Saturday, January 19, 2008

ဘလော့များကို တိုက်ခိုက်တဲ့နေရာမှာ နအဖအနေနဲ့  အတော့်ကို ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တိုက်ခိုက်တာ ပေါ်လွင်ထင်ရှား။


နစ်နေမန်းဘလော့ကို တိုက်ခိုက်ခြင်း။

စက်တင်ဘာလတုန်းက ရွှေဝါရောင်တော်လှန်ရေးလို့  ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းသံဃာတွေနဲ့  ကျောင်းသားပြည်သူတွေရဲ့  လူထုချီတက်လမ်းလျှောက်ပွဲမတိုင်မီက မြန်မာဘလော့စုစုပေါင်း (၂၀၀၀) ခန့် ရှိခဲ့ပြီး၊ အများစုဟာ ကိုယ်စိတ်ပါဝင်စားတဲ့ ၀ါသနာပါရာ အကြောင်းအရာများ၊ ကိုယ်ရဲ့  ကိုယ်ရေးကိုယ်တာ ကိစ္စများနဲ့ ဆက်စပ်သော အကြောင်းအရာများကို ဦးစားပေး ရေးသားတင်ပြကြတဲ့ ဘလော့တွေဖြစ်ကြပါတယ်။

သြဂုတ်လအကုန်ကနေ စက်တင်ဘာလရောက်တော့ နှစ်ပေါင်းများစွာ ကြုံတွေ့ ခံစားလာနေခဲ့ရတဲ့ အထွေထွေအကြပ်အတည်းကို အခြေခံပြီး၊ လတ်တစ်လောကြုံတွေ့ ရတဲ့ လောင်စာဆီ ဈေးနှုန်းမြင့်မားမှုပေါ် ထောက်ပြပြီး လူထုချီတက်ပွဲတွေဖြစ်လာတဲ့အချိန်မှာ ဒီလှုပ်ရှားမှုတွေကို စက္ကန့် ပိုင်း မိနစ်ပိုင်းအတွင်းမှာ သတင်းစာသား၊ ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့  အလျင်အမြန် တင်ပြလာနိုင်တဲ့အခါမှာတော့ နအဖအာဏာရှင်နဲ့  ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေသာမက တစ်ကမ္ဘာလုံးကို သိစေမြင်စေ ကြားစေတွေ့ စေတဲ့ အခြေအနေဖြစ်ပေါ်လာပြီး၊ အားလုံးက မြန်မာပြည်အရေးကို အထူးအာရုံစိုက်စေတဲ့အထိ ဖြစ်ပေါ်လာစေခဲ့တာကြောင့် ဘလော့တွေရဲ့  အရေးပါမှုနဲ့  ဘလော့ဂါတွေရဲ့  နေ့ မအိပ်ညမအိပ် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တာ အဓိကဆိုတာ ငြင်းမရပါဘူး။



ဒါကို အထိတ်တလန့် နဲ့  ဂရုစိုက်မိသွားတဲ့ နအဖဟာ ဒီအတိုင်း ပါးစပ်ကနေ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အလွယ်တစ်ကူ အထင်သေးစွာနဲ့  ပြောခဲ့တဲ့စကားအပေါ် လက်တွေ့ မှာ လုပ်ရတော့မဲ့ အနေအထားရောက်လာခဲ့ပါတယ်။ လက်တွေ လုပ်တဲ့နေရာမှာတော့ ၀န်ထမ်းတွေထဲက စိတ်ချရတဲ့ သူတို့ ရဲ့  ဘက်တော်သားတွေကို ဘလော့သင်တန်းတွေ အမြန်ပေးပြီး နအဖအလိုကျဘလော့တွေလုပ်ခိုင်းပြီး နအဖရဲ့ အာဘော်တွေနဲ့ ရေးခိုင်းတာတွေ၊ ဒီမိုကရေစီတိုက်ပွဲဝင်ဘလော့ဂါတွေကို တိုက်ခိုက်ပြီ တန်ပြန်ရေးခိုင်းတာတွေ၊ ဒီမိုကရေစီဘက်တော်သားယောင်ယောင်နဲ့  ပုံမှားရိုက်ပြီး ဟိုဘက်လိုလို ဒီဘက်လိုလိုနဲ့  ဘလော့ဂါတွေကြားထဲမှာ ထင်ယောင်ထင်မှားဖြစ်အောင် သွေးခွဲဖန်တီးတာတွေ လုပ်လာကြပါတယ်။

