Friday, January 18, 2008

ကြောက်ဖား ရက်ဖားများ မဖြစ်ကြစေချင်။







မြန်မာပြည်ရဲ့  အာဏာရှင်ဆန့် ကျင်တော်လှန်ရေးက ခောတ်အဆက်ဆက်ကတည်းက ပျောက်ကွယ်သွားတယ်ဆိုတာ မရှိပါဖူး။ ၁၉၆၂ ခုနှစ် ဇူလိုင် (ရ) ရက်အရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်နဲ့  အလုပ်သမား လယ်သမားအရေးအခင်းတွေ အဆက်မပြတ်ဆိုသလို ပေါ်ပေါက်နေခဲ့ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး ပြည်သူတွေ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးကလည်း သမိုင်းတွင်စေခဲ့တယ်။ မကြာခင်က ကမ္ဘာတစ်ဝှမ်းကနေ အာရုံစိုက်ခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကလည်း မြန်မာပြည်သူတွေ ရင်ထဲမှာ စွဲစွဲမြဲမြဲနဲ့  ရှိနေကြပါပြီ။ ဘယ်လိုအချိန်အခါရောက်ရောက် ဘယ်လိုအခြေအနေရောက် မေ့ပျောက်မှာ မဟုတ်ပါဖူး။




မကြာခင်မှာလည်း မတရားမှုတွေကို မမှန်ကန်မှုတွေကို ဆန့် ကျင်တော်လှန်ကြမှာတွေ ဆက်လက်ပေါ်ပေါက်နေဦးမှာ ကျိန်းသေပါဘဲ။ ဒီအတွက် ပန်ကြားချင်တာကတော့ အရင်ကရော အခုရော နအဖလို အာဏာရူးတွေနဲ့  အဆင်ပြေပြေ ပေါင်းသင်းနေပြီး၊ ကိုယ်အကျိုးစီးပွားကိုဘဲ ကြည့်နေကြသူတွေ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ပြည်သူက ဒဏ်ခတ်ခံရတဲ့အခြေအနေမျိုး မကြုံရဖို့ အတွက်၊ ကိုယ်တင်မက သားသမီးမြေးမြစ် ဆွေစဉ်မျိုးဆက် နာမည်ပျက်နဲ့  ပြည်သူအကြားမှာ မျက်နှာမပြရဲလောက်အောင် ဖြစ်ရမယ့်အရေးကို အရှည်မျှော်တွေးပြီး ပြင်သင့်တာတွေ အမြန်ပြင်ကြဖို့ ဘဲ လိုပါတယ်။ ဒါကလည်း အကြံပြုသတိပေးတာပါဘဲ။ အားလုံးဟာ မိမိရဲ့ သမိုင်းကို မိမိဖာသာရေးမှာပါ။ အချိန်မလွန်ခင် အမှန်တရားဘက်ကနေ ရဲရဲဝန့် ဝန့် ရပ်တည်ကြဖို့ လိုပါတယ်။ လူသေတာ တစ်ဘ၀ပါ။ နာမည်သေတာ ဘ၀အဆက်ဆက်ပါ။ အခြားတမျိုးနဲ့ ပြောရရင် လူသေတာ ကိုယ်တစ်ယောက်ထဲပါ။ နာမည်သေတာ ကိုယ်တင်မက ဆွေစဉ်မျိုးဆက်တစ်လျှောက်လုံးရဲ့ ဘ၀တွေ ရှင်ရက်နဲ့  နာမည်သေကြတာပါ။ လူသားအားလုံး အမှန်တရားကို မြတ်နိုးကြသူများ ဖြစ်ကြပါစေ။

(နစ်နေမန်း)။

 
/* EOT ----------------------------------------- */