Thursday, August 23, 2007

ပြည်သူ့ လှုပ်ရှားမှု စကြမည်။

၂၀၀၇ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လည်(၁)နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

(က) နေ့လည် (၁)နာရီ တိတိတွင် လူထုလှုပ်ရှားမှုအခမ်းအနား စတင်ကြောင်းကြေညာခြင်း၊

(ခ ) နိုင်ငံတော်အလံအား အလေးပြုခြင်း၊

(ဂ) ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊

(ဃ)ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အသက်ပေးသွားသူများကို (၁)မိနစ် ငြိမ်သက် ဦးညွှတ်ခြင်း၊

(င) ပြည်သူ့အချစ်တော် သရုပ်ဆောင်ဒါရိုက်တာ တစ်ဦးမှ လွမ်းရေးထက်ဝမ်းရေးခက်၊ ၀မ်းရေးထက် ပြည်ထဲရေးခက် ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)

(စ) ၀ါရင့် သတင်းစာဆရာဟောင်းတစ်ဦး မှ မြန်မာနိုင်ငံ. ဈေးကွက်စီးပွားရေးအရှုပ်တော်ပုံဇာတ်လမ်းစုံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)

(ဆ) ရဟန်းတော်တစ်ပါး မှ အူမတောင့်ခြင်းနှင့်သီလစောင့်ခြင်း ခေါင်းစဉ်ဖြင့် ဟောကြားခြင်း၊ (၁၀-မိနစ်)

(ဇ ) အိမ်ရှင်မတစ်ဦး၏ ကူးစက်မြန် ကုန်ဈေးနှုန်းတုပ်ကွေး ဗိုင်းရပ်စ်ပိုး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ဈ ) ကျောင်းသားလူငယ်တစ်ဦး မှ မတူညီသောမုန့်ဖိုးများ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ည) တက်ရောက်လာသော ပြည်သူလူထုထဲမှ ရင်ဖွင့်လိုသူ(၃)ဦး. ဟောပြောချက်များ၊ (၁၀-မိနစ်စီ)

အထူးအစီအစဉ်

အထူးဖိတ်ကြားထားသူ (၃)ဦး. ဟောပြာချက်များ၊( မိနစ်-၂၀ စီ)၊ အခမ်းအနားကို ကမ္ဘာမကြေသီချင်း သံပြိုင် ဆို၍ ရုပ်သိမ်းမည်၊

၃။ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုကြီးအနေဖြင့် အကျီင်္အဖြူရောင်များ ၀တ်ဆင်လာ ကြပါ ရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။

 
/* EOT ----------------------------------------- */