Thursday, August 23, 2007

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကျေညာချက်

၈၈ မျိုးဆက်ကျောင်းသားဆက် ကျောင်းခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများ ဖမ်းဆီးခြင်းနှင့် ပါတ်သက်၍ သဘောထား ကြေငြာချက်
၂၂ ရက်၊ သြဂုတ်လ ၊ ၂၀၀၇ ခုနှစ်


ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး နှင့်နိုင်ငံသား အခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍
၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး
၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ် တွင် အခြေခံရေး၊
၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊ဟူသော အခြေခံမူ ၃ ရပ်ပေါ် တွင်ရပ်တည်ဆောင်ရွက်ခဲ့ သည်။
ယခု ၂၁ ရက်၊ သြဂုတ်လ၊၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမို ကရေစီရေး ကြိုးပမ်းနေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက် ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှု အပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသား များ မှ အပြင်း အထန်ကန့်ကွက် ရှုံ့ချသည်။
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာ နိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသော စီးပွားရေး နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံးဖြေရှင်းပေးရန် နအဖ စစ် အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံရှိ ရဟန်းရှင်လူမိဘပြည်သူ အပေါင်းနှင့် မျိုးဆက် ကျောင်းသား အပေါင်းကလည်း မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးကျိုးပမ်းမှု အပေါ်တွင်ထက် သန် ညီညာစွာ ကျွန်ုပ်တို့နှင့် အတူရပ်တည်ဆောင်ရွက်ကြဖို့ ပန်ကြားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
( မှတ်ချက် တယ်လီဖုန်းဖြင့် လက်ခံရရှိထားခြင်းဖြစ်ပါသည်။ )

 
/* EOT ----------------------------------------- */