နစ်နေမန်းဘလော့အား ဒီကနေတစ်ဆင့်ခံပြီး ၀င်ကြည့်နိုင်ပါတယ်။
http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com
Posted by Ko Niknayman at 8:45 PM
ယခုလို နအဖအနေဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူများမှ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်တို့ အား တားဆီးပိတ်ပင်ခြင်းသည် အခြေခံလူ့ အခွင့်အရေးအား အလွန်အကျူးဖေါက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာရှုတ်ချလိုက်သည်။နအဖထင်သကဲ့သို့  ကျွန်ုပ်တို့  ဘလော့များအား ပိတ်လိုက်ခြင်းဖြင့် မြန်မာပြည်ပြည်သူလူထုလှုပ်ရှားမှုဆိုင်ရာ သတင်းများ ရပ်တန့် သွားလိမ့် မည်ဟုလည်းကောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ သဘောထားများအား တင်ပြစရာ မရှိတော့ဟု ထင်ခြင်းသည်လည်းကောင်း လုံးဝမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့ မှ မှန်ကန်စွာ ဖြစ်ပေါ်နေသော ပြည်တွင်းလှုပ်ရှားမှုသတင်းများအား ရသည့်မည်းလမ်းများဖြင့် အင်တာနက်မှဖြစ်စေ အခြားသောနည်းလမ်းများမှဖြစ်စေ ဆက်လက် တင်ပြ သွားမည်ဖြစ်ပါသည်။
Posted by Ko Niknayman at 8:33 PM
Posted by Ko Niknayman at 10:38 PM
Posted by Ko Niknayman at 6:18 AM
ချစ်ခင်ရပါသော မြန်မာပြည်သူပြည်သားများ ခင်ဗျား
လတ်တလောအခြေအနေများနဲ့ပါတ်သက်လို့ အဖိုးတန်မယ့်အကြံလေးတစ်ခုပေးချင်ပါတယ်၊
အခုဆိုရင် အာဇာနည်သံဃာတော်များရဲ့ ဦးဆောင်မှုကြောင့် တစ်တိုင်းပြည်လုံးနီးပါး ပူးပေါင်းပါဝင်လာကြပြီဖြစ်တဲ့ ဒီမိုကရေစီ သပိတ်ပွဲကြီးဟာ အောင်မြင်မှုနဲ့ လက်တလှမ်းအကွာမှာ ရောက်ရှိနေပါပြီ။
ဒီအချိန်မှာ စည်းလုံးညီညွတ်ရေးဟာ အင်မတန်အရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီ၊
ဒီတော့ ၈၈ တုန်းကအခြေအနေကို ပြန်ဆန်းစစ်ပြီးတွေးစရာ ပြင်ဆင်စရာတွေရှိလာပါတယ်။
အဲဒိတုန်းက ကျွန်တော်တို့ပန်းတိုင်ကို ရောက်ရဲ့သားနဲ့ ပွဲအဖျက်ခံခဲ့ရပါတယ်၊
တပ်မတော်သားတွေတောင် အမြင်မှန်ရသွားပြီး ပြည်သူတွေနဲ့စလက်တွဲခဲ့ကြပါတယ်
ဒါကိုအင်မတန် တုန်လှုပ်သွားတဲ့ မဆလ အစိုးရဟာ မျက်လှည့်စပြပါတော့တယ်
စစ်တပ်ကို မဆလ အနေနဲ့ဆက်ထိန်းချုပ်နေရင် တပ်သားတွေအကုန်လုံး ဒေါ်အောင်ဆန်းစုကြည် လက်အောက်ခံတော့မယ် ဆိုတာကိုရိပ်မိတော့ စစ်တပ်ကအာဏာသိမ်းလိုက်ခြင်းအားဖြင့် စစ်သားများကိုနားလှည့်ပါးရိုက်လုပ်ပြီး ပြန်စည်းရုံးခဲ့တာပါဘဲ။
အခုအနေအထားဟာလဲ ၈၈တုန်းကနဲ့တော်တော်လေးဆင်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ အထက်က သွေးခွဲထားတော့ သူတို့ကိုလူတွေမုန်းနေပြီလို့
၁၉ နှစ်လုံးလုံး ယုံကြည်ထားတဲ့ စစ်သားတွေဟာ လူထုနဲ့ပြန်ပေါင်းစည်းဖို့ နောက်တွန့်သိမ်ငယ်နေကြပါပြီ။
မြန်မာ့နိုင်ငံရေး တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ သား သုံး သား ပေါင်းလုပ်မှရမှာပါ။
ဘုရားသား ဖြစ်တဲ့သံဃာတော်များ
ကျောင်းသား များနဲ့
စစ်သား များဘဲဖြစ်ပါတယ်
အခု သား နှစ် သား ကစတင်နေပါပြီ နောက်ဆုံးနဲ့အရေးအကြီးသားကတော့စစ်သားပါ
ဒီသုံးသားပေါင်းမိရင် ဘယ်မင်းမဆို ကျဆုံးပါလိမ့်မယ်
ဒီတော့ ကျွန်တော်တို့စစ်သားတွေကို စစည်းရုံးကြရမယ်
မဖြစ်နှိုင်ဘူးလို့မထင်ပါနဲ့ စစ်သားတွေကိုယ်တိုင်လဲငတ်နေကြပါပြီ
သူတို့လဲလူထဲကလူတွေပါ၊ ခံစားတတ်ကြမှာပါ၊ ဒေါ်စုအိမ်ရှေ့ကအဖြစ်ကို ကြည့်နှိုင်ပါတယ်
ဒီတော့ကျွန်တော်တို့က စစ်တပ်ကိုလူတွေနဲ့ပူးပေါင်းလာအောင်ခေါ်ထုတ်ကြရမယ်၊
ဒီတော့ သူတို့ကိုအထက်ကအကြမ်းဖက် နှိမ်နင်းဖို့ အမိန့်ပေးလာတဲ့အခါ
ဖီဆန်ချင်လာအောင် ဖီဆန်ရဲလာအောင် နှိုးဆွပေးရမယ်၊
သူတို့တွေဝေပြီး ကျောင်းသားတွေနဲ့ပြည်သူတွေကို စာနာမိအောင်
ဝမ်းနည်းဝမ်းသာဖြစ်ပြီးနောင်တတရားဝင်လာအောင်
ကိုယ်ရပ်နေတဲ့ဘက်ဟာမှားနေတယ်ဆိုတာဝန်ခံရဲလာအောင် နှိုးဆွပြီးအသိပေးရမယ်
ဒီတော့ခုချိန်ကစပြီး ကျွန်တော်တို့ စစ်သားတွေကိုစည်းရုံးကြရတော့မယ်။
မိတ်ဆွေလုပ်သားပြည်သူများနဲ့သံဃာတော်များ ဆန္ဒပြချီတက်တဲ့အခါ
“ ပြည်သူ့စစ်သား ငါတို့စစ်သား “
“ ပြည်သူ့တပ်မတော် ငါတို့တပ်မတော် “ လို့ အကျယ်ကြီးအော်ပေးကြပါ။
ဒီလိုအသံတွေကြားရင် သူတို့အံ့သြပြီး တဖြေးဖြေး ယူကျုံးမရဖြစ်လာလိမ့်မယ်
သူတို့ကိုင်ထားတဲ့ သေနပ်တွေက အချက်တိုင်းနှလုံးသားကိုမှန်အောင်မပစ်နှိုင်ပါဘူး
ဒါပေမယ့် မေတ္တာတရားဟာ နှလုံးသားကိုတချက်ထဲနဲ့ ထိအောင်ပစ်နှိုင်ပါတယ်
ကျွန်တော်ပြောတဲ့အတိုင်းယုံယုံကြည်ကြည်လုပ်ကြပါ
အောင်မြင်တာတွေ့ရပါလိမ့်မယ်
ဒီစာလေးကိုလဲလက်လှန်းမှီသမျှဝေပေးကြပါ
ဘလော့ဂါအားလုံးကိုလဲ ပို့စ် လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်
အရေးတော်ပုံကြီးကအောင်တော့မှာပါ
ကျွန်တော်တို့ဘက်ကပါးနပ်ဖို့တော့ အရေးကြီးတယ်ဆိုတာသတိမမေ့ကြပါနဲ့
လေးစားစွာဖြင့်
မျိုးချစ်
Posted by Ko Niknayman at 6:17 AM
Posted by Ko Niknayman at 6:13 AM
ဘုန်းဘုန်းတို့ ပြောထားတာလည်း မမေ့ကြပါနဲ့ ဦး။ ဒီညလုပ်ဖို့  -
အဆင့်(၁)။ အချင်းချင်း မေတ္တာဓာတ်များ အားနည်းနေသောနိုင်ငံအားမေတ္တာဓာတ်များ အားကောင်းလာ စေပြီးငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကြစေရန် -
၂၀၀၇ ခုနှစ်။ စက်တင်ဘာလ(၂၃)ရက်နေ့  ည (၈)နာရီမှ စတင်ကာ မိမိတို့  အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝ၊ ၀ရန်တာများသို့ ထွက်ကာ (လူအချင်းချင်းနှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ၊
တို့ မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း အေးချမ်းကြပါစေ) ဟူသောမေတ္တာပို့ စာနှစ်ပိုဒ်ကို (၈နာရီ ၁၅မိနစ်အထိ) (၁၅) မိနစ်တိတိ မိသားစုလိုက်၊ ကျောင်းတိုက်လိုက် ညီညီညာညာ သံပြိုင်ဖျဖျရွတ်ဆိုကြပါရန်။
မှ -
လူထုတပ်ပေါင်းစုဖြစ်မြောက်ရေးကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ကြီး။
Posted by Ko Niknayman at 6:07 AM
Posted by Ko Niknayman at 6:05 AM
Posted by Ko Niknayman at 10:30 AM
Posted by Ko Niknayman at 1:32 AM
Posted by Ko Niknayman at 1:21 AM
ဒီမှာ downloadလုပ်ပြီး နိုင်ငံတကာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် မြန်မာမိသားစုများသို့ ဖြန့် ဝေပေးပါ။
http://www.mediafire.com/?cgyf12mem1z
Posted by Ko Niknayman at 10:30 AM
Posted by Ko Niknayman at 7:10 PM
Posted by Ko Niknayman at 3:36 PM
Posted by Ko Niknayman at 11:09 AM
Posted by Ko Niknayman at 8:06 PM
Posted by Ko Niknayman at 7:59 PM
Posted by Ko Niknayman at 9:41 AM
Posted by Ko Niknayman at 9:23 AM
နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင်ကြုံတွေ့ နေရသော ကိစ္စပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ ၏ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုတို့ သည် နိုင်ငံရေးပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်မချင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ နိုင်ငံရေးကိုရှောင်ရှားစေကာမူ ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ ကျွန်ုပ်တို့ ၏ အိမ်၊ ရုံး၊ အလုပ်ရံတို့ တွင် နေ့ စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရ၏။
(ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်းကောက်နှုတ်ချက်။ ၂၀၊၀၁၊ ၁၉၄၆)။
နိုင်ငံရေးဆိုတာ နိုင်ငံအရေး တိုင်းသူပြည်သားတွေအရေးကို ဆောင်ရွက်တာဖြစ်သည်။
နိုင်ငံရေး (Politics) သည် ဂရိစကားဖြစ်သော (Politikos) မှ ဆင်းသက်လာခြင်းဖြစ်သည်။ (Polis) ဟူသော ဂရိဘာသားစကား၏ အနက်မှာ (City – State) မြို့ ပြနိုင်ငံ ဖြစ်သည်။
ထိုမြို့ ပြနိုင်ငံများ၏ အရေးအရာများကို စီမံခန့် ခွဲသော ဆောင်ရွက်သော သဘောတို့ ကို၎င်း၊ အခွင့်အာဏာကို၎င်း၊ အတတ်ပညာကို၎င်း ဂရိဘာသာစကားဖြင့် (Politikos) ဟုခေါ်ခြင်း ဖြစ်သည်။
ထို့ ကြောင့် မြန်မာပြည်သူများအနေနှင့် နိုင်ငံရေး (၀ါ)နိုင်ငံအရေးအတွက် လူတိုင်း တစ်ဦးချင်းစီတိုင်းပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ ပါဝင်ဆောင်ရွက်ရန်လည်း နိုင်ငံသားတစ်ဦး အနေဖြင့် ၀တ္တရားရှိသည်။ ထိုသို့  နိုင်ငံအ တွက် ပါဝင် ဆောင်ရွက်ခြင်း အားလည်း နှောင့်ယှက်တားဆီးပိတ်ပင်ခြင်း မရှိအပ်ပေ။
တိုင်းပြည်ကို အုပ်ချုပ်စီမံခန့် ခွဲသော အုပ်ချုပ်သူမှသာလျှင် နိုင်ငံရေးလုပ်ရမည် မဟုတ်။ နိုင်ငံအတွင်း မှီတင်း နေထိုင်သော နိုင်ငံသားတစ်ဦးချင်းစီတိုင်း လုပ်ပိုင်ခွင့်ရှိသည်။
နိုင်ငံအကျိုးကို ဆောင်ရွက်သော (၀ါ)နိုင်ငံရေးကို ဆောင်ရွက်သော နိုင်ငံသားသာလျှင် နိုင်ငံတော်အပေါ်သစ္စာ စောင့်သိရာ နိုင်ငံသားစစ်စစ် ဖြစ်ပေသည်။
နိုင်ငံအကျိုးကို လစ်လျူရှုသူနှင့် နိုင်ငံဆိုးကျိုးကိုဆောင်ရွက်နေသောသူသည် (အုပ်ချုပ်သူပင်ဖြစ်စေကာမူ) နိုင် ငံတော်၏ သစ္စာဖောက်ဖြစ်သည်။
ထို့ ကြောင့်နိုင်ငံသားတိုင်း မိမိတို့  နိုင်ငံအရေး (၀ါ)နိုင်ငံရေးကို နိုင်ငံအကျိုး အတွက်ထမ်းဆောင်ကြပါရန်တိုက် တွန်း လိုက်ရပါသည်။
(နစ်နေမန်း)
Posted by Ko Niknayman at 9:41 PM
သံဃာတော်များ၊ ၈၈-မျိုးဆက်ကျောင်းသားများ နှင့် ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် ဖိနှိပ် နေသည့် စစ်အစိုးရအား ကန့် ကွက်သည့်အနေဖြင့် သံပုံးတီး ဆန္ဒပြပွဲများ ရန်ကုန်မြို့  လူနေရပ်ကွက် အတော်များများ တွင် ယမန်နေ့ ည (၁၁၊ ၉၊ ၂၀၀၇) ၇ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ပါသည်။
ယနေ့ (၁၂၊ ၉၊ ၂၀၀၇)ရန်ကုန်မြို့ တွင်ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းရှိ ကြံ့ဖွတ်များနှင့် စွမ်းအားရှင်များမှ တအိမ် တက်ဆင်းလိုက်လံပြီး သံပုံးမတီးခတ်ရန်သတိပေးပြောကြားလျက်ရှိပြီး၊ သံပုံးတီးပါကတီးသည့်အိမ်ကိုတက်ဖမ်း မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိပါသည်။
ထို့ အပြင်ယမန်နေ့ ကသံပုံးတီးခဲ့သည့်အိမ်များရှေ့ တွင်၎ယောက်တစု၊ ၅ယောက်တစု လူခွဲစောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။
သံပုံးတီးဆန္ဒြပရန် ပြည်သူ လူထုအား နေ့ စဉ် မြန်မာစံတော်ချိန် ည၇ နာရီ မိနစ်၂၀ တွင် တကြိမ်၊ နှင့် ည ၈ နာ ရီ မိနစ် ၂၀ တွင် တကြိမ်။ စုစုပေါင်း ၂ ကြိမ် တီးခတ်ကြပါရန်နှင့် သံပုံးတီး ဆန္ဒြပပွဲကို သီတင်းပါတ် တပါတ် (၇ -ရက်) တိုင်အောင် ပြုလုပ်ကြဖို့  တိုက်တွန်း နှိုးဆော်ထားပါသည်။
Posted by Ko Niknayman at 4:59 AM
ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ကဲ …ကျမတို့ အခုလက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့မသုံးနှုန်းသင့်ပါဘူး။အာဏာကိုမတရားသိမ်းပိုက်ထားတဲ့အာဏာရှင်ဟာပြည်သူလူထုက တင်မြှောက် ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့)အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့် ရအောင်ပါ။
ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရ တာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်း သာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖထံကိုရောက်လာ ကြရတာမဟုတ်လား။
အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြု နိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက် တင် မြှောက် ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူ လူ ထုရဲ့စိတ်ကြိုက်မဟုတ်ဘဲမိမိသဘောနဲ့မိမိလက်နက်နဲ့ အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာအစိုးရ မမည် တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။
ဒါဆို အစိုးရကဘာလဲ။တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့အညီနေထိုင်ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏ ထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။
ထကြွ၊ နိုးကြား၊ သနား၊သည်းခံ၊ ဝေဘန်၊ထောက်ရှုဆိုတဲ့နာယကဂုဏ်ခြောက်ပါးနဲ့တောင် ပြည့်စုံအောင်ကျင့်ကြံ နေ ထိုင်ကြပါရဲ့လား။
ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။
ကျမတော့အဲဒီစာဖတ်ပြီးစိတ်ထဲ တော်တော်လေးကို ကသိကအောက်ဖြစ်မိတယ်။ဘယ့်နှယ် မနှိုင်းကောင်းနှိုင်း ကောင်း မိဘအရာဝင်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆိုခုလို လောင်စာဆီဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ် ပဲချ နေရမလို။
တကယ်တော့အစိုးရဆိုတာပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှအခက်အခဲအကြပ် အ တည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာရှိမှာလား။ ဒါကို သူတို့ကပြည်သူတွေ ရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ်သတ်မှတ်ခံချင်ရုံမက ကျေးဇူးဆပ်တာ လဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။
သူပြောသလိုမိဘပဲ ထားပါတော့။မိဘသိပ်ဖြစ်ချင်နေတယ်ဆိုတော့စိတ်ကူးထဲမှာမိဘအရာခဏထားကြည့်တာ ပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်းဆိုရင်ကိုယ်တိုင်ကရွှေပုံ စိန်ပုံပေါ်ထိုင်နေပြီး သားသမီးတွေလမ်း ဘေးရောက် ငတ်ပြတ်တာကြည့်နေမှာမဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကိုစီးပြီး သားသမီးတွေ ကုန်းကြောင်းလျှောက်နေရတာကိုဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ်အသုံးမကျတာကိုလည်းသားသ မီးကိုလက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့သေချာပြီ။ ဒါဆို အမေ နဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ပထွေးများဖြစ်နေမလား။ စဉ်းစားမိတာပါ။
နောက်ဆုံးတော့လည်းကျမတခါကရေးခဲ့ဖူးသလို“ဟာသအတွေး ဟာသ အမြင်”လို့သဘောထားလိုက် တာ ပဲ ခပ်ကောင်းကောင်းဆိုပြီး ရယ်ဖို့ကြိုးစားမိတယ်။ ဒါပေမဲ့ …ရယ်လို့လည်းမရတော့ အီလည်လည်နဲ့ သက်ပြင်း ကြီး သာချလိုက်မိပါရဲ့။
မေဓာဝီ
၂၄၊.သြဂုတ်၊ ၂၀၀၇ ၁၂ နာရီ ၃၀ မိနစ်
