Saturday, October 27, 2007

အဖေထက် သားတစ်လကြီး။

နအဖခေါင်းဆောင်သန်းရွှေရဲ့ သားမက် တေဇရဲ့ သား ထက်တေဇဆိုတဲ့ ချာတိတ်ဟာ မိမိကိုကိုယ် ဘ၀င်လေ ဟပ်ပြီး အဆင့်မရှိတဲ့  စကားတွေပြောတာကြားရတော့၊ ပျက်စီးနေတာတွေတွေ့ ရတော့ အာဏာရူး စီးပွား ရေး လောဘသမားတွေရဲ့  သားသမီးအသိုင်းအ၀ိုင်းကလို့ မပြောရဘူး၊ မိမိတင်မက တစ်ဆွေတစ်မျိုးလုံးရဲ့ မ ကောင်းတဲ့ဂုဏ်ယုတ်ကိုပါ ဖေါ် ပြနေတဲ့ မသူတော်ဖြစ်နေလေရဲ့ ။
အာဏာရူးသန်းရွှေရဲ့  ကိုယ့်အမျိုးကိုယ်သာချစ်တဲ့ မျိုးချစ်စိတ်ယုတ်နဲ့  သမီး ကိုပါပေးထားလို့  တော်နေရတဲ့  သူ ခိုး သမက် ကြီး တေဇတစ်ယောက် တိုင်းပြည်ရဲ့  သယံဇာတတွေကို ဘုန်းချင်သလို ဘုန်းပြီး၊ တိုင်းပြည်တစ်ခု လုံး မွဲပြာကျနေပေမဲ့ သူသာလျှင် အချမ်းသာဆုံး လုပ်နေတဲ့ မသမာသောစီးပွားရေး လုပ်ငန်းတွေကြောင့် ရနေ တဲ့ ပိုက်ဆံငွေတွေကို သားဖြစ်သူ ထက်တေဇက အဖေကသူခိုး သားကလူဆိုး ဆိုတာလို ပျက်စီးချင်တိုင်းပျက် စီး နေတာကို တွေ့ ရလေရဲ့ ။

ထက်တေဇဟာ သူ့ ရဲ့ အဖေ တေဇက ရိုးရိုးသားသား သမာအာဇီဝနဲ့ များရှာလို့  ချမ်းသာကြွယ်ဝတယ်များထင် နေလားမသိ။ ဒါမှမဟုတ် အဖေလိုဘဲ စာရိတ္တပျက်ပြားဖို့  အတွက် အပျော်ကြီးဖို့ ဘဲ သိတဲ့ လေလွင့်ပျက်စီးသူ လူငယ်တစ်ယောက်အဖြစ် အဖေဘုန်းရသမျှ ငွေတွေကို သုံးဖြုန်းနေလေရဲ့ ။

ဒီလို လေလွင့်လူငယ်တစ်ယောက်၊ မိမိကိုယ်ကို ဘာကောင်မှန်းမသိတဲ့သူ တစ်ယောက်ကဖြုတ်ဦးနှောက် လောက် လေးနဲ့  ဆင်ခြင်စဉ်းစားဥာဏ်မရှိဘဲ ရဟန်းပြည်သူတွေ မိမိတို့ ရဲ့  ဆန္ဒအစစ်အမှန်ကို ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက် ဖေါ်ထုတ်ပြသာတာကိုဘဲ သူ့ အနေနဲ့ က အရူးတွေလုပ်တာလို့ ထင်ကြောင်းရေးထား တာက တော့ သူရဲ့ မျိုးယုတ်ဂုဏ်ကို ထိန်းသိမ်းပြလိုက်တာ ဖြစ်လေရဲ့ ။

တိုင်းပြည်ကို လက်နက်နဲ့ အုပ်ချူပ်နေတဲ့ လူသတ်သမား သန်းရွှေနဲ့  တိုင်းပြည်ရဲ့  သယံဇာတမှန်သမျှကို သိမ်း ကြုံးခိုးယူပြီး မသမာစီးပွားရေးလုပ်ငန်းတွေလုပ်နေတဲ့ လောဘသမားတေဇရဲ့ တို့ ရဲ့  မျိုးစဉ်ဆက်လေး တစ် ယောက်က အနူပါးစပ်နဲ့  လူတတ်လုပ်ပြီး ရဟန်းပြည်သူကို ထပ်စော်ကားပြလိုက်လေရဲ့ ။

တိုင်းပြည်ရဲ့  GDP ပေါ်မှာ သုံးဖြန်းနေကြောင်း၊ တိုင်းပြည်ပိုင် ကျွန်းသစ်တွေ ရတနာတွေ သဘာဝဓါတ်ငွေ့ တွေကို စင်ကာပူ၊ တရုတ်နဲ့  ရုရှတို့ ကို ရောင်းတုတ်နေကြောင်းကို ထုတ်ဖေါ် ရေးသားပြနေတော့ လူကြီး မိဘတွေ ညာသမျှ ရှေ့ ကဖုံးသမျှ သားမိုက်ငတုံးက နောက်ကဖေါ်ဆိုတာလိုလုပ်နေလေရဲ့ ၊ ၀န်ခံပြနေလေရဲ့ ။

