Wednesday, February 13, 2008

ဗိုလ်ချူပ်မွေးနေ့ အတွက် ဘုရားစေတီပုထိုးများတွင် ဆုတောင်းပွဲများပြုလုပ်ပြီး အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုများပြူလုပ်။

ယနေ့ မနက်တွင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးကျေးဇူးရှင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ (၉၃) နှစ်မြောက်မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) နှင့် Freedom Fighter တို့ မှ ရန်ကုန်မြို့ ရှိ ဘုရားပုထိုးစေတီများတွင် ဖယောင်းတိုင်မီးများအား ထွန်းညှိခဲ့ကြပါသည်။

ရန်ကုန်မြို့ ၊ တောင်ဒဂုံမြို့ နယ်ရှိ ဖိုးးလှကြီးဘုရား၊ ဗိုလ်တထောင်မြို့ နယ်ရှိ ဘုရားများ၊ ကျိုက္ကဆံဘုရား၊ ဆူးလေဘုရား၊ ရွှေတိဂုံဘုရားနှင့် မယ်လမုဘုရားတို့ တွင် ဖယောင်းတိုင် ဆီမီးများအား အောက်ပါအတိုင်း ထွန်းညှိခဲ့ကြပါသည်။
















ထို့ အပြင် - စစ်အာဏာရှင်စနစ်ကို ပြည်သူ့ အားနဲ့ ချေမှုန်းကြ - ဟု ရေးသားထားသော ပို့ စကဒ်များလည်း ဝေငှခဲ့ကြပါသည်။








အာဏာရှင်အား ဆန့် ကျင်တိုက်ပွဲဝင်ရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်သောစာများကိုလည်း ထုတ်ဝေဖြန့် ချီကြောင်း သိရှိရပါသည်။

 
/* EOT ----------------------------------------- */