Posted by Ko Niknayman at 3:37 PM
သင့်ရဲ့ ကျွန်ပျူတာနှင့် အင်တာနက်ဆက်သွယ်လုပ်ဆောင်ပုံအဆင့်ဆင့်အကြောင်းသိထားဖို့  အရင်လိုပါတယ်။
ကွန်ပျုတာတလုံးကအင်တာနက်ထဲလိုက်ကြည့်နေရင်ဘယ်ကွန်ပျူတာကဘယ်နေရာကလာနေလဲဆိုတာပြဖို့အ တွက် IP Address တခုရှိရပါတယ်။ အဲဒါမှ တနေရာနဲ့တနေရာတလုံးနဲ့ တလုံးမရှုပ်ပဲ အလုပ်လုပ်လို့ ရမှာမို့ ပါ။
ကွန်ပျူတာတိုင်းရဲ့ အင်တာနက်တက်ဖို့ အတွက်သုံးရတဲ့ Modem မှာ (Wire, Wirelss) မှာ MAC Address ဆိုတာလည်း ရှိရပါတယ်။ အဲဒါက တကမ္ဘာလုံးမှာ တခုတည်းရှိရမဲ့ နံပါတ်တခုဖြစ်ရပြီး အဲဒါကြောင့်ပဲ ဘယ်သူ တွေ ဘယ်ကွန်ပျူတာက ဘာလုပ်ခဲ့သလဲစုံစမ်းသိနိုင်တာဖြစ်ပါတယ်။ အဲဒါက MAC Address စက်ရုံကထုတ် ကတည်းက သတ်မှတ်ထည့်ပေး လိုက်တာလည်း ဖြစ်ပါတယ်။
IP Address ဆိုတာ မှာ Class အမျိုးမျိုးရှိပေမဲ့ MAC Address တွေ (အင်တာနက်တက်ခွင့် ငှားရမ်းသူတွေ) အခကြေးငွေတခုယူပြီး အင်တာနက်ကို သုံးဆွဲနိုင်ဖို့  ကွန်ပျုတာတလုံးကို လိပ်စာတခု ပေးထားတယ်ပဲမှတ်ယူ ပါစို့ ။
ISP (Internet Service Provider) တွေဟာ Fixed (Static) IP Address တွေ ၀ယ်ထားရပါတယ်၊အဲဒါကအိမ် မှာတပ်ထားတဲ့ဖုံးနံပါတ်လိုမျိုးတွေပါ။ အဲဒီကမှ ကိုယ်(အင်တာနက်သုံးစွဲခွင့်)ေ၇ာင်းထားတဲ့ ကွန်ပျူတာတွေဆီ တခုချင်း အလှည့်ကျ အင်တာနက် တက်လို့ ရအောင် Dynamic IP Address အနေနဲ့ တလှည့် ဆီပေးသုံးပါ တယ်။ ဒါမှ ၀ယ်ထားတာ နဲ့ ပိုများတဲ့ အရည်အတွက်ရှိတဲ့ ကွန်ပျူတာတွေ အင်တာနက်တက်နိုင်မှာဖြစ်လို့ ပါ။
ကွန်ပျူတာတလုံး IP Address တခုသာ အသေထားရင် တွက်ခြေမကိုက်နိုင် တာကြောင့်လို့ ပဲ ဆိုပါရစေ။
ကွန်ပျူတာတလုံးဟာ အင်တာနက်ထဲတက်ပြီဆိုတာနဲ့ ၀က်ဘ်ဆိုက်တခုကို ကြည့်လိုက်တာနဲ့ သူ့ Address က အဲဒီ ၀က်ဘ်ဆိုက် (Host) ထားတဲ့ ဆာဗာကွန်ပျူတာ မှာသွားပေါ်ပါတယ်။
အဲဒါတွေကို အဲဒီဝက်ဘ်ဆိုက်က အားလုံးမှတ်တန်းတင်သိမ်းဆည်းထားပါတယ်။ Log File လို့  ခေါ်ပါတယ်။
IP Address ကနေ ဘယ်ကွန်ပျူတာက နေလာကြည့်နေသလဲသိနိုင်ပါသလား၊
သိနိုင်ပါတယ်။
အထက်ပါဖြစ်စဉ်ကနေကြည့်ပါ။ ၀က်ဘ်ဆိုက်မှာ IP Address ပေါ်ပါတယ်။ အဲဒီကနေ IP Address ကနေလာ တယ်သိနိုင်ပါတယ်၊ ISP က Fixed IP Address ၀ယ်ထား သုံးထား ရလို့  ဘယ်ဒေသ၊ ဘယ်ပိုင်ရှင်၊ဘယ်ဖုံးနံ ပါတ် အတိအကျ အစိုးရဆီမှာ မှတ်ပုံတင်ထားရပါတယ်။
အဲဒီ ISP ကတဆင့် အဲဒီ IP Address ကို ချပေးလိုက်တဲ့အချိန်ကိုကြည့်ပြီး ဆာဗာ Log File မှာသွားရှာရင် ဘယ် အချိန်မှာ ဘယ်ကွန်ပျူတာကို အဲဒီ IP Address ပေးလိုက်သလဲ သိပါတယ်။
အဲဒီ ISPတဆင့်သူရောင်းထားတဲ့သုံးစွဲသူများထဲက ဘယ်ကွန်ပျူတာကနေ အဲဒီအချိန်မှာ ဘယ်သူအင်တာနက် သုံးခဲ့သလဲသိနိုင်ပါတယ်။
အင်တာနက်ကဖေးကနေအင်တာနက်တက်ရင်ရောတက်တဲ့သူဘယ်သူလဲဆိုတာ အတိအကျ သိနိုင်ပါ့မလား။ သိနိုင်ပါတယ်။ စုံစမ်းနိုင်ပုံအဆင့်ဆင့် ရေးပြပါ့မယ်။
ပထမ IP Address ကနေ ဘယ် ISP လာသလဲသိမယ်။
အဲဒါက မြန်မာပြည်တွင်းက မြန်မာ့ဆက်သွယ်ရေး ကဆိုပါစို့  မြန်မာပြည်ဟာပြည်တွင်း အ၀င်အထွက်အားလုံး ကို ထိန်းချုပ်ထားတာမို့ မြန်မာပြည်အ၀င် အထွက်ပေါက်က Proxy Server ရဲ့ LogFIle သွား ကြည့်ပါမယ်။
အဲဒါဆို အဲဒီနေ့ အဲဒီအချိန်မှာ မြန်မာပြည်တွင်းထဲက ဘယ်ကွန်ပျူတာကနေ လာသလဲသိနိုင်ပါပြီ။
အဲဒီကွန်ပျူတာဟာ ရန်ကုန်မြို့ က အင်တာနက်ကဖေးဆိုင်တခုဆိုပါစို့ ။အဲဒါဆိုရင် အဲဒီဆိုင်ကို တာဝန်ရှိသူတွေ သွားမယ်၊ အဲဒီနေ့ အဲဒီအချိန် မှာ အဲဒီ ကွန်ပျူတာ ရှေ့  ထိုင်သွားသူကို လုံခြုံရေးကင်မရာ ကနေသော်လည်း ကောင်း၊ မှတ်ပုံတင်လက်မှတ်တောင်းပြီး စာရင်းဖြည့်သုံးစွဲထားစေထားရင်အဲဒီမှတ်ပုံတင်ကနေသော်လည်း ကောင်း ဘယ်သူသုံးသွားသလဲ အတိအကျ သိနိုင်ပါတယ်။
မိမိ IP Address မသိအောင်ဘယ်လိုကာကွယ်နိုင်မလဲ။
မိမိဘယ်ကလာသလဲ၊ဘယ်နယ်ကလဲ တဖက်သား မသိနိုင်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုပါစို့ ၊
IP Address, MAC Address တွေဆိုတာက အိမ်မှာတပ်ထားတဲ့တယ်လီဖုံးနဲ့ တယ်လီဖုံးနဲ့ပါတ်လိုဖြစ်တာမို့ ဖုံး သ ရဲ လုပ်ဆက်ထားတာကို ဖမ်းချင်ရင် ဆက်သွယ်ရေးဌာနတန်းမေးလိုက်လို့ ရသလိုရောက်လာမဲ့ ငွေတောင်း လွှာမှာ အဲဒီအချိန်ကဆက်သွားသူရဲ့နံပါတ်ရှာကြည့်ရင်လည်းသိနိုင်ပါတယ်ဆိုပါရစေ။
အဲဒီအတိုင်းပါပဲ မိမိဘယ်နေရာကလာသလဲမသိအောင်လုပ်ဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမဲ ကံကောင်းတာ က (အထူးစပယ်ရှယ်) နံပါတ်ပဲရှိပြီး လိပ်စာလိုက်လို့ မရနိုင်တဲ့လက်ကိုင်ဖုံးတွေရှိသလို ကွန်ပျုတာကိုလည်း လိပ် စာပျောက် IP Address ပျောက်လုပ်လို့ ဖြစ်နိုင်ပါတယ်။
ဆိုလိုတာက..