စီဘောက်များမှာ ၀င်ရောက်ရေးသား ဆဲဆိုခြင်းများ၊ မလိုလားအပ်သော စကားလုံးအများအပြားဖြင့် စီဘောက်နေရာပြည့်အောင် ရေးသားခြင်းများ၊ နာမည်ပုံမှားရိုက်ပြီး မသင့်တော်တဲ့စကားတွေပြောပြီး အများက အထင်လွဲအောင်လုပ်ခြင်းများပြုလုပ်လာပါတယ်။

ဒီလို စီဘောက်တွေမှာ အနှောင့်အယှက်ပေးခြင်းများကို ဘလော့ဂါ့ပြည်သူများအနေနဲ့  အတတ်နိုင်ဆုံး ပြန်လည်မတုန့် ပြန်ဘဲ သည်းခံလို့ ဘဲဖြစ်ဖြစ်၊ အပြိုင်လိုက်ပြီး မရိုင်းစိုင်းချင်ကြလို့ ဘဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အားအားယားယား အဖျက်လိုက်လုပ်နေသူတွေ အတွက် မသုံးချင်လို့ ဘဲဖြစ်ဖြစ်၊ အဖျက်လုပ်သူတွေရဲ့  ပျက်စေလိုတဲ့ရည်ရွယ်ချက်ကို သဘောပေါက်နားလည်းလို့  သူတို့ ဖန်တီးတဲ့အကွက်ထဲမ၀င်အောင် ရှောင်လွှဲလို့ ဘဲဖြစ်ဖြစ် မကောင်းတဲ့အရေးအသားတွေကို ဖျက်ပြစ်ကြတာများပါတယ်။

နောက်တော့ ဒီလိုလုပ်တဲ့နည်းကနေ နောက်တစ်ဆင့်တိုးလာတာတွေ့ ရပါတယ်။ ဒါကတော့ ဘလော့တွေကို ပြည်တွင်းက ကြည့်မရအောင် လုပ်လာတာပါဘဲ။ ပထမအဆင့်အနေနဲ့  ထင်ပေါ်ကျောှ်ကြားနေတဲ့ ဘလော့တွေကို ပိတ် (Ban) လုပ်တာပါ။ စက်တင်ဘာလအတွင်းကဆိုလျှင် နစ်နေမန်းဘလော့အပါအ၀င် ဘလော့အချို့ ကို ပိတ်ခဲ့ပါတယ်။

ဒီနည်းနဲ့ မရတော့ ဘာထပ်လုပ်လည်းဆိုရရင် အင်တာနက်တွေကို speed နှေးချပြစ်တာတို့ ၊ အင်တာနက်သုံးချိန်ကို ပိတ်ပစ်တာတို့ လုပ်လာပါတယ်။

နောက်ပြီး အင်တာနက်ကဖေးတွေမှာ သုံးရင် မှတ်ပုံတင်ပြရတာတို့ ၊ ကိုယ်ရေးအချက်အလက်တွေတောင်းတာတို့ ၊ သုံးစွဲနေတဲ့ ၀က်ဆိုဒ်တွေကို မှတ်တမ်းတွေ ဖိုင်တွေကို မှတ်တာတို့ ၊ သုံးစွနေတဲ့ ကွန်ပျူတာမျက်နှာပြင်ကို မှတ်ထားတာတို့ တွေ လုပ်လာပါတယ်။

အခုနောက်ဆုံးကတော့ ဘလော့တွေရဲ့  အဓိကနေရာကျတယ်လို့ ထင်တဲ့ www.blogger.com ကို ပိတ်တာပါဘဲ။ အင်တာနက်သုံးစွဲခဈေးနှုန်းတွေမြှင့်မယ်ဆိုပြီးတော့လည်း ပြောဆိုနေသံတွေ ရှိလာပါတယ်။

