ပြည်သူ့ဆန္ဒ ပြည်သူ့ဘ၀ကို
ဖြည့်ဆည်းမယ်ဆို......
အပြောလေးနဲ့တော့ ရောထွေးမနေနဲ့ပေါ.....
ပြည်သူ့ဒုက္ခ ပြည်သူ့အလှကို
အတ္တ မင်အိုးနဲ့ အရောင်မဆိုးနဲ့
အာဏာတန်ခိုး လက်ကိုင်သုံးလို့
အတိဒုက္ခ အမှောင်ဖုံးအောင်
ဥာဏ်စုံသုံးကာ မာန်ချိုးပြမယ်
ဘုရားမသိ တရားမရှိ
ဝဋ်လည်ခြင်းလဲ မင်းတို့မသိ
အကြမ်းပတမ်းစိတ်နဲ့ အရမ်းအရမ်းမပစ်နဲ့
မင်းတို့သတ်နေတာ ရဟန်းရှင်လူအပြစ်မဲ့ပြည်သူကွ
အာဏာကုန်သုံးလို့ သာသနာဘုံပြုန်းရင်
လူလုံးလှနိုင်ပါအုံးမလား..............အိုစစ်သား
ပြည်သူ့အရေး အမှန်အကန်အတွေးနဲ့
ကြံဆောင်ပေးဖို့ ၀န်မလေးခဲ့ရင်
ပြည်သူချစ်တဲ့ ပြည်သူ့မင်းအဖြစ်
ရာဇ၀င်မော်ကွန်း တင်ကျန်ရစ်မယ်
ဒါပေမယ့်လဲ...........
သမိုင်းတစ်ခေတ်ထဲ သွေးစွန်းကျန်ရစ်မဲ့
အရိုင်းအစိုင်းစိတ်နဲ့ အတ္တတောထဲ
မျောကာနေဆဲပဲ.......
ပလီပလာအသုံးနဲ့ လီဆယ်ကာပြုံးဆဲ
လူတကာအမုန်းကို သူဖယ်ကာရုန်းဆဲ
အရာရာရှုံးလို့ အမှောင်ကမ္ဘာမှာ
နစ်မွန်းခဲ့ရင် ရင်ဆိုင်ကာ တွန်းဖို့
ခွန်အားထုများ ပြန်လည်ကာ စဉ်းစားပါဦးလား။
ရေးသီဖွဲ့ သူ - CH .