အင်တာနက်သုံးစွဲသူတယောက်ဟာ အခြား Proxy Server တွေသုံးပြီး အဲဒီနေရာတွေကနေ ၀က်ဘ်ဆိုက်တွေ ထဲဝင်လို့ထွက်လို ရနိုင်ပါတယ်။
အဲဒါကြောင့် ဟက်ကာ(Hacker) တော်တော်များများဟာ ကျောင်းတွေ၊ စာကြည့်တိုက်တွေလို အင်မတန်လူအ ၀င်အထွက်များတဲ့ နေရာတွေကတဆင့် ၀င်ထွက်ပြုလုပ်ကြတာဖြစ်ပါတယ်၊ အဲဒီနေရာတွေက Proxy Server တွေ အခြားကွန်ပျူတာတွေသုံးပြီးံ Hack ကြတာပါ။ တချို့ ကျတော့ လုံခြုံမှုအားနည်းတဲ့ အိမ်တအိမ်က ကွန်ပြူ တာထဲ ထိုးဖောက်ဝင်ရောက်ပြီး အဲဒီကတဆင့် ဘဏ်တွေ ငွေကြေးစံနစ်တွေထဲကို ထိုးဖေါက်ကြတတ်ပါတယ်၊ အဲဒီထိုးဖောက်ပုံတွေက အခုတော့ပစ်နဲ့ သိပ်မဆိုင်လို့ ထားခဲ့ပါမယ်။
ကိုယ်နေရာကို (ကိုယ်ဘယ်သူလဲ) မသိအောင် ကာကွယ်နည်း များများစားစားရှိမယ်မထင်ပါ၊ အရင်ဆုံးကိုယ် လာတဲ့နေရာကိုပြတဲ့ ကို ဖျောက် ( Fake, Hide IP Address) လုပ်တဲ့နည်းက လွယ်မယ်ထင်ပါတယ်။
အင်တာနက်ထဲမှာ အိုင်ပီလိပ်စာကို အတုပြလို့ ရတဲ့ဆော့ဖ်ဝဲတွေရှိပါတယ်၊ သုံးနိုင်ပါတယ်၊ အဲဒါဆိုဆာဗာမှာ သွား ပေါ်နေတဲ့ IP Address က အမှန်မဟုတ်လို့ Fake IP Address ဖြစ်လို့  လိုက်ရပြုရ တော်တော်လေးခက် သွားနိုင်ပါတယ်။
နောက်တခုကသူများ Proxy Server ခံသုံးတာပါ အဲဒါနဲ့လည်း ကိုယ်ရဲ့  IP Address ကို လိုက်ရခက်သွားနိုင်ပါ တယ်။
တရားရုံးကိစ္စများမဟုတ်ရင် သာမန်အားဖြင့်တော့ နိုင်ငံခြားက ISP တွေ၊ ဆာဗာတွေ၊ရဲ့ Administrator, Webmaster တွေက သူတို့ ရဲ့ Log File တွေ ဒေတာ Data တွေ ကို အခြားသူတွေကိုလွယ်လွယ်နဲ့ မပေးတတ် ပါ။
နောက်တခုက ကိုယ့် ISP ရဲ့ Proxy Server ကို ကျော်သုံးတာပါ။ အဲဒီအတွက်ဆော့ဖ်ဝဲတွေရှိပါတယ်၊
ခြေရာခံလို့ရမဲ့ လိပ်စာ ပျောက်မှတော့ မိမိနေရာကို လိုက်ရခက်သွားမှာဖြစ်ပါတယ်။
တခုတော့ရှိပါတယ်၊
ဥပမာ ကိုယ်က ၀က်ဘ်ဆိုက်တခုမှာ ဘာလုပ်ခဲ့သလဲ။
အခုအချိန်မျိုးလွယ်လွယ်ပြောရရင် ဘလော့ဂ် (Blog) တခုရဲ့ စီဘောက်စ် (CBox) မှာ တခုခုရေးလိုက်ပြီဆိုပါစို့။
စကားစပ်မိလို့ ပြောရရင် (CBox) ဟာ သာမန် (iFrame) ဆိုတာမျိုးနဲ့ (www.cbox.ws) က Chat Script ကို ဆွဲယူ ပြနေသာတာဖြစ်တာမို့  လုံခြုံရေး အားနည်းပါတယ်။
(Blog)ပိုင်ရှင်သာမဟုတ်ပဲ အခြားသူများကလည်း (CBox)မှာရေးသားထားသူရဲ့ IP Address ကိုဖတ်ကြည့်လို့  ရနိုင်ပါတယ်လို့ ပါ။
အဲဒီနေရာမှာ ရေးထားတဲ့ သတင်းစကားကတဆင့် ရေးသူဘယ်နေရာဘယ်ဒေသကလည်း ခန့်မှန်းမိ နိုင်ပါ တယ်။
မိမိကိုယ်မိမိ လုံခြုစိတ်ချစေချင်ရင် မြန်မာပြည်အတွင်းမှာနေထိုင်သူဆိုရင် (Email) ကနေတဆင့် လိုချင်တဲ့ သတင်းကို Blog ပိုင်ရှင်ထံ အီးမေးလ်နဲ့ ပို့ ပေးပြီး တင်ခိုင်းရင် အကောင်းဆုံးလို့ သုံးသပ်မိကြောင်းပါ။
ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ (News Group) လိုမျိုးတွေ၊ Forum တွေကနေ တဆင့်တင်တာက Chat တွေမှာ ရေးတင်တာထက် အများကြီးလုံခြုံစိတ်ချရပါတယ်။
မိမိရဲ့  Privacy တွေလုံခြုံစေချင်ရင် မိမိရဲ့ကွန်ပြူတာကို (Password)နဲ့ပိတ်ထားပါ။
အဲဒီလိုလုပ်ထားတာဟာ အနီးက (Work Group)တူတဲ့သူတွေကို Local Network အနေနဲ့ အတိုင်းအတာ တခုအထိ တားဆီးနိုင်ပေမဲ့၊ ကွန်ပျူတာရှေ့ လာထိုင်နေတဲ့သူကိုတော့ ဆော့ဖ်ဝဲတချို့  နဲ့  လွယ်ကူစွာပဲ ဖေါက် ထွင်းဝင်ေ၇ာက်နိုင်ကြောင်း သိထားသင့်ပါတယ်။
ကွန်ပြူတာကို တယောက်ယောက်က သိမ်းဆည်းပြီး စစ်ဆေးနေရင် ဘယ်လိုမှ မကာကွယ်နိုင်ပါ။
Boot CD တချပ်နဲ့  အလွယ်တကူ (Adminstrator Password) ကို ကျော်ဖြတ်လို့ ရလို့ပါ။
လုပ်သင့်တာတချို့ ရေးထားပေးပါမယ်။
