Monday, December 31, 2007

သိရလေသမျှ သတင်းတိုထွာ။


ပြည်တွင်းသတင်းတိုထွာ (၁)။

Talky ကျော်စိုး (ကိုကျော်စိုး) ကို ၂၇ ရက် ညပိုင်းက သီးသန့်ဆောင် မှ ပင်မဆောင်သို့ပြောင်းရွှေ့ လိုက်ကြောင်းသိရှိရပါသည်။ အဖမ်းခံရစဉ်တွင် ခေါင်းတွင် ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အာရုံကြော ထိခိုက်နေကြောင်း သိရှိရပါသည်။ ကိုကျော်စိုး အပါအ၀င် (၆) ဦးမှာ ပါဆယ်သာပေးနိုင်ပြီး လူချင်းမတွေ့ရကြောင်း သိရှိရပါသည်။


ကိုမြင့်လွင်ဦး (ခ) သားကြီး ကို (၂၆)ရက်နေ့ က ရုံးထုတ်ခဲ့ကြောင်းသိရှိရပါသည်။

ငွေကြာယံ ဆရာတော် (၅) ပါး (ဦးနန္ဓ ၊ ဦးဇာနည်ရ ၊ ဦးအဂ်ဂဓမမ ၊ ဦးအိမ်သရိယ ၊ ဦးလာသက) တို့ကို ပုဒ်မ - ၅၀၅/ခ ၊ ၂၉၅ ၊ ၁၄၃ နဲ့စွဲဆိုထားကြောင်းသိရှိရပါသည်။

ကိုကျော်စွာဌေးကို ပုဒ်မ - (၇)နှင့် ကိုထွန်းထွန်းနိုင်ကို ပုဒ်မ - (၅၀၅) ဖြင့်စွဲဆိုထားပါသည်။

ကိုအောင်မင်းနိုင်ကို ရုံးချိန်းရက်ပေးသေည်လည်း ရုံးမထုတ်သေးကြောင်း သိရှိရပါသည်။

ကိုလှမျိုးနောင်ကိုမူ ပင်မဆောင် ဆေးရုံတွင်ထားရှိထားသော်လည်း၊ ဆေးကုသမှုမှာ ညံ့ဖြင်းလွန်းကြောင်းသိရှိရပါသည်။

(၂၆) ရက်နေ့က ရှေ့နေချုပ်များ၊ တရားသူကြီးများ အစည်းအဝေးလုပ်ပြီး၊
ဖမ်းဆီးထားသူတော်တော်များများအား ရုံးမထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။

ပြည်တွင်းသတင်းတိုထွာ (၂)။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး နှင့် ကိုဌေးကြွယ်တို့ မှ မိမိတို့ ကို ထိန်းသိမ်းထားသည်မှာ (၄)လ နှင့် (၈)ရက် (ရက်ပေါင်း ၁၃၀) ရှိပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဥပဒေ အရ ရက်ပေါင်း (၉၀) အတွင်း တရားစွဲဆိုရမည်ထက် ပိုမိုကျော်လွန်လာနေပြီဖြစ်ကြောင်း။ ထို့ အတွက်ကြောင့် မိမိတို့ ကို တရားမစွဲဆိုပါက မိမိတို့ ၏ မိသားစုများမှ န.အ.ဖ ကို ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်သည်။ မိမိတို့ ကို တရားစွဲဆိုမည်ဆိုပါက - ပြည်သူလူထု ရှေ့  မှောက်တွင် စစ်မှန်သော တရားနည်းလမ်းကျစွာဖြင့် စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ စစ်အုပ်စုနအဖ၏ ထုံးစံအတိုင်း မမြင်ကွယ်ရာတွင် ဆုံးဖြတ်ချက်ချပါက မိမိတို့ အနေဖြင့် မည်သည်ကိုမှ လုံးဝ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းပြောဆိုကြောင်းသိရှိရပါသည်။

ပြည်တွင်းသတင်းတိုထွာ (၃)။

သီးသန့်ဆောင် နှင့် ပင်မဆောင် မှ နိုင်ငံရေးအကျဉ်းသားအားလုံးများအား ရေချိုးချိန်မှလွဲလျှင် အပြင်ထွက်(အဆောင်ပြင်) ခွင့်မရကြောင်း၊ ထင်ပေါ်သည့် ကျောင်းသားခေါင်းဆောင်များမှအပ ဖမ်းဆီးခံနေရသော ကျန်လူငယ်အများစုအား စစ်ကြောရေးစခန်းများတွင် ရိုက်နှိုက်ညှင်းပန်းမှုများရှိနေကြောင်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */