မဖြူဖြူသင်း၏ ဖခင်ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုများနှင့်တစ်ကွ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။
မဖြူဖြူသင်း၏ ကိုယ်ကျိုးစွန့် လွတ်မှုနှင့်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ခိုင်မာရဲရင့်စွာဖြင့် ဆက်လက်တိုက်ပွဲဝင်နေမှုအပေါ် ချီးကျူးလေးစားရပါသည်။
မဖြူဖြူသင်း၏ဖခင်အား ဘ၀နောက်ဆုံးခရီးအချိန်အထိ လိုက်လံနှောင့်ယှက်မှုပြုလုပ်သော နအဖအုပ်စု၏ လူသားချင်းမစာနာသည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
တရားမျှတမှုနှင့် လူ့ အခွင့်အရေးရရှိရေးအတွက် ဆောင်ရွက်နေကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ မိဘဆွေမျိုးသားချင်းများအား လိုက်လံနှောက်ယှက်မှု၊ ထွက်ပြေးတိမ်းနေရသူများအား လက်ရဖမ်းဆီးရရှိရေးအတွက် ၄င်းတို့ ဆွေမျိုးသားချင်းတို့ အား တန်ဆာခံများသဖွယ် ဖမ်းဆီးအကျပ်ကိုင်မှုတို့ ကို ချက်ချင်း ရပ်တန်းမှရပ်ရန် နအဖအား တောင်းဆိုလိုက်သည်။
ထိုသို့  မသက်ဆိုင်သည့် မိဘဆွေမျိုးသားချင်းများအား လိုက်လံနှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်းတို့ ကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက နအဖအုပ်စု၏ မိဘဆွေမျိုးသားချင်းများလည်း ထပ်တူထပ်မျှခံစားရနိုင်မည် ဖြစ်ကြောင်း အထူးသတိပေးအပ်ပါသည်။
(http://burmese.dvb.no/news.php?id=2872)
Sunday, November 18, 2007
အထူးကြေကွဲဝမ်းနည်းရပါကြောင်း။
Posted by Ko Niknayman at 8:04 PM