တစ်ဖက်မှာလည်း ဂျီမေးလ်တွေကို ဘလော့တွေကို ခိုးဝင်ကြည့် (hack) ဖို့ လုပ်တာပါ။ ဟက်လုပ်လို့ ရပြီဆိုရင် ဘလော့ပါအကြောင်းအရာတွေကို အခြားအကြောင်းအရာတွေနဲ့ ပြောင်းပစ်လိုက်ပါတယ်။ ဘလော့လိပ်စာတွေကို အခြားသော ညစ်ညမ်းဝက်ဆိုဒ်လိပ်စာများ၊ စီးပွားရေးကြော်ညာ ၀က်ဆိုဒ်များနဲ့ အစားထိုးခြင်း (Redirect) ပြုလုပ်ကြပါတယ်။ အခုတစ်လောမှာလည်း ဘလော့တွေကို လိုက်ဖျက်ဆီးနေပါတယ်။

ဒီအပြင် ဒီလိုလုံးလုံးလျားလျား ဟက်လုပ်မရတဲ့ ဘလော့များကိုတော့ ဆင်တူဆင်မှားနဲ့  မူလဘလော့လိပ်စာနောက်မှာ အပိုလိပ်စာထည့်တဲ့နည်းကို ကျင့်သုံးလာပါတယ်။ ဒါကို နစ်နေမန်းဘလော့ကိုပါ ဒီလိုလုပ်လာတာတွေ့ ရပါတယ်။

နစ်နေမန်းအနေနဲ့  နအဖဘက်တော်သားများရဲ့  ဘလော့တွေမှာ သွားရောက်နှောင့်ယှက်တာ မလုပ်ပါဖူး။ သူတို့  စီဘောက်ထဲမှာလည်း တစ်ခွန်းတစ်လေတောင် ၀င်မရေးပါဖူး။ သူတို့ ရေးချင်တာရေးပါ ပြောပါ၊ ဖတ်ကြည့်တဲ့ ပြည်သူတွေက မှန်၏ မမှန်၏၊ ရေးသားမှုအဆင့်အတန်းရှိ မရှိကို ဆုံးဖြတ်ပါလိမ့်မယ်။ ယခုခောတ်ပြည်သူတွေက အမှန်အမှားကို ဝေဖန်စဉ်းစား သုံးသပ်တတ်တဲ့ အရည်အသွေးတွေ တောက်ပြောင်နေကြပါတယ်။

အများသိကြတဲ့ နအဖဘက်တော်သားတစ်ဦး (သို့ ) နာမည်တစ်ခုခံ ဘက်တော်သားအုပ်စုက နစ်နေမန်းကို ဘယ်လိုတိုက်လိုက်လာလည်းဆိုတာ ဒီလို သိသိသာသာကြီး မြင်တွေ့ ရပါတယ်။

ဘယ်လိုတိုက်ခိုက်လာလည်းဆိုတော့ နစ်နေမန်းရဲ့ ဘလော့လိပ်စာဖြစ်တဲ့ http://niknayman.blogspot.com နောက်ကနေ အပိုလိပ်စာတစ်ခုဖန်တီးပြီး ထပ်ထည့်ပါတယ်။ ဒီဖန်တီးလုပ်ကြံတဲ့ ဘလော့အသစ်လိပ်စာနာမည်ကိုပါ This is myanmar NLD stupid sucking blog ဆိုပြီး ပေးထားပါတယ်။ နအဖဘက်တော်သား လုပ်ကြံဖန်တီးတိုက်ခိုက်တဲ့ ဘလော့လိပ်စာအသစ်က ဖွင့်လိုက်ရင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံတွေ ဗီဒီယိုအပိုင်းအစတွေဖေါ်ပြထားတဲ့ ၀က်ဆိုဒ်ကို redirect လင့်ခ်လုပ်ထားတာပါ။

(အမျိုးသမီးများကို ဒီ နအဖဘက်တော်သားတွေကတိုက်ခိုက်တဲ့ ဘလော့လိပ်စာကို မဖွင့်ကြည့်ဖို့  အထူးမေတ္တာရပ်ခံအပ်ပါတယ်။ မတော်မရော်ပုံများ ပါရှိနေလို့ ပါ။ နအဖတို့ ရဲ့ တိုက်ခိုက်မှုအား ခိုင်ခိုင်မာမာ သက်သေပြရန်အတွက် မူလအတိုင်း ပြန်လည်ဖေါ်ပြရတာ ဖြစ်ပါတယ်)။



