Saturday, November 10, 2007

အာဏာရှင်အားတိုက်ပွဲဝင်ခဲ့သော အာဇာနည်တစ်ဦး ဦးမောင်ကို။

သူကွယ်လွန်ချိန်မှာ သူ့ အသက်ဟာ (၅၄)နှစ်သာရှိပါသေးတယ်။ အောက်တိုဘာ ၂၃၊ ၁၉၉၀ခုနှစ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၁၇ ရက်အကြာ ရေကြည်အိုင်ငရဲခန်းမှာ ကျဆုံးခဲ့တယ်။

ဦးမောင်ကိုဟာ ၁၉၈၈ အရေးတော်ပုံအတွင်းမှာ ဆိပ်ကမ်း အလုပ်သမားများသမဂ္ဂ ရဲ့  အထွေထွေအတွင်း ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို ဖမ်းဆီးခံရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူမှုထောက်ကူ ပြုကော်မတီ၊ တနင်္သာရီတိုင်း အဖွဲ့ ဝင်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူပါ။ သူကွယ်လွန်ပြီး မှ သူ့ ရုပ်ကလာပ်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ ခဲ့ကြတယ်။

ဆေးရုံအမှုထမ်းတွေကမှတဆင့် သူ့ မိသားစုတွေ သူ့  ရုပ်အလောင်းကို ကြေကွဲစွာနဲ့  မြင်တွေ့ ခွင့်ရခဲ့ကြတယ်။ "ကိုမောင်ကိုရဲ့  နဖူးကအတွင်းကို ချိုင့်ဝင်နေတယ်။ လည်ပင်းမှာလဲ ဒဏ်ရာတွေရှိတယ်။ သူ့ ခြေသလုံးက တော့ မွစာကြဲနေတယ်။" လို့  အသုဘရှုခွင့်ရတဲ့ သူ့ မိတ်ဆွေတဦးက ပြောပြခဲ့ပါတယ်။

သူကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဗိုလ်စောမောင်က " ကျနော်တို့ မှာညဉ်းပန်း နှိပ်စက်ပြီးစစ်ဆေးတယ် ဆိုတာ မရှိဘူး။ အဲဒီ လူက သူတို့  ဘာလုပ်ခဲ့တယ်။ ဘာအစီအစဉ် တွေရှိတယ် ဆိုတာကို ဝန်ခံသွားပြီး သူ့ ကိုပေး ထား တဲ့ စောင်နဲ့  သူ့ ကိုယ်သူ ဆွဲကြိုးချ သေ သွားတယ်။ ကျနော်တို့ ကြောင့် သေတာ မဟုတ်ပါဘူး။"လို့ လူ သိရှင်ကြား ဗြောင်လိမ်ခဲ့ ပါသေးတယ်။

ဦးမောင်ကိုဟာ ဆိပ်ကမ်းကော်ပိုရေးရှင်းရဲ့ မန်နေဂျာအဖြစ် ၁၉၈၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို အင်္ဂလန်၊ နော်ဝေး၊ ဂျာမဏီ၊ ဆွီဒင် နိုင်ငံများကိုလည်း ပညာတော်သင်အဖြစ် သွားရောက်ခဲ့ဖူးသူမို့  မိမိ တိုင်းပြည်ရဲ့ယိုယွင်းပျက်စီးနေမှုများကို သူ မြင်ခဲ့ပါတယ်။ သူ ချစ်တဲ့တိုင်းပြည်ကို သူ တတ်စွမ်းသရွေ့ ပြုပြင် ပြောင်းလဲနိုင်ဖို့  အသက်ပေးပြီး ကြိုးပမ်းခဲ့သူပါ။

(၁၇) နှစ်ကြာခဲ့ပေမဲ့ ကျနော်တို့  ဦးမောင်ကို ကို သတိရနေမိတယ်။ ဦးမောင်ကိုရေ ၊ ဒီနေ့  နိုဝင်ဘာ ၉ ရက် နေ့  ၂၀၀၇ ခုနှစ် သမိုင်းကို ထပ်မံကဗ္မည်းထိုးပါတယ်။

(ကေမိုး)။
ဦးမောင်ကို (၁၉၉၀ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ တွင် ကွယ်လွန်ကျဆုံးသည်)။

 
/* EOT ----------------------------------------- */