Tuesday, October 23, 2007

ကြေငြာချက်(၁) - မဟာမိတ်ပြည်သူ့တပ်ပေါင်းစု


သံဃာ့သွေး မြေကျခဲ့လေပြီ။ သမိုင်းခေတ်အဆက်ဆက်၌ သွေးမစွန်းခဲ့သော သံဃာ့သွေးတို့သည် ဘုရားနယ်မြေ၊ ဘုန်းကြီးကျောင်းပရ၀ုဏ် ကဲ့သို့သော သာသနာ့နယ်မြေ အတွင်း၌ပင်လျှင် စစ်ဘီလူးတို့၏ မိစ္ဆာတပ်ဖွဲ့များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သွေးစွန်းခဲ့ရလေပြီ။ စစ်ဘီလူးတို့သည် ၄င်းတို့၏ အာဏာတည်မြဲရေး အတွက် ကမ္ဘာ့သမိုင်း အစဉ်အလာ အကြီးမားဆုံးနှင့် ရှေးအကျဆုံး ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာ၏ ရေရှည်တည်တံ့ရေးကို အကြံပက်စက်စွာ ဖျက်လိုဖျက်ဆီးလုပ်နေကြပြီ။ ဗမာလူမျိုးတို့သည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ထိန်းသိမ်း ကာကွယ်ခဲ့သည်မှာ သမိုင်းခေတ် အဆက်ဆက်မှ ယနေ့တိုင်ပင် ဖြစ်သည်။ သာသနာဖျက်ဆီးသူ မှန်သမျှ ကိုလည်း လက်တွဲ ညီညီဖြင့် စုပေါင်းတွန်းလှန်၍ အောင်ပွဲရသည်အထိ စွမ်းဆောင်ခဲ့ကြ သည်မှာလည်း အထင် အရှား ပင်ဖြစ်သည်။

ယခုအခါတွင် ကျွန်ုပ်တို့သည် သာသနာ ရေရှည်တည်တံ့ရေး အတွက် ဆိုးဝါးသော ဖျက်ဆီးမှုများကို ကြုံတွေ့နေရပြီ ဖြစ်သည်။ ကျွန်ုပ်တို့ ပြည်သူပြည်သားများက စုပေါင်း၍ မတွန်းလှန်နိုင်ခဲ့လျှင် ကျွန်ုပ်တို့နိုင်ငံ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်သည်အထိ အဖြစ်ဆိုးများကို ကြုံတွေ့ရနိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့နိုင်ငံအတွင်း၌ သာသနာဖျက်ဆီးသူတို့၏ အန္တရာယ်ကို အမြစ်ပြတ် တွန်းလှန်ချေမှုန်း နိုင်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် သာသနာအပေါ်၌ တာဝန်မကျေသူ၊ သာသနာကို သစ္စာဖေါက်ဖျက်သူ၊ သာသနာ့ရန်သူများကို ရှင်သန်ခွင့်ပေးသူ များအဖြစ် သာသနာ့သမိုင်း တရားခံများ ဖြစ်သွားကြပေလိမ့်မည်။ အသက်သွေးချွေး စတေးခံကာ ပေးဆပ်ခဲ့ရသော ရဟန်းရှင်လူတို့၏ စွန့်လွှတ်အနစ်နာခံမှု များကို ပြက်ရယ်ပြုသူ များ ဖြစ်သွား ကြပေလိမ့်မည်။

သမိုင်းအစဉ်အလာ ကြီးမားခဲ့သော ကျွန်ုပ်တို့၏ မလွှဲမသွေ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်များထဲတွင် အပါအ၀င်ဖြစ်ပေသည်။ သာသနာတော် ဖျက်ဆီးသူများကို တွန်းလှန်ရာတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်ကြရမည်ဖြစ် သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သာသနာဖျက် စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်း၍ သာသနာကို ဆက်လက်ထိန်းသိမ်းကာ ကမ္ဘာတွင် မြန်မာ့သတ္တိကို လေးစားစံထားရသည် အထိ ကိုယ်ကျိုးမငဲ့ကွက်ပဲ စုပေါင်း၍ တွန်းလှန်ရန်လိုအပ်ပေသည်။ သာသနာဖျက်တွေ ကျဆုံးစေရမည်။ ၄င်းကို ပံ့ပိုးပေးနေသော ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၊ အစိုးရများ အားလုံးကိုလည်း သာသနာကို ကာကွယ်သောအားဖြင့် ဆန့်ကျင်တွန်းလှန်ရပေမည်။ သာသနာ အတွက် သွေးစည်းချိန်တန်ပြီ။ ဗမာ့သွေး ရဲတယ် ဆိုတာကို စစ်ဘီလူးတွေကို ပြဖို့ လိုအပ်လာပြီ ဖြစ်သည်။ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးချိန်မို့ သွေးစည်းကြစို့။

မဟာမိတ်ပြည်သူ့တပ်ပေါင်းစု။

၂၀၀၇၊ အောက်တိုဘာ(၂၂)ရက်။

 
/* EOT ----------------------------------------- */