ဒီလို နစ်နေမန်းဘလော့လိပ်စာကို လုပ်ကြံပြီးတဲ့အခါမှာတော့ မြန်မာအမျိုးသမီးတွေရဲ့  ဘလော့တွေက စီဘောက်တွေထဲမှာ ဒီလိပ်စာအသစ်ကို လိုက်ထည့်ပြီးဖေါ်ပြတာပါဘဲ။ ဒီလိုလိုက်ထည့်တဲ့နေရာမှာ admin ဆိုပြီး ဘလော့ပိုင်ရှင်ကဘဲထည့်သလိုလိုနဲ့  ဖေါ်ပြတာပါ။ နစ်နေမန်းကဘဲ ဘလော့လိပ်စာအသစ်ပြောင်းလိုက်သလိုနဲ့  ပုံမှားရိုက်တာပါ။



နစ်နေမန်းလိပ်စာအတုနဲ့  ဖန်တီးလုပ်ကြံပြီး စီဘောက်တွေမှာ လိုက်ရေးတဲ့ admin ဆိုတာကို စစ်ဆေးကြည့်လိုက်တော့ ဒီလိုဖမ်းမိပါတယ်။ သူကတော့ admin (စွေစောင်းလို့  လူသိများတဲ့သူ) ဆိုတာ သိရပါတယ်။ သုံးထားတဲ့ IP ကို အတုလုပ်သုံးထားပေမယ့် admin က ဘာလည်းဆိုတာက အထင်ရှားကြီး ပေါ်လွင်သွားပါတယ်။



နစ်နေမန်းရဲ့ ဘလော့ကို လုပ်ကြံတိုက်ခိုက်ရာမှာ နအဖဘက်တော်သားတွေအနေနဲ့  အခုလို မူလလိပ်စာနောက်ကနေ အပိုလိပ်စာ ဘယ်လိုထည့် လုပ်ကြံသလည်းဆိုရင်၊ ပြင်သစ်ဘာသာနဲ့ ရေးထားတဲ့  စီးပွားရေးလုပ်ငန်းဘလော့တစ်ခုကနေ အဖွဲ့ ဝင်အဖြစ်ဝင်ရောက်ပြီး အောက်ဖေါ်ပြပါ ကွက်လပ်ထဲမှာ မူလလိပ်စာကို ရိုက်ထည့်လိုက်တာပါ။ အဲ့ဒီ ပြင်သစ်ဘာသာနဲ့ ရေးထားတဲ့ ၀က်ဆိုဒ်ကိုလည်း ဖမ်းမိရရှိထားပြီးဖြစ်ပါတယ်။



စက်တင်ဘာလအတွင်းကနေ ယခုအချိန်အထိ ၀က်ဆိုဒ်များ၊ ဖိုရမ်များ၊ ဘလော့များ၊ အီးမေးလ်များကို ခိုးကြောင်ခိုးဝှက်နဲ့  အောက်တန်းကျစွာတိုက်ခိုက်နေကြတဲ့ နအဖများ၊ လက်ပါးစေဘက်တော်သားများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိရှိရအောင် ဖေါ်ထုတ်ပြသွားမှာဖြစ်ပါတယ်။ သက်သေအထောက်အထားတွေနဲ့  ဖမ်းဆီးပြီး နိုင်ငံတကာဆိုင်ရာ အင်တာနက်သုံးစွဲမှုဥပဒေများ၊ ကိုယ်ရေးကိုယ်တာမှတ်တမ်း လုံခြုံမှုထိန်းသိမ်းကာကွယ်ရေး ဥပဒေများ၊ အခြေခံလူ့ အခွင့်အရေးဆိုင်ရာဥပဒေများနဲ့  ဆက်စပ်ပြီး လိုအပ်သလို ဆောင်ရွက်သွားမှာပါ။

