စွမ်းအားရှင်ဆိုသူများသည် ပြည်သူထဲမှ ပြည်သူများ ဖြစ်၍ ဆင်းရဲ ကြပ်တည်းမှုကို အရှိတရားကိုအရှိတရားအတိုင်း လက်ခံပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့်  ပြည်သူများ၏ လှုပ်ရှားမှုအပေါ် နားလည်စာနာပေးရန် မေတ္တာရပ်ခံ ပန်ကြား လိုက်သည်။
၂၃.၈.၂၀၀၇ ရက်စွဲဖြင့် ထုတ်ပြန်သည့် ၈၈ မျိုးဆက် ကျောင်းသားများ ( ပြည်သူ့ ဆက်ဆံရေး ကော်မတီ) ၏ပန်ကြားချက် တွင် ၎င်းတို့ အနေဖြင့် အဖမ်းဆီးခံ ကျောင်းသား ခေါင်း ဆောင် များ ပြန်လွှတ်ရေး နှင့် ပြည်သူ့ တွက် ဆက် လက် ဆောင်ရွက်ရမည့် လုပ်ငန်း များကို လုပ်ဆောင်သွားမည်ဟု ဖော်ပြခဲ့ပြီး အာ ဏာ ရ ရှိ ရေး အတွက် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲများဖြင့် ဆူပူအောင် လုပ်ဆောင်နေသူများ မဟုတ်ဟု ဆိုသည်။
နိုင်ငံအနှံ့ ရဟန်းရှင်လူ ပြည်သူအပေါင်း လက်တွေ့ခံစားနေရသည့် အထွေထွေ စားဝတ်နေရေး အ ကြပ် အ တည်း နှင့် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဒဏ်ကို စစ်အစိုးရအနေဖြင့် ဖြေရှင်းပေးရန် ပြည်သူ့အခွင့်အရေးနှင့်အညီ ပြည်သူနှင့်လက်တွဲကာ ဒီမိုကရေစီနည်းကျကျ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
စွမ်းအားရှင်ဆိုသူများသည်လည်း ပြည်သူတို့ ခံစားနေရသည့် အကြပ်အတည်းမှ ကင်းလွတ်ခွင့် ရ ကြသူများမဟုတ်ကြ၍ လူထုလှုပ်ရှားမှုအပေါ် စစ်အစိုးရအလိုကျ ဟန့်တားနှောင့်ယှက်ခြင်း၊ အင်အားသုံး အကြမ်းဖက်ခြိမ်းခြောက်ခြင်းများသည် ပြည်သူ့ ဘဝနှင့် ကင်းကွာသော လုပ်ရပ်ဟု နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
စစ်အစိုးရအလိုကျ တနိုင်ငံတည်းသား အချင်းချင်းအပေါ် ရန်သူသဖွယ် ပြုမူနေခြင်းသည် ဝမ်း နည်း စရာ ကောင်းလှပြီး ပြည်သူလူထုအတွင်း အုပ်စုကွဲ ပဋိပက္ခများ ပေါ်လာပါကလည်း တိုင်းပြည်အတွက် အန္တရာယ်များလှသောကြောင့် ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုအပေါ် နားလည်စာနာပေးကြပါရန် ၈၈ မျိုးဆက် ကျောင်းသားများ(ပြည်သူ့ဆက်ဆံရေးကော်မတီ) က တိုက်တွန်းလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားများ(ပြည်သူ့ဆက်ဆံရေးကော်မတီ)