Monday, October 29, 2007

အကိုကြီးတော့ အဖအရာ။ အကြီးကောင်က အဖေထက် သားနှစ်လကြီးတယ်။

တေဇသားတွေကတော့ အငယ်ကတစ်မျိုး အကြီးကတစ်ဖုံနဲ့ ဆိုသလို မိဘရဲ့ ဂုဏ်ယုတ်တွေကို ထုတ်ဖေါ်ပြလေ ရဲ့ ။ အဖေကသန်းရှွှေ သမက်ဆိုတော့ သူတို့ လည်း မိုးကျရွှေကိုယ်လေးတွေလိုဘဲ အခွင့်ထူးတွေခံစားပြီး ထင် ရာစိုင်းနေကြတာ။ မြန်မာပြည်တွင်းမှာ ဥပဒေမဲ့လုပ်ချင်ရာလုပ်နေကြတဲ့ ကိုယ်ကျိုး ရှာစီးပွားရေးသမားကြီး အဖေတေဇမျက်နှာနဲ့ ပြည်တွင်းနဲ့ ပြည်ပကို ခေါက်တုန့်  ခေါက်ပြန်သွားပြီး ဖြုန်း တီးနေကြတာ။


တကယ်တော့ သူတို့ သုံးဖြုန်းနေတဲ့ငွေတွေဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို အဓမ္မအေးဓါးမြတိုက်ပြီး၊ တစ် ကိုယ်တော်မောင်ပိုင်စီးပြီးသိမ်းကျူံးဘုန်းထားတဲ့ငွေတွေဘဲ။ တိုင်းသူပြည်သားတွေမှာတော့ ငတ်ပြတ်ဆင်းရဲနေ ပြီးနုံခြာစုတ်ပြတ်နေသလောက်သူတို့  တစ်တွေကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အရွယ်နဲ့ မမျှအောင် သောက်စားမူးယစ်ပြီး ပျော်ပါးသုံးဖြုန်းနေကြတာ။ သူတို့  အဖေဘုန်းရသမျှ၊ အခွင့်ထူးခံလို့ ရသမျှ ငွေတွေဟာ တိုင်းသူပြည်သားတွေရဲ့ ဂုတ်သွေးကို စုပ်ပြီး၊ တိုင်းပြညိရဲ့  သဘာဝသယံဇာတတွေကို ပိုင်ဆိုင်ခွင့် မရှိဘဲလိုချင်သလိုယူ ပြည်ပကို ရောင်းချချင်သလိုရောင်းချပြီး ရလာတာမို့  ပိုင်ဖြိုးတေဇတို့ ညီအစ်ကို အတွက် ကတော့ အရည်အချင်းမရှိဘဲ အဖေသူခိုးကြီးရဲ့  အမွေတွေရနေတာ။ပြည်သူတွေအတွက်ကတော့ တစ်နေ့ လုပ် စာမှန်မှန်ရဖို့ မပြောနဲ့  ထမင်းရည်တောင်ဝယ်သောက်နေရတဲ့ဘ၀၊ ကျန်းမာရေးအတွက်ဆေးဝါးမပြောနဲ့  ဘာ ရောဂါခံစားရမှန်းတောင်မသိရလောက်အောင်ကျန်းမားရေးအသိတွေမပြည့်ဝရတဲ့ဘ၀၊ ပညာရေး ကိုကျောင်း မှာ သင်ဖို့ မပြောနဲ့  အခြေခံ က ခ တောင် ဘာမှန်းမသိတဲ့ ကလေးတွေဘ၀၊ ၀တ်စရာ အပေါ်အောက် ပြည့် စုံဖို့ မပြောနဲ့  ကိုယ်ပေါ်တင်ရုံလောက်လေး အ၀တ်အစုတ်အပြတ်လေးရှိရုံ ဘ၀နဲ့ နေထိုင် အ သက်ရှင်ဖို့  အနိုင် နိုင်ဖြစ်နေတာ။ ဒီလို တိုင်းပြည်ရဲ့  သယံဇာတတွေသာ တေဇတို့  လက်ထဲမရောက်ဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ကျန်းမာရေး