Thursday, December 13, 2007

ပြည်တွင်းသတင်းအချို့ ။

သတင်း (၁)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်မှာ တာဝန်ကျနေတဲ့ ရဲအထူးတပ်ဖွဲ့ က ရဲတပ်သားတစ်ဦးပြောပြချက်အရ အထူးရဲတပ်ဖွဲ့ မှာ အလုပ်ရှုပ်နေကြကြောင်း၊ ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းသား ကိုးယောက်ကို ဖမ်းဖို့ ပြင်နေကြောင်းသိရပါတယ်။ ဒီကျောင်းသားတွေက နိုင်ငံရေးလုပ်တဲ့အတွက်ဖြစ်ကြောင်း၊ သူတို့ ဆီမှာ နာမည်နဲ့ စာရင်းရှိကြောင်း၊ နောက်ထပ်ကျောင်းသားတွေရဲ့  အမည်များကိုသူတို့ ဆက်လက်စုံစမ်းနေကြောင်း၊ ပြီးခဲ့သော စက်တင်ဘာလက သံဃာတော်တွေနဲ့ အတူ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေဖြစ်ကြောင်း သိရှိရပါတယ်။

(မှတ်ချက်။ ။ မည်သူမဆိုဖမ်းဆီးခံရလျှင် လူမသိသူမသိဖြစ်ပြီး အဖမ်းမခံရစေရန်အတွက် သက်ဆိုင်ရာ သတင်းဌာနများ၊ သတင်းပို့ နေသူများထံ မိမိအဖမ်းခံရပါက အခြားသူများမှတစ်ဆင့် အကြောင်းကြားနိုင်ရန်အတွက် အဆက်အသွယ်များ ကြိုတင်စီစဉ်ပြုလုပ်ထားရန် တိုက်တွန်းအပ်ပါသည်)။



သတင်း (၂)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်ကျောင်းဝင်းတွင်းမှာ စာသင်ခန်းတွေထဲ အလှူငွေလိုက်လံကောက်ခံပြီး ဘုရားဖူးပြည်သူတွေကို စတုဒီသာကျွေးမွေးကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်မှာ စတုဒီသာကျွေးမွေးဖို့  ခွင်ပြုချက်တင်တဲ့အခါမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ကျောင်းကခွင့်ပြုချက်လွယ်လွယ်ရခဲ့ပေမယ့် ကျိုက်ခေါက်ဂေါပကကို ခွင့်ပြုချက်တင်တဲ့အခါမှာတော့ တက္ကသိုလ်မှာရှိတဲ့ မိသားစုအသင်းဆိုတဲ့ အသင်းဆိုင်းဘုတ်မတင်ရဘူး၊ ကျောင်းသားအဖွဲ့ အစည်းနာမည်ခံပြီးမပြုလုပ်ရဘူး၊ ပြင်ပအလှူရှင်အလှူရှင်နာမည်နဲ့ ကျွေးမွေးရမယ် ဆိုတဲ့ကန့် သတ်ချက်တွေရှိခဲ့ပါတယ်။ ဒါတွေကို မလိုက်နာရင် ခွင့်မပြုဖူးဆိုပြီးတားမြစ်တားခံခဲ့ရပါတယ်။ ခိုင်လုံစွာ စုံစမ်းသိရှိရတာကတော့ သံလျှင်ရေတပ် တပ်ဆွယ်တပ်မှူးကနေ ကျိုက်ခေါက်ဘုရားကိုရောက်လာပြီး ဂေါပကအဖွဲ့ ကို ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဖိအားပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါနဲ့  ကျောင်းသားတွေက တိုင်ပင်ပြီး သူတို့ရဲ့ ခွင့်ပြုချက်ရအောင် လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ကတိကိုထိုးပြီး ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်နေ့ မှာ စတုဒီသာပွဲကို လုပ်ခဲ့ကြပါတယ်။ အဖိတ်နေ့ နေ့ ခင်းမှာတော့ တက္ကသိုလ်မိသားစုများအသင်းဆိုတဲ့ဆိုင်းဘုတ်ကို ကိုယ့်သဘောနဲ့ ကိုယ် တင်တဲ့အခါမှာ ဘာမှလာမတားမြစ်ပေမယ့် ဘုရားစောင်းတန်းပတ်ဝန်းကျင်မှာ စစ်သားနဲ့ ရဲလုံခြုံရေးတွေ ထူထပ်စွာချထားခဲ့ပါတယ်။

သတင်း (၃)။

ကျန်ခဲ့တဲ့လက အဝေးသင်သိပ္ပံတွဲစာမေးပွဲဖြေဆိုနေစဉ်မှာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာ နိုင်ငံတော်အစိုးရကိုဆန့် ကျင်ကြဆိုတဲ့  စာကပ်တဲ့အတွက် အမည်မသိကျောင်းသားတစ်ဦးအဖမ်းခံခဲ့ရပါတယ်။ ၇န်ကုန်အရှေ့ ပိုင်းတက္ကသိုလ်မှာတော့ ဖမ်းဆီးမှုမရှိခဲ့ပေမယ့် လုံခြုံရေးထူထပ်စွာချထားခဲ့ပါတယ်။ ၇န်ကုန်အရှေ့ ပိုင်းတက္ကသိုလ်က ကျောင်းသားတွေကို မမိခဲ့ပေမယ့် လုံခြုံရေးတွေနဲ့  ဆရာဆရာမတွေက စာတွေကို လိုက်ခွာခဲ့ပါတယ်။
.
သတင်း (၄)။

ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်စာမေးပွဲကျင်းပခဲ့တုန်းက အင်္ကျီ၊ လုံချည်အနက်ရောင် ၀တ်လာတဲ့ကျောင်းသူကျောင်းသားတွေ ခံဝန်လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဆရာဆရာမတွေက စာမေးပွဲခန်းထဲထိလိုက်ပြီး လက်မှတ်ထိုးခိုင်းတာပါ။ ကျောင်းသူကျောင်းသာတော်တော်များများလည်း သေသေချာချာမသိရဘဲနဲ့  လက်မှတ်တွေထိုးပေးလိုက်ရလို့  မကျေမနပ်တွေဖြစ်နေကြပါတယ်။ နောက်အနက်ရောင်မ၀တ်ပါဖူးဆိုတဲ့ဟာကို လက်မှတ်ထိုးပေးရတာပါ။ ကျောင်းသူကျောင်းသားတွေက ဒီကိစ္စအတွက် အတော့်ကို မကျေမနပ်ဖြစ်ပြီး သံဃာတွေနဲ့ တစ်သွေးတည်းတစ်သားတည်းရှိကြောင်းပြောဆိုနေကြပါတယ်။ နောက်နေ့ တွေမှာ အနီရောင်တို့  အနက်ရောင်တို့ ဝတ်ဆင်ဦးမှာဖြစ်ကြောင်းသိရှိရပါတယ်။

 
/* EOT ----------------------------------------- */