Wednesday, August 29, 2007

စစ်တွေတွင် ရဟန်းသံဃာတော်များ ဆန္ဒပြမှုဖြစ်ပွား

ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေနေ့လည် ၂ နာရီခန့်က စတင်ပြီး ရဟန်းသံဃာတော် အပါး ၂၀၀ ခန့်က ကုန်ဈေးနုန်းကြီးမြှင့်လာမှူကိုဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြပွဲတရပ်ကို ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရဟန်းတော် တပါးက “ဦးဇင်းတို့ စုစုပေါင်း သံဃာ အပါး ၂၀၀ လောက်က ဓည၀တီအားက စားကွင်း အထူးတန်း ပွဲကြည့်စင် မှာ စုဆုံပြီးတော့ နေ့လည် ၂နာရီနန့် ၁၅ မိနစ်မှာ စတင်ပြီး မေယုလမ်း အတိုင်း ချီတက်ကြပြီး အဲဒီလမ်းက တဆင့် မင်းဗာကြီးလမ်းအတိုင်း ချီတက်ကြပါတယ်။ မင်းဗာကြီး လမ်းကတဆင့် စစ်တွေ လမ်းမကြီးကို ချီတက်ပြီးလမ်းမကြီးကတဆင့်လောကာနန္ဒာစေတီတော် ရောက်ပြီးလူစု ခွဲလိုက်ကြပါတယ်။ ဦးဇင်းတို့ကတော့တပည့်တကာတွေ ဒုက္ခရောက်တာကိုကြည့်မနေနိုင်ဘူး။ ဒါကြောင့် တ ပည့် တကာတွေအတွက် ဆန္ဒပြရတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

မျက်မြင် တဦးက “ဦးဇင်းတွေက အများကြီးပါဘဲ။ စစ်တွေက အရေးကြီးတဲ့ လမ်းတလျောက်ကို ချီတက်ဆန္ဒ ပြကြတာပါ။ ကုန်ဈေးနုန်းကျဆင်းရေး တခုတည်းကိုဘဲ ဦးဇင်းတွေ ကြွေးကြော်ပြီး ဆန္ဒပြကြတာပါ။ အရပ် သားတွေ ကျောင်းသားတွေနဲ့ မရောနှောပါဘူး။ လူတွေကလမ်းဘေးကနေကြည့်ရှု့ အားပေးကြပါတယ်။ နေ့ လည် ၃ နာရီလောက်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။

ယခုအခါစစ်တွေမြို့အခြေနေမှာအေးဆေးငြိမ်သက်နေသော်လည်းတခုခုပြဿနာ ပေါ်ပေါက်မည့်အနေအထား မျိုးကဲ့သို့ဖြစ်နေကြောင်း အဆိုပါမျက်မြင်ကပြောသည်။စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားများအားလည်း နေ့ လည် ၃ နာရီမှ စတင်ပြီး ကျောင်းမှ ပြန်လွတ်လိုက်ပြီး တက္ကသိုလ်ကျောင်းကို ပိတ်ထားမည့် အနေအထားသို့ ရောက်ရှိ နေကြာင်း သတင်းရရှိသည်။

ယနေ့ နေ့လည်၃ နာရီခန့်က ဒေသဆိုင်ရာကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင် ပြည်နယ်သံ ဃာ့ကောင်စီ ဥက္ကဌ ဆရာတော်ကြီး အပါအ၀င် ပြည်နယ် ၀န်ဆောင် ဆရာတော်ကြီးတွေကို ရခိုင်ပြည် နယ်ရုံးသို့ ပင့်ဖိတ်ပြီးအဓိဂရုဏ်းမဖြစ်ပွားရအောင် ဓမ္မစက်ဖြင့် ၀ိုင်းဝန်းထိန်းသိမ်းပါရန် လျောက်ထား ကြောင်း သိရှိရသည်။

နောက်ဆုံးရရှိသော သတင်းအရ ခလ၇ ၂၀ မှ စစ်သား အင်အား ၂၀၀ ခန့်ကို လောကာနန္ဒာစေတီတော်အနီး တ၀ိုက် ဖြန့်ကျက် ချထားလိုက်ပြီး ခမ၇ ၂၃၂ နှင့် ၃၄၄ တို့အား စစ်တွေမြို့ရှိ အရေးကြီးသော နေရာများတွင် ယနေနေ့ညနေက စပြီး ဖြန့်ကြက် ချထားလိုက်ကြောင်း သတင်းရရှိသည်။

 
/* EOT ----------------------------------------- */