ပညာရေး ဘ၀ဖူလုံရေးတို့ အတွက်သာ အသုံးပြုနိုင်မယ်ဆိုရင် ပြည် သူတွေအတွက် ဘယ်လောက်အကျိုးရှိလိုက်မလည်း။ သန်းရွှေက သမက်ကို ဘုံမြောက်၊ သမက်က သန်း ရွှေကို အာဏာမြဲဖို့ ထောက်ပံ့ပေးနဲ့  အကျိုးစီးပွား အပြန်အလှန်ပြေလည်နေကြတော့ သန်းရွှေရဲ့ မြေးတွေနဲ့  တေဇရဲ့  သားတွေကလည်း လိုင်စင်ရသောင်းကျန်းသူတွေဖြစ်နေပြီး ဥပဒေရဲ့ အပေါ်ဘက်မှ သူတို့ လည်းရှိနေကြလေရဲ့ ။တေဇရဲ့ သားတွေသာ တစ်ချိန်မှာ တိုင်းပြည်ကို အာဏာနဲ့  ကိုယ်ကျိုးရှာစီးပွားရေးအမွေဆက်ခံပြီး အုပ်ချုပ်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ရင်သွေး သားသမီးတွေဘ၀က သူတို့ ရဲ့  ကျွန်အဆင့် ခိုင်းဖတ်ဘ၀ရောက် မှာမပြောနဲ့  မထင်ရင် မထင်သလို ဇီဝန်ချုပ်ခံရမယ့်ဘ၀ရောက်သွားလိမ့်မယ်။တိုင်းပြည်ရဲ့  ပြည်သူပိုင် သယံ ဇာတတွေကို ကိုယ်ကျိုးစီးပွားလုပ်ပြီး မတရားချမ်းသာနေတဲ့ သန်းရွှေတို့  တေဇတို့ ရဲ့ ဘုန်းလို့ ရသမျှငွေတွေနဲ သားသမီး တွေ ဘယ်လိုဖြုန်းတီးပြီး ပျက်စီးနေကြလည်းဆိုတာ၊ ဆင်းရဲငတ်ပြတ်နေတဲ့ ပြည်သူတွေ သိရလေ အောင် ဖေါ်ထုတ်ပြလိုက်ပါတယ်။နအဖခေါင်းဆောင်ကြီးသန်းရွှေရဲ့ အမျိုးအဆွေတွေနဲ့  အခွင့်ထူး ခံလက်တစ် ဆုပ်စာကို ဒီလိုဘဲ အခွင့်အလမ်းဆက်ပေးနေရင်တော့၊ အနာဂတ်မှာကိုယ်ရဲ့ ရင်သွေးတွေသူတို့ လက်အောက် မှာ ဆက်လက်အအုပ်ချုပ်ခံနေရဦးမယ်ဆိုရင်တော့ ဘယ်ဘ၀ရောက်ကုန်မလဲဆိုတာသိကြရင်ဖြင့် မိဘ တွေ အနေနဲ့  ဘာလုပ်သင့်သလဲဆိုတာ သဘောပေါက်ကြမယ်လို့  မျှော်လင့်မိပါတယ်။

တေဇရဲ့ တိုင်းပြည်သယံဇာတတွေကိုဘုန်းရသမျှငွေဖြင့် ၀ယ်ပေးထားသောပိုင်ဖြိုးတေဇအတွက်ကား။


အကိုကြီး အဖအရာဆိုတဲ့ ထက်တေဇရဲ့ အကို ပိုင်ဖြိုးတေဇ။


မိန်းမပျိုများဖြင့် ပျော်ပါးနေသော အဖေတူသား ပိုင်ဖြိုးတေဇ။





သောက်စားရုံသာမကမူးယစ်ဆေးဝါးတွေပါသုံးစွဲကာပျက်စီးနေသော တေဇရဲ့ အဖေတူသားကြီး ပိုင်ဖြိုးတေဇ။


အမူးလွန်ပြီး အိပ်ပျော်တော့မည့် ဆန်ကုန်မြေလေး တေဇအမွေခံလေး ပိုင်ဖြိုးတေဇ။



...

 
/* EOT ----------------------------------------- */