ဦးတေဇ ရှင့် -
အဲပုဂံကြီး နားသွားပြီဆို တော့ အမေရိကန် စီးပွားရေးပိတ်ဆို့ မှု ဆိုတာ ဘာလည်း ဆိုတာကိုတော့ သဘော ပေါက်စ ပြုလာပြီပေါ့။
မြန်မာပြည်သူတွေဟာ ရှင်တို့ ကြောင့် ဒုက္ဒရောက်လှပြီဆိုတာ ရှင်တို့ စဉ်းစားမိပါရဲ့လား။ အခု ခင်ဗျားတို့ တွေ့  ရတဲ့ဒုက္ဒက အစပဲရှိသေးတယ်နော်။ မကြာခင် ဒီထက်ပိုတဲ့ ဒဏ်ခတ်မူတွေလာတော့ယ်ဆိုတာ တွေးမိပါရဲ့ လား။ ဦးတေဇ က စီးပွားရေးပိတ်ဆို့ မှုကြောင့် ရှင်တို့ မထိဘူး။ အလုပ်သမား ပေါင်း ထောင်ကျော်ပဲထိ တယ်လို့ ရှင်ပြောတယ်။ ဦးတေဇ ရယ်။ ရှင် ဒီလောက်ချမ်းသာနေတာ ကျမတို့ သိတယ်။ ရှင့် ပိုက်ဆံတွေ ထဲက အလုပ်သမားတွေကို ထမင်းကျွေးလိုက်ပါလား။ ရှင်သုံးဖြုံးခဲ့တဲ့ ဟာတွေ အားလုံး ပေါင်းလိုက်ရင်တောင် ဒီ အလုပ်သမားတွေ ကို တနှစ်စာလောက် ထမင်းကျွေးနိင်ပါတယ်။
ပြောရရင် -
၁။ နိင်ငံကျော်အဆိုတော် မြန်မာ ပြည် သိန်းတန် ရဲ့ သမီး ဖြိုးသီတာသိန်းတန် ကို စင်္ကာ ပူ အော်ချပ် လမ်းမှာ ရှိတဲ့ တာကာ ရှီမားယား ကုန်တိုက် က အကျီတထည် ( ဒေါ်လာ ၃ ထောင်တန်) အတွက် ကုန်ခဲ့တဲ့ငွေ။
၂။ ထက်ထက်မိုးဦး ကို စိန်နားကပ် အကြီး တရံ ၀ယ်ပေးခဲ့တဲ့ ငွေ။ ( နစ်ခုပေါင်း ၅ ကာရက်ခန့် ရှိတယ်။)
၃။ ၂၀၀၁ ခုနစ် နွေရာသီမှာ ဦးတေဇ အမေရိကား လပ်စ်ဗေးကပ်စ် ကို ရောက်တုံးက ကာစီနို မှာ ဦးတေဇ စိုးမြတ်သူဇာကိုပေးခဲ့တဲ့ငွေတွေ။
၎။ ရန်ကုန် သမတ ရုပ်ရှင်ရုံ နောက်က သမတ ကွန်ဒိုမှာနေခဲ့တဲ့ မော်ဒယ်လ် မလေး ( မူစလင်မလေး ) အ တွက် ကုန်ခဲ့ ရတဲ့ငွေတွေ ( ဥရောပ၊ စင်္ကာ ပူ ၊ ဘန်ကောက် တွေကို ကောင်မလေးကို အခေါက်ခေါက် အခါ ခေါ် ပြီး ဈေးဝယ်ခေါ်သွားခဲ့တာတွေ)
၅။ နန္ဒာလှိုင် အတွက် ရှင် ကုန်ကျခဲ့ရတဲ့ငွေတွေ။
၆။ ဌာနပေါင်းစုံက ၀န်ကြီး ၊ ညွန်ကြားရေးမူးချုပ်တွေရဲ့ သားသမီးမှန်သမျှ ကို အလုပ်ခန့် တယ်။ ဥပမာ ရွေမန်း ရဲ့သား။ လျှပ်စစ်ဝန်ကြီး - ဗိုလ်ချုပ်မောင်မောင်ရဲ့သား ၊ သစ်တော်ညွန်ကြားရေးမူးချုပ်ရဲ့သား စတဲ့သားသမီး ပေါင်း စုံကို ခန် ခဲ့တယ်။ အရည်အချင်းမရှိပဲ လခ အများ ကြီး ရှင်ပေးခဲ့တဲ့ လို့ ကုန်ခဲ့တဲ့ငွေတွေ။
- စသဖြင့် စသဖြင့်  ဦးတေဇာ ဘ၀ ကြီး ပျော်ဖို့ ပါးဖို့ ကုန်ကျခဲ့တဲ့ ငွေတွေလေ။
ဒါတွေကို ရှင်သနား လှပါတယ်ဆိုတဲ့ အလုပ်သမားတွေအတွက် သူတို့ မိန်းမတွေနဲ့  ကလေးတွေအတွက် ရှင် ဘယ်နှစ်ခါ သုံးခဲ့ ဘူး ပါသလား။
အလုပ်သမားတွေ ပြည်သူတွေ ထိခိုက်တယ်ဆိုရင် ရှင် ပိုင်ပစ္စည်းတွေ ကို ရောင်းချ ပြီး ကျွေးလိုက်ပါလားရှင်။
ရှင် က တပ်ချုပ်ကြီး သားမက်မဟုတ် ပါဘူးလို့ ငြင်းတယ်။
ဒါပေမဲ့ ၂၀၀၆ ခုနစ် တပ်မတော်နေ့  အခန်းအနား မတိုင်ခင် ၁ ပတ်အလို လောက်မှာတပ်ချုပ်သမီး နဲ့  ရှင်တို့  နှစ်ယောက်ထဲ လေယဉ် နဲ ရန်ကုန် က နေပျဉ်းမနားကို သွားခဲ့တယ်။ လေယဉ် ပျံမှာ တပ်ချုပ်ကြီး သမီးနဲ့  ရှင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျမတို့  ၀န်ထမ်း တွေ အားလုံးသိတယ်နော်။ ၀န်ထမ်းတွေ ဟာ လူတွေပါ။ လူ တွေဖြစ်တော့ မြင်တယ်။ ကြားတယ်။ ပြောတယ်ပေါ့။ ပြသာနာက ရှင် တို့ ဟာ ၀န်ထမ်းတွေကို လူလို့ မထင် တာလေ။
(အတွင်းသိဝန်ထမ်းတစ်ဦးမှ နာမည်နှင့်တစ်ကွ ပြောကြားလာခြင်းဖြစ်သော်လည်း သူမအတွက် လုံခြုံရေးအရ အန္တရာယ်ရှိနိုင်မည် စိုးပါသဖြင့် အမည်အား ချန်လှပ်ထားပါသည်။)