ဒီလို အနှောင်အယှက်ပြုမှု၊ ဖျက်လို့ ဖျက်ဆီးလုပ်မှုဟာ တကယ်ဆိုရင် နအဖအနေဲ့  အရည်အချင်းပြည့်ပြည့်နဲ့  မှန်မှန်ကန်ကန်နဲ့  ယှဉ်ပြိုင်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အဆင့်အတန်းနိမ့်ကျစွာ၊ ပညာမဲ့စွာ၊ အတွေးအခေါ် နိမ့်ကျစွာနဲ့  သိက္ခာတရားမရှိတဲ့ လုပ်ရပ်တွေနဲ့  လုပ်နေကြတာတွေ့ ရပါတယ်။ ဒီအတွက် နအဖနဲ့  လက်ပါးစေဘက်တော်သားတွေကို စိန်ခေါ်တာကတော့ တကယ်အစွမ်းအစရှိရင် ကိုယ်ရေးချင်တဲ့ဟာတွေကို ကိုယ်ရဲ့ ကိုယ်ပိုင်ဘလော့တွေမှာ ရေးပြီးတော့သာ ယှဉ်ပြိုင်ပါလို့ ။ ခိုးကြောင်ခိုးဝှက်နဲ့  သူများဘလော့တွေဖျက်တာ၊ အီးမေးလ်တွေထဲ ဟက်လုပ်တာတို့ မလုပ်ဘဲ အဆင့်အတန်းရှိရှိ ပြိုင်ပါလို့ ။ မီဒီယာကို မီဒီယာနဲ့  တိုက်မယ်ဆိုတဲ့ စကားအတိုင်း မီဒီယာလိုင်းပေါ်ကနေ သိက္ခာရှိရှိ သတ္တိရှိရှိနဲ့  ဗြောင်တိုက်ပါလို့ ။ ဒီလိုမှာ မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်နဲ့  ဖျက်လို့ ဖျက်ဆီးတိုက်နေရင်တော့ ယှဉ်ပြိုင်တာမဟုတ်တော့ဘဲ မနိုင်လို့  ဒီလိုနည်းတွေနဲ့ လုပ်နေတာလို့ ဘဲ သတ်မှတ်လိုက်ပါမယ်။

စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီးခါစနဲ့  နောက်ပိုင်းမှာ ပြည်တွင်းအခြေအနေသတင်းတွေ၊ သုံးသပ်ချက်တွေ၊ ဆောင်းပါးတွေ၊ လှုပ်ရှားမှုတွေကို အထူးစိတ်ပါဝင်စားစွာနဲ့ ရေးသားလာကြတဲ့ မျိုးချစ်ပြည်သူတွေရဲ့  ဘလော့တွေ အတော်များများ ပေါ်ပေါက်လာကြတာ၊ မြန်မာပြည်ဆိုင်ရာ ပြည်တွင်းပြည်သတင်းတွေကိုသာ သီးသန့် ဦးစားပေး ဖေါ်ပြလာကြတဲ့ဘလော့တွေ ပိုမိုပေါ်ပေါက်လာကြတာတွေ့ ရတော့ နစ်နေမန်းတို့ အနေနဲ့  အထူးဝမ်းသာရသလို ပြည်သူတွေအတွက် စေတနာပါစွာနဲ့  လုပ်ကိုင်လာကြတာတွေ့ ရလို့  ဂုဏ်ယူလေးစားရပါတယ်။ ပြည်သူတွေအတွက် အင်အားတွေ နစ်နေမန်းတို့ အတွက် လက်တွဲဖေါ်မိတ်ဆွေတွေ တိုးပွားလာတာကို ကျေနပ်ပီတိဖြစ်ရပါတယ်။ တစ်ဘက်ကလည်း အထက်ကဖေါ်ပြခဲ့သလို နအဖဘက်က အောက်တန်းကျစွာနဲ့  ယုတ်မာသောနည်းလမ်းများနဲ့  တိုက်ခိုက်လာကြတာတွေကိုလည်း အထူးသတိထားကြပြီး၊ မျိုးချစ်ပြည်သူ့ ဘလော့ဂါတွေ အချင်းချင်း ယိုင်းပင်းကူညီကြပြီး တော်လှန်ရေးသတိရှိရှိနဲ့  ကာကွယ်ဖို့  အသိပေးနှိုးဆော်လိုက်ရပါတယ်။

(နစ်နေမန်း)။

 
/* EOT ----------------------------------------- */