကျင်းပခွင့်အတွက် ခွင့်မပြုကြောင်းနှင့် ကျင်းပခဲ့ပါက တာဝန်အရအရေးယူ ဆောင်ရွက် ခြင်းခံရမည်ကို သိရှိပါကြောင်း ၀န်ခံလက်မှတ်ရေးထိုးခိုင်းခဲ့သည်။

ထိုကဲ့သို့ တရားပွဲပြုလုပ်ခွင့်ပိတ်ခံရသော ဆရာတော် မှာ ၅ ပါး ဖြစ်ပြီး ထိုဆရာတော်များ၏ ဘွဲ့များပါ၎င်းဝန်ခံကတိ၏ အထက်တွင် ပါရှိရာ ၄င်းဆရာတော် များ မှာ ဦးကောသလ္လ(ဓမ္မစေတီ) ၊ ဒေါက်တာ အရှင်ကောဝိဒ(မဇ္ဈိမဂုဏ်ရည်) ၊ ဖြူးဆရာတော်၊ အရှင်ဇဋိလ(လူရည်ချွန်) တို့၏ဘွဲ့တံဆိပ်တော်များသာ တိတိကျကျတွေ့ရှိရပြီး ကျန် ၁ ပါးအားအတိအကျမမြင်တွေ့ ခဲ့ရဟု ထိုတရားပွဲတာဝန်ခံကပြောပြခဲ့ပါသည်။

ထို့အပြင်လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း အင်းစိန် နှင့် ရွှေပြည်သာတို့တွင်ပြုလုပ်ခဲ့သောတရား ပွဲများကိုလည်း တနည်းမဟုတ်တနည်း နည်းလမ်းမျိုးစုံဖြင့် စစ်ခွေးနောက်လိုက်များက နှောက်ယှက်ခဲ့ကြပါသေးသည်။ ရွှေပြည်သာတရားပွဲတွင် သီတဂူကြယ်တပွင့်ဆရာတော်၏ တရားဟောသည့်ရက်၌ ကြိုတင်ကြောင်းကြားထားရက်နှင့် မီးဖျက်တောက်ခဲ့သည်။ သက်ဆိုင်ရာ မီတာရုံးသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း မီးပျက်ရက်ဖြစ်၍မည်သို့မှလုပ်ဆောင်မပေးနိုင်ကြောင်း ခပ်မာမာနှင့်ပင် ဖြေကြားခဲ့သည်။ ယခုအချိန်တွင်တော့ စစ်ခွေးတို့သည် ဗြောင်ကျကျပင် ဒင်းတို့၏ အလိုတော်ရိများအား ဆရာတော်များ၏တရားဟောပြောခွင့်ကိုပိတ်ပင်စေခဲ့သည်မှာ အမှန်ပင်ဖြစ်လာပါတော့သည်။

 
/* EOT ----------------------------------------- */