Tuesday, November 27, 2007

ဖြစ်မှဖြစ်ရလေ ၀င်းမြင့်တို့ ရယ်။

အောက်ဖက်မှာ ကြုံ့ ကြုံ့ ရုံ့ ရုံ့ လေးတွေထိုင်နေကြတာတွေ့ ရလို့ ကြည့်မိလိုက်ပါတယ်။ မိဘဆရာဂါဝရပြုပွဲများလား၊ သက်ကြီးရွယ်အိုကန်တော့ပွဲလားလို့ ။

သေသေချာချာကြည့်မှဘဲ လားလား ကျက်သရေတုန်း နအဖ၀န်ကြီးချုပ် သူခိုးကြီးသိန်းစိန်းက စင်ကာပူက ခိုးသားလေးများကို သြ၀ါဒချွေနေတာကိုး။ နအဖအခွန်ရုံးရဲ့ ခေါင်းဆောင် ၀င်းမြင့်က ရှေ့ ဆုံးကနေ ရိုရိုသေသေ လေးလေးစားစား နာယူမှတ်သားနေပါလေရဲ့ ။

မောင်သိန်းစိန် အလေးထားပြီး မှာကြားတဲ့စကားတစ်ခွန်းကတော့ “စင်ကာပူမှာ ရောက်ရှိပြီးအလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိတွေ့ ကူညီစောင့်ရှောက်ကြဖို့ ” ပါတဲ့။ လာပြန်ပြီ နောက်တစ်ယောက် အပြောကတော့ ရွှေမန်း၊ ဟုတ်မှလည်းလုပ်ပါ မောင်ကာလုရယ်။ ကဲ - စင်ကာပူမှာ ရောက်ရှိနေကြသော မျိုးချစ်မြန်မာတို့  စင်ကာပူအခွန်ရုံးက ဘယ်လိုများကူညီစောင့်ရှောက်ကြသလဲဗျို့ ။ သိန်းစိန်တစ်ယောက် သိရအောင် ပြောပြကြပါဦး။ ၀င်းမြင့်တို့ များ အခွန်များရဖို့ အတွက် သူတောင်းစားလိုတစ်မျိုး သူခိုးဒါးမြလိုတစ်ဖုံနဲ့  ပြည်သူတွေဆီက ငွေညှစ်နေကြတာများ။

သိန်းစိန်ရဲ့  ပါးပါး သန်းရွှေသာ လာတွေ့ ရင် ပြားပြားဝပ်နေအောင် မှောက်ပြီး ရှိခိုးကြမည့်အမျိုးတွေဘဲ။ သန်းရွှေက ဖနောင့်နဲ့ ထပေါက်ရင်တောင် ခေါင်းစင်းခံ လည်စင်းခံမယ့် ပုံတွေဘဲ။ လွတ်လပ်တဲ့နိုင်ငံတွေမှာ ၀န်ကြီးချုပ်ဆိုတာ ပြည်သူ့ က ခိုင်းထားတဲ့ ပြည်သူ့ ဝန်ထမ်းဘဲ။ ၀န်ကြီးချုပ်ကို ရိုးရိုးလေ လက်ဆွဲနှုတ်ဆက်ပြီး စကားပြောလို့ ရကြတယ်။ ပြည်သူက ပြောတာကို ၀န်ကြီးချုပ်က လေးလေးစားစား ပြန်နားထောင်ရပါတယ်။

အခုကြတော့ ဘုန်းကြီးတွေကိုသတ် ဘုရားတရားကိုစော်ကားနေကြတဲ့ ဒိဌိသိန်းစိန်ကို ဒီလို အရိုအသေပေးနေတာ တွေ့ ရတော့ ဖြစ်မှဖြစ်ရလေ ၀င်းမြင့်နဲ့ နောက်လိုက်တွေရယ်လို့ ။ ကလေးတွေကလည်း မေးနေတယ် - ဒီလူဆိုးကြီးကို ဘာလို့ ထိုင်ရှိခိုးနေကြတာလည်းလို့ ဟင်တဲ့။

 
/* EOT ----------------------------------------- */