Friday, November 2, 2007

မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်သည့် (၁၉)နှစ်မြောက်နေ့  ထုတ်ပြန်ကြေညာချက်။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)။

၁။ ယနေ့ သည်မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်သည့် (၁၉)နှစ်မြောက်နေ့ ဖြစ်သည်၊ သမိုင်းဝင် အခါသမယ ဒီမိုကရေစီရေးတိုက်ပွဲအတွင်း အသက်၊ သွေး၊ ချွေး ပေးဆပ်မှု မြောက်များစွာဖြင့် စွန်
့ လွှတ် တိုက်ပွဲဝင်ခဲ့ကြသည့် မကဒတ ရဲဘော်များ အပါအ၀င် အာဇာနည်အပေါင်းနှင့် မိမိတို့  ယုံကြည်ချက် အ တွက်ကြံ့ကြံ့ခံ ဆက်လက်တိုက်ပွဲဝင်နေသူများအား မကဒတမှ အလေးအနက် ဦးညွတ်ဂုဏ်ပြုလိုက်သည်။

၂။ မကဒတ ကိုင်စွဲရပ်တည်ထားသော တိုက်ပွဲ သည် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်တိုက်ပွဲ ၀င်ရေးဖြစ်သည်။ ယင်းအခြေခံပေါ်ပေါက်ရခြင်းသည်အုပ်စိုးသူ ဖိနှိပ်သူ စစ်အာဏာရှင်များ ပြ ဌာန်း ချက်ဖြစ်သည်၊ ဒီမိုကရေစီနှင့် အခြေခံလူ့ အခွင့်အရေးများ လုံးဝဆိတ်သုဉ်းနေသည့်အခြေအနေအောက်တွင် လူထုတိုက်ပွဲကို ဘက်ပေါင်းစုံမှ ထောက်ခံပူးပေါင်းရင်း စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲအပါအ၀င် တိုက်ပွဲပေါင်းစုံ ဖြင့် တိုက်ပွဲဝင်ရေးမှာ ပကတိလိုအပ်ချက်ဖြစ်သည်ကို မြန်မာ့နိုင်ငံရေးအခြေအနေ က အခိုင်အ မာ တောင်းဆိုနေသည်။

၃။ လက်ရှိအခြေအနေတွင် စစ်အာဏာရှင်များအနေဖြင့် ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံအား အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ပေါ်လာသော ပြည်တွင်းပြည်ပဖိအားများအား ရှောင်ရှားနိုင်ရန် ၁/၂၀၀၇၊ ၂/၂၀၀၇ နှင့် ၃/၂၀၀၇ အမိန့် များ ထုတ်ပြန်ခဲ့သည်၊ နိုင်ငံရေး ဦးတည်ချက်မှာ လမ်းပြမြေပုံ (၇) ချက်ကိုသာအသေဆုပ်ကိုင် ထားသဖြင့် စစ်တပ်မှ တရားဝင် ဦးဆောင်မှုရရှိရေးကိုသာ အဓမ္မလုပ်ဆောင်နေဆဲ ဖြစ်ခြင်းကြောင့် တတိုင်း ပြည်လုံး အလုံးစုံပျက်သုဉ်းရေးလမ်းရောက်အောင် ဆောင်ရွက်လျက်ရှိသည်။

၎။ လက်ရှိမျက်မှောက်အခြေအနေအောက်တွင် မိမိတို့ မကဒ(ကျောင်းသားတပ်မတော်) အပါအ၀င်တော်လှန် ရေးအဖွဲ့ အစည်းများအနေဖြင့် လူထုတိုက်ပွဲများနှင့်အတူ ထိထိရောက်ရောက်ပူးပေါင်းပါဝင်ရန် လက်တွေ့ လိုအပ်နေသည်။

ထိုသို့ ဖြစ်ရသည်မှာ မိမိတို့ အင်အားစုများအတွင်းရှိ (တစုံလုံးအခြေအနေတွင်) လက်နက်ကိုင် တော်လှန်ရေး ဒီရေ ယာယီနောက်ဆုတ်နေခြင်းနှင့် တိုက်ပွဲပုံစံပေါင်းစုံ ဖွံ့ ဖြိုးအောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

၅။ ထို့ ကြောင့်အထူးပန်ကြားလိုသည်မှာယနေ့ ဖြစ်ပေါ်နေသည့် စစ်အုပ်စုစစ်အာဏာရှင်နှင့် အဖိနှိပ်ခံ ပြည်သူ လူထုကြီး ပဋိပက္ခသည် အမြင့်ဆုံးရေချိန်သို့  ရောက်ရှိနေပြီ ဖြစ်သလို မိမိတို့  တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့ အ စည်းများအနေဖြင့်လည်း စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား တော်လှန်တိုက်ပွဲဝင်သွားကြရန် တိုက် တွန်း နှိုးဆော်လိုက်သည်။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)။
ရက်စွဲ၊ ၊၂၀၀၇ခုနှစ် နိုဝင်ဘာလ (၁)ရက် ။

 
/* EOT ----------------------------------------- */