ဒီလို ရူးတူး မူးမိုက်နေတဲ့ ထက်တေဇနဲ့ သူ့ အကို ပိုင်ဖြိုးတေဇတို့ ဟာ အချောင်ဝင်လို့  ရနေတဲ့  စင်ကာ ပူလိုနိုင်ငံမှာ သွားရောက်ပြီး ပျက်စီးချင်တိုင်းပျက်စီးနေတာဟာ နအဖပြောနေတဲ့ တစ်မျိုးသားလုံး အကျင့် စာရိတ္တ မြင့်မားရေးဆိုတာဟာနဲ့  လွဲနေပါလား။ တကယ်တမ်း ကြတော့ သူတို့  နအဖမိသားစုအသိုင်းအ၀ိုင်း တစ်မျိုးလုံး အကျင့်စာရိတ္တပျက်ပြားနေတာကို အဖတ်ဆယ်မရတော့တာမို့  ဖြစ်သင့်တာကတော့ “နအဖတစ်မျိုးလုံး အကျင့်စာရိတ္တမြင့်မားရေး”ပါ။ ပြည်သူတွေက အကျင့်စာရိတ္တမပျက်ကြပါဖူး။ ဘုရားကို ဘုရားမှန်းသိပါတယ်။ တရားကို တရားမှန်းသိပါတယ်။ သံဃာကို သံဃာမှန်းသိပါတယ်။ သမာအာဇီဝကို သိကြ ပါတယ်။ (၅) ပါးသီးလ ကို သိကြပါတယ်။ ဒါတွေကို မသိကြဘဲ ဖောက်ပြန်နေတဲ့  အကျင့်စာရိတ္တမှာ ဆိုးသွမ်း သောင်း ကျန်းနေသူ တွေကတော့ ထက်တေဇ တို့ လို လူမမယ်ချာတိတ်ကနေ တေဇ သန်းရွှေလို လူကြီးသူခိုး တွေ အထိပါတဲ့ နအဖ အသိုင်း အ၀ိုင်း တစ်ခုလုံးဖြစ်လေရဲ့ ။

နောက်ထပ်ထက်တေဇ ပြောထားတာကတော့ မကောင်းတဲ့မိန်းကလေးတွေနဲ့ သူတို့ ပျော်ပါးနေကြောင်းကိုဝန် ခံဖေါ်ပြထားတော့ တိုင်းပြည်ထဲကို ရောဂါဆိုးတွေ သယ်လာသူတွေဟာ သူတို့ ဘဲဖြစ်ကြောင်း သိသာစေလေ ရဲ့ ။

သနားစရာကောင်းတာကတော့ အဲယားပုဂံကြီး ပိတ်လိုက်ရတာကို သူ့ ခမျာ အပျော်အပါးမက်ပြီး မသိလိုက်ရှာ ဘူးထင်ပါရဲ့ ။ တော်ကြာ အရေးအကြောင်းဆိုရင် ပြေးစရာမြေမရှိ သွားစရာနေရာမရှိဘဲ လမ်းပေါ်လွင့်ပြီး (လမ်းပေါ်ကခွေးတောင် မျက်စိနောက်ပြီးကိုက်မှဖြင့်) ရောက်နေရင်ဖြင့် စင်ကာပူက မြန်မာပြည်သူတွေရဲ့  ၀ိုင်း သမခံနေရဦးမယ်။

သတိပေးချင်တာကတော့ ထက်တေဇလို လူမလေးခွေးမခန့် ကောင်လေးမပြောနဲ့  သူ့ ရဲ့ အမျိုးအာဏာရူးသန်း ရွှေနဲ့  လောဘသမားတေဇတို့ လည်း ကမ္ဘာပြည်သူ မြန်မာပြည်သူတွေရဲ့  ဒဏ်ခတ်ခြင်းကို ခံရမှာမို့  အစွယ် အပွားလေးတွေလည်း ပုန်းစရာနေရာရှိမှာ မဟုတ်ဖူးဆိုတာပါ။ သိပ်ပြီးတော့ လေလုံးထွားပြီး အသံကောင်း ဟစ်ပြီးမနေဖို့ နဲ့ ။ လူကြီးတွေအလှည့်မရောက်သေးဘဲ ကိုယ်အလှည့်အရင်ဖြစ်သွားဦးမယ်။ ရဟန်း ပြည်သူတွေကို မစော်ကားဘဲ ပါးစပ်ပိတ်ပြီး ကိုယ့်ဖာသာ တိတ်တိတ် အပျော်မက်နေချင် မက်နေပါလို့ ။ ။

သောက်စားပျော်ပါးကာ ပျက်စီးနေသော နအဖအသိုင်းအ၀ိုင်းမှ ထက်တေဇ။






 
/* EOT ----------------------------------------- */