အရေးကြီးတဲ့ မှတ်တန်းများကို လိုရာပို့ ပြီးတာနဲ့ ဖျက်ပစ်ပါ။
အရေးကြီးတဲ့ဒေတာ Date, File တွေထားတဲ့နေရာ (Email) ကို သီးသန့် ထားသုံးပါ၊ (Gmail)ဟာများစွာစိတ်ချ ရတဲ့ နေရာဖြစ်ပါတယ်)။
Mail Box အထဲမှာ သိမ်းဆည်းတာက မိမိရဲ့ကွန်ပြူတာထဲသိမ်းတာထက်အများကြီးစိတ်ချရတယ်သိထားပါ။
ကိုယ့်ကွန်ပြူတာ ထဲအခြားသူထိုးဖေါက်ဝင်ရောက်ခြင်းမပြုနိုင်ရန်ဘာတွေ ပြင်ဆင်လုပ်ထားရမလဲ
အများကြီးလုပ်ထားနိုင်ပါတယ်။
သာမန်အခြေခံလွယ်တာလေးတွေပဲရေးသွားပါမယ်။
ကွန်ပျူတာကို (Password)နဲ့ ပိတ်ထားပါ။ Password ကို မကြာမကြာ ပြောင်းပေးပါ။
အနည်းဆုံး စာလုံး၁၁ လုံးကို မြန်မာအမည်ရွေးသုံးပါ၊( အချိ့  English Dictionary နဲ့ တိုက်ပြီး ရှာကြပါ)။
(WorkGroup) နေရာမှာ ကိုယ်ပိုင်စိတ်ကြိုက်အမည်တခုခု ပြောင်းထားပါ။
သာမန်ဝင်းဒိုးအင်စတော Windows Install လုပ်ချိန်မှာ ပါလာတဲ့ (Default) အမည် (Workgroup) ဖြစ်နေရင် အခြားသူများထိုးဖေါက်ဝင်ရောက်ရလွယ်ပါတယ်။
ကိုယ့်ရဲ့ (Internet Browser) ရဲ့ (Temporary Internet Files, Cookies, History, Form Data,Passwords) တွေအမြဲ Delete လုပ်ပါ။ Internet Explorer >Tools menu >Internet Options) မှာ ရှာလုပ်ပါ။
အရေးကြီးတဲ့ဘဏ်စာရင်းတွေ ဓါတ်ပုံတွေ အီးမေးလ်တွေကို ကွန်ပြူတာထဲမသိမ်းပဲ တခြားနေရာမှာ ခွဲသိမ်းပါ။
Anti Virus, Anti-Spyware တခုခုကို Install လုပ်ထားပါ။
သိသင့်ရန်ဝက်ဆိုဒ်များမှာ -
IP Address ကနေ မိမိ ISP နေရာသိနိုင်တဲ့ ၀က်ဘ်ဆိုက်က - http://www.ip-adress.com/
အိုင်ပီလိပ်စာ IP Address ပြင်နိုင်သော ပုန်းထားန်ုင်သော ဆော့ဖ်ဝဲရှိရာ ၀က်ဘ်ဆိုက်တခု - http://www.maskmyip.com/
တင်ပြသူ - ကိုင်
Posted by Ko Niknayman at 9:09 AM
Posted by Ko Niknayman at 9:57 PM
Posted by Ko Niknayman at 9:55 PM
Posted by Ko Niknayman at 12:41 PM
မနီလာသိန်းရဲ့ အင်တာဗျူးကို နားထောင်ပြီး ဒီပန်ကြားချက်ကို ကျမ ရေးဖြစ်တာပါ။ ၄လအရွယ် သမီးငယ်လေး နဲ့ ခွဲခွာနေရတဲ့ ဘ၀၊ နို့တိုက်ရမဲ့အချိန်မှာ နို့မတိုက်ရဘဲ နို့တင်းတဲ့ဒါဏ်ကို ခံစားနေရတဲ့ ဘ၀၊ တချိန်လုံး ရှောင် တိမ်းနေရပြီး ညကြီးမိုးချုပ်တောင် အိမ်ပေါ်မတက်နိုင်ဘဲ လျှောက်သွားနေရတဲ့ ဘ၀၊ စိတ်တထင့်ထင့်နဲ့ နေနေ ရတဲ့ ဘ၀၊ ဘယ်လောက်များ ဒုက္ခကြီးလိုက်သလဲနော်။
ဒီအချိန်ဟာ သွေးနုသားနု မိန်းမတယောက်အဖို့ စိုးရိမ်စိတ်တွေ ကင်းဝေးပြီး အေးအေးချမ်းချမ်း နေနေရမဲ့အ ချိန်ပါ။ သမီးလေးဟာလဲ မိခင်နို့ကို အပြည့်အ၀ သောက်သုံးပြီး မိခင်နဲ့ နွေးနွေးထွေးထွေး ရှိနေရမဲ့ အရွယ်ပါ။
မနီလာသိန်းဟာ ကလေးမွေးထားတာ မကြာသေးတဲ့ မိခင်တယောက်ပါ။ ငတ်မွတ်ခေါင်းပါးပြီး အရာရာ ချွတ်ခြုံ ကျနေတဲ့ ကျမတို့ပြည်သူတွေ ခံစား နေရတဲ့ ဒုက္ခတွေကို အုပ်ချုပ်တဲ့ မင်းအစိုးရများ သိအောင် သွေးနုသားနု မိန်းမသားတယောက်ဟာ ပြည်သူတွေရဲ့ကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့တာပါ။
အဲဒီလိုလုပ်ခဲ့တဲ့အတွက် မင်းအစိုးရတွေဟာ လူမိုက်တွေကို ငွေကြေးများ ပေးကမ်းပြီး သွေးနုသားနု မိန်းမတ ယောက်ကို ဖမ်းဆီးနိုင်ဘို့ အငြိုးအတေးကြီးကြီးနဲ့ ကြိုးစားနေပါတော့တယ်။ နို့ဆာနေရှာတဲ့ သမီးငယ်လေးကို တည်ကြက်လုပ်ပြီး စစ်မြေပြင်မှာ ကင်းပုန်းဝပ်သလို နေ့ရော ညပါ စောင့်ကြည့် နေကြပါတယ်။ တခြား နေရာ တွေမှာလဲ ပိုက်စိပ်တိုက်လိုက်ပြီး အကြီးအကျယ်ကို ရှာဖွေမှုတွေ လုပ်နေပါတယ်။
ကျမတို့ပြည်သူတွေ တကယ်ဘဲ ဒုက္ခရောက်နေကြတာပါ။ ထမင်းကိုနပ်မှန်အောင် မစားနိုင်သူတွေ များလာပြီး အာဟာရချို့တဲ့ တဲ့ ကလေးတွေလဲ များလာနေပါတယ်။ ဘယ်လောက်များ ဆင်းရဲဒုက္ခ ရောက်နေကြလဲဆိုရင် အခု အကြမ်းဖက်နေတဲ့ လူတွေကို ကြည့်ရင်ဘဲ သိနိုင်ပါတယ်။ ဘ၀မှာ စီးပွားရေး၊ လူမှုရေး ကျဉ်းမြောင်း ကျပ် တည်း လွန်းအားကြီးတော့ ဗဟု သုတတွေ အားနည်း၊ အတွေးအခေါ်တွေ အားနည်းပြီး သူများကို ရိုက်ပုတ် ညှင်းဆဲ ပြီးမှရတဲ့ ထမင်းတလုတ်ကို စားနိုင်လာကြတာပါဘဲ။ သိတ်ငတ်လာတဲ့အခါမှာ လူတွေဟာ အကျင့် စာရိတ္တတွေ ပျက်စီးလာပြီး လူလူချင်း ခေါင်းပုံဖြတ်တာ၊ စာနာမှု ကင်းမဲ့ လာကြပါတယ်။
တိုင်းပြည်တခုမှာ အုပ်ချုပ်သူအစိုးရ ဆိုတာကို ကျမ ပြည်သူတယောက်အနေနဲ့ နားလည်တာက မိဘနေရာ ကနေ၊ ပြည်သူတွေကို ရင်ဝယ်သားလို စောင့်ရှောက်ဘို့၊ အကာအကွယ်ပေးဘို့ အတွက်ရပ်တည်နေတာလို့ နားလည်ပါတယ်၊ ဒါပေမဲ့ အခု အစိုးရက လူမိုက်တွေ မွေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဆဲဆို ရိုက်နှက် ဖမ်းဆီးခိုင်းနေတာဟာ တော်တော် အံ့သြစရာ ကောင်းပါတယ်။ ရက်စက်ယုတ်မာတဲ့ အစိုးရ၊အောက် တန်းကျတဲ့ အစိုးရလို့ ကျမ မြင်မိပါတယ်။ တွေးလေ အော့နှလုံးနာလေ ပါဘဲ၊ မယုံနိုင်အောင်လည်း ဖြစ်မိပါ တယ်။
အခုဆိုရင် ၄ လသား အရွယ်ကလေးငယ်လေးရဲ့ မိခင်တယောက်၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတယောက်ကို အမဲလိုက်သလို လိုက်နေတာဟာ ကျမတော့ ပြည်သူတယောက်အနေနဲ့ တကယ်ကို အံ့သြမိပါတယ်။
ကျမတို့ မြန်မာပြည်ဟာ တကယ့်ကို ဒုစရိုက်တွေ လွှမ်းမိုးနေတဲ့ မင်းမဲ့တိုင်းပြည် ဖြစ်နေပါပြီ။ အကာအကွယ်မဲ့၊ ခိုကိုးရာမဲ့ ဘ၀ကို ရောက်နေရပါပြီ၊၊ ဒီ အစိုးရဟာ ကျမတို့ပြည်သူတွေကို ဘာမှ မစဉ်းစားနိုင်အောင်၊ ဘာမှ မဝေဖန်နိုင်အောင် ၊ လူအချင်းချင်း လေးစားချစ်ခင်တာတွေ ပပျောက်အောင်၊ အကြောက်တရားတွေ လွှမ်း မိုးနေအောင် လုပ်နေတယ်လို့ ခံစားမိ ပါတယ်။ အစိုးရကိုလဲ အစိုးရအဖြစ် မမြင်နိုင်တော့ဘဲ ရူးနေတဲ့လူတွေ လို့ ဘဲ မြင်မိပါတော့တယ်။
ပြည်သူတွေ မြင်အောင် ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင်ရော၊ ဘေးပတ်ဝန်းကျင်မှာရော လူတွေ ငတ်နေကြပါပြီ။ အဲဒီ အငတ် ဘေးကနေ နောက်ဆက်တွဲ အဖြစ်ဆိုးတွေ အများကြီး ဖြစ်လာနေပါပြီ။
ကိုယ့်ပြည်သူပြည်သားတွေရဲ့အပေါ် ဒီလောက် ရက်စက်ယုတ်မာတဲ့ အောက်တန်းကျတဲ့ လူတစုကို ဖယ်ပစ်နိုင် မှ ဒီ အဖြစ် ဆိုးကြီး၊ ဒီဘ၀ဆိုးကြီးကနေလွတ်ကင်း နိုင်မှာပါ။ အဲဒီလို လွတ်ကင်းနိုင်ဘို့ ဆိုတာကလဲ မြန်မာ ပြည်ကြီးကို ချစ်တဲ့၊ မြန်မာပြည်သားတွေကို ချစ်တဲ့ ကျမတို့ ပြည်သူတွေကဘဲ အဓိက ပါဝင်ကြမှဖြစ်မှာပါ။
ကျမတို့ရဲ့ ဘ၀က ကြောက်လေ ပိုဆိုးလေ ဖြစ်တော့မှာပါ။ ဒါကြောင့် ကိုယ်နိုင်တဲ့အားနဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေတဲ့၊ တိမ်းရှောင်နေနေရတဲ့ လူတွေကို ကူညီကြပါ၊ စောင့်ရှောက်ပေးကြပါ၊ ပြည်သူအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
လေးစားစွာဖြင့်
ပြည်သူတဦး
(၂-၉-၂၀၀၇)
Posted by Ko Niknayman at 8:08 AM
နအဖမှ Youtube အား ပိတ်ထားသော်လည်း http://www.autobypass.com/ မှတစ်ဆင့် ကြည့်နိုင်ပါသည်။ ဗွီဒီယိုမှတ်တမ်းအမည်များအောက်တွင်ဖေါ်ပြထားသော ၀က်ဆိုဒ်လင့်အား click လုပ်ပါ။
တိုက်ရိုက်မပွင့်လျှင်
၁။ သက်ဆိုင်ရာ url address ကို (ctrl + C နှိပ်ပြီး ) copy အရင်လုပ်ယူ ပါ။
၂။ ထို့နောက် သက်ဆိုင်ရာ video ၏ link အပေါ်တွင်click လုပ်ပါ။ bypass homepage သို့ ရောက်ပါမည်။
၃။ Box အတွင်းမှ http://www.myspace.com/ နေရာတွင်..ctrl + V ကိုသုံး၍ အစားတိုးပြီး bypass ကိုClick လုပ်ပါ။.
၎။ home page ၏ အပေါ်ဆုံးတွင် Current URL address box ပေါ်လာပါမည်။.တဖန် bypass ကို Click ထပ် လုပ်ပါ။ youtube video ကိုကြည့်နိုင်ပါပြီ။
အဆင်မပြေပါကဆက်သွယ်ပါခင်ဗျား။.
Jim Carrey - Call to Action on Burma and Aung San Suu Kyi
http://www.autobypass.com/index.php?a=aHR0cDovL3d3dy55b3V0dWJlLmNvbS93YXRjaD92PU55U3VhSjJCMjBF
Myanmar : Heaven & Hell 1
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9SkNwanVLZ2c1djA%3D
Myanmar : Heaven & Hell 2
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9X3pHQUNaZzB6cWc%3D
Myanmar : Heaven & Hell 3
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9Wm5CNmVubXZhYlk%3D
Myanmar : Heaven & Hell Tribute Video
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9UVpfRFRVaDJXUWs%3D
8888 Recall
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NmtUU0xLc1lUY28%3D
8888 Recall Finale
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9V3hSeXBwMWpxU1E%3D
Crackdown on Peaceful Protest
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9T2dlU1NPSHdGRlk%3D
8888 Uprising song (Burma)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9UEVzaFl1WmdDN0E%3D
Embassy Demo http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MkdWeDRiWlBpNUE%3D
Peaceful Demonstration in Myanmar being cracked down
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9cGk2c19nX1ZHSnc%3D
Myanmar8888(Demo,Ministry of Foreign Affairs,Japan30-8-2007)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9YnIyVzJYOWpBbWM%3D
Burmese Activists protest in Bangkok
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9Q0ZzZW5oVXB5ZUE%3D
Refugees escape Myanmar - 30 Aug 07
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9V3lubDZJR0tVcE0%3D
19 July General Aung San (Myanmar) Martyr's day
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NEJUU2hQczA2NkU%3D
Who really killed Aung San? Vol 1
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9TjAwM2pSVjc1a2M%3D
Who really killed Aung San? Vol 2
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MEVQLTMtd1RCajgmbW9kZT1yZWxhdGVkJnNlYXJjaD0%3D
Who really killed Aung San? Vol 3
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MzlqbnNoMEx5TmcmbW9kZT1yZWxhdGVkJnNlYXJjaD0%3D
Who really killed Aung San? Vol 4
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9THZMQkhobGtlQTAmbW9kZT1yZWxhdGVkJnNlYXJjaD0%3D
Who really killed Aung San? Vol 5
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9cjNodVJvTm5xMkEmbW9kZT1yZWxhdGVkJnNlYXJjaD0%3D
Army Crackdown (Burma 22/08/07)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9bWh6dzdBMlkwZU0%3D
Together Forever
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9eFFGd3RXWWhSSzg%3D
Ko Htin Kyaw's Protest on 25th Aug 2007
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9d3B4UFdpUGQtOGc%3D
Demonstration in Malaysia (Aug 24th 2007)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MkpBOTRoQms4T2M%3D
U Ohn Than's Solo Protest
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9aGR4eFhwNjNQNG8%3D
Walk on August 22nd in Burma
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9dHctMXk3dVE3LUU%3D
Myanmar protests continue
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9bm8xaVNEeWxzX2c%3D
Peaceful Walking in Burma
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9TkN0WEdoczBTenM%3D
Min Ko Naing's speech in Yangon NLD headquarters
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9TnRkcGh2bVV6VjQ%3D
Burmese democracy icon Suu Kyi honoured with "Netaji Subhas
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NTgyUjVKVjBCbGc%3D
An exclusive interview with Aung San Suu Kyi, Part (A)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9T19jM2VFSGxOLTQ%3D
An exclusive interview with Aung San Suu Kyi Part (B)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9TGpVX0ZNTllNbXc%3D
Aung San Suu Kyi - Nobel Peace Prize Ceremony
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9aUc5TGl6U2k0emM%3D
Daw Aung San Suu Kyi's campaign trip speech in Kyatpyin 2003
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NXN3TTRybEtCeHM%3D
Daw Aung San Suu Kyi's Speeches in Burmese language
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9Y29ONVNSNEo0QVU%3D
Daw Aung San Suu Kyi's speech, 1996
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NUpTWjlLMnJaUkE%3D
aung san suu kyi
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NTZlTFRHTEVNbG8%3D
Thank You For Your Support Assk (Aung Saan Suu Kyi)
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9YjVhUEZpaENnWEE%3D
Daw Aung San Suu Kyi and ASEAN.
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9Nl9vYWJVeHpnbG8%3D
Daw Aung San Suu Kyi's Interview!
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9TWpxbzFKU0ROcE0%3D
8888 uprising documentary Part 1
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9cDZWVWhxYVhGNVk%3D
8888 uprising documentary Part 2
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MVg2RDN2NUEyZU0%3D
Musicianless Piano
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9WU5URTVsQ2Vrbkk%3D
Walk On by U2
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9VUo2SWVyVGVEN00%3D
Evil - The Nation - Destroyer
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9MVNvTEU3TjNqZnc%3D
Angel of Peace
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9UUR3VWJMU1B3aEk%3D
Depayin Inscription
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9U05jUkxmWHc1dTA%3D
Dedicated to whom sacrifice their lives for Freedom
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NUZxYk5OX0dSOU0%3D
8.8.88 - Kabar Ma Kyay Bu Heyt!
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9NWVzLTdmMWY4RXc%3D
Sacrifice for Belief
http://www.autobypass.com/index.php?a=aHR0cDovL3lvdXR1YmUuY29tL3dhdGNoP3Y9XzVkeGM3YWZIT1E%3D
Posted by Ko Niknayman at 6:41 AM
Posted by Ko Niknayman at 1:33 PM
ဧရာဝတီတိုင်းဘိုကလေးမြို့နယ်တွင်လူထုဆန္ဒပြပွဲ တရပ်ကို (၉။၅။၂၀၀၇) မနက် (