ပြည်ထောင်စုမြန်မာနိုင်ငံ ဂိုဏ်းပေါင်းစုံသံဃံတော်အပေါင်းတို့ ဘုရား။ ဆရာတော်သံဃံတော်များဦးဆောင်သော ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခြင်းသည် ဗုဒ္ဓရဲ့ ၀ိနည်းတော်နှင့် လျော်ညီပါသည်ဘုရား၊
ပြည်ထောင်စုတိုင်းရင်းသားအားလုံး သံဃာတော်များလည်းအမြဲတမ်း ထောက်ခံလျက်ရှိနေပါသည်ဘုရား၊ နောက်မဆုတ်ပဲ ဆက်လက်ဆောင်ရွက်တော်မူပါဘုရား၊
လက်ရှိကာလ တပ်တွင်းတွင်အချင်းချင်းသဘောထား ကွဲနေပြီးဖြစ်ပါသဖြင့် အလယ်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုက တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ်သန်းရွှေမဟုတ်ပါ။ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချုပ် အောင်ဆန်း သာ ဖြစ်သည်ဟု(၂၅-၉-၂၀၀၇) ရက်နေ့ တွင်။ ထုတ်ဖေါ်ပြောကြားခဲ့ပြီးဖြစ်သည်၊
ထိုအတွက်ကြောင့် သန်းရွှေပေးတဲ့အမိန့် ကို မလိုက်နာရန်တပ်မတော်သားများအား ပန်ကြားခဲ့ပြီး ဖြစ်ပါသည် ဘုရား၊
ကရင်ပြည်နယ် ကျုံဒိုးမြို့ တွင် ဆရာတော်သံဃာတော် ၁၀၃၇ ပါးနှင့် ပြည်သူ ၈၀၀၀ ကျော်။ ကျိက်ဒုံဒေသတွင် ဆရာတော် သံဃာတော် ၅၇၈ ပါးနှင့်ပြည်သူ ၁၀၀၀ ကျော်။ ဖါးပြတွင် ဆရာတော်သံဃာတော် ၇၅၈ ပါးနှင့် ပြည်သူ ၁၀၀၀ ကျော်တို့ သည်လည်း ထောက်ခံဆန္ဒြပလျက် ရှိနေပါသည်ဘုရား၊
မြန်မာပြည်ဂိုဏ်းကြီး ၉ ဂိုဏ်းလည်း ခွဲခြားမှုမရှိဘဲ တညီတညွတ် ဆန္ဒအဓိပဓိ ။ ၀ိရိယအဓိပဓိ ။ စိတ္တအဓိပဓိ ။ ၀ီမံသအဓိပဓိ တရားလေးပါးနှင့်ပြည့်စုံပါက အောင်ပွဲမြင် ဘို့  စိတ်ချပါသည်ဘုရား၊
အမှန်တရားမှ အောင်ပွဲသို့ 
အရှင်ဝိဇာန (ဖူးသောခါး ရမ္ဘို)
.