Friday, November 2, 2007

သူက သန်းရွှေမြေး တေဇသား၊ ကျွန်တော်က ကလေးစစ်သား။


သန်းရွှေ၊ တေဇ နဲ့ နအဖဗိုလ်ချူပ်တွေရဲ့ သားသမီးတွေကတော့ အပျော်အပါးအသောက်အစားနဲ့ ကဲချင်သလို ကဲ၊ ဖြုန်းချင်သလိုဖြုန်းနဲ့ ပျက်စီးနေကြတဲ့ လူမိုက်သားရမ်းကားတို့ ရဲ့ ခေတ်ဆိုးအောက်မှာ။

ပြည်သူ့ ရင်သွေးတွေကျတော့ ကြက်ကလေးငှက်ကလေးဖမ်းသလိုဖမ်းပြီး၊ ပြီးရင် အဓမ္မစစ်တပ်ထဲသွင်းမ၀ရေ စာကျွေး၊ မနာခံရင်ထုထောင်း၊ ထွက်ပြေးရင် ပြစ်သတ်၊ မိရင် နှိပ်စက်၊ အလွန်အကျွံ လေ့ကျင့်ခိုင်း၊ လိင်ပိုင်း ဆိုင်ရာအထိတောင် အလုပ်အကျွေးပြုစုခိုင်း၊ အလေးအပင်သယ်ခိုင်း၊ မိုင်းရှင်းလူသားအဖြစ် ရှေ့ ကသွားခိုင်း၊ သေသွားရင် ခွေးသေ၀က်သေလို့ ပြစ်ထားခဲ့နဲ့ ။ ဗိုလ်ချုပ်ကြီးများရဲ့  လူမဆန်တဲ့ အုပ်ချုပ်မှုအောက်မှာ။

ပညာသင်ချင်တဲ့အရွယ်၊ပျော်ရွှင်ကြည်နူးချင်တဲ့အရွယ်၊ဘ၀ရဲ့ စုံလင်တဲ့အကြောင်းတွေကို လေ့လာချင် တဲ့အရွယ်၊ အားအင်ခွန်အားတိုးတက်တဲ့အရွယ်၊ မိဘညီအကိုမောင်နှမတွေနဲ့ နွေးနွေး ထွေးထွေးနေ ချင်တဲ့အရွယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆော့ကစားချင်တဲ့အရွယ် - ဒီအရွယ်ဒီအရွယ်တွေ ရဲ့  ဘ၀ကို ဖျက်ချိုးပြစ်တာ။ သားသမီးချင်း ကိုယ်ချင်းစာတရား လူကျင့်ဝတ်တရားကင်းမဲ့ကြသောသူတို့ ရဲ့ ရှေ့  မှောက်မှာ။

သန်းရွှေတို့ ပြောတယ်..ကလေးစစ်သားမရှိပါဘူးတဲ့၊ ဗြောင်လိမ်ဗြောင်ညာဆိုတာ သူတို့ မှအစစ်။ အသက် အရွယ်မပြည့်သေးတဲ့လူလားမမြောက်သေးတဲ့ ကလေးတွေကို စစ်သားအဖြစ် အတင်းအဓမ္မခိုင်းစေခြင်း ဟာ အနိုင် ကျင့်တာဘဲ။ ဒီလို အနိုင်ကျင့်မှုတွေကို ပြည်သူတွေရဲ့ သားသမီးတွေ လည်စင်းခံနေရတာ။ နအဖ သား သမီးတွေကြတော့ ပြည်ပကိုလွှတ်ကျောင်းကောင်းကောင်းတွေမှာထား၊ စည်းစိမ်ဥစ္စာခိုးရတာတွေနဲ့  ပျော် ပါးပေးထားပြီး တစ်ချိန်ကြရင် လူလူချင်း ဂုတ်ခွပြီး သွေးစုပ်စေမယ့် အမျိုးယုတ်တွေ လက်အောက်မှာ။

မိဘပြည်သူတွေ ကိုယ်တွေ ကိုယ်တိုင်ကိုယ်ကျ နအဖအောက်မှာ မှောက်ခံနေရတာမပြောနဲ့  ကိုယ်ရဲ့ ရင် သွေးတွေပါ အပြစ်မဲ့စွာ ပြားပြားဝပ်နေရမှာကို ဆက်လက်ပြီး အဖြစ်မခံကြရအောင် လက်ရှိသတ်မှတ်ထားတဲ့ မိဘ၀တ္တရား (၅) ပါးထဲမှာ နောက်ထပ်တစ်ပါးထပ်တိုးဖို့ လိုပြီ။ အဲ့ဒါကတော့ “မိမိတို့ ရဲ့ သားသမီးများဘ၀ရှေ့ ရေးအတွက် အာဏာရှင်ရန်အောက် မကျရောက်ရအောင် တွန်းလှန်ကာကွယ်ကြ” ဆိုတာပါ။

မြန်မာပြည်တွင် ကလေးစစ်သားအဖြစ် ခိုင်းစေမှု ကင်းဝေးပါစေ။

 
/* EOT ----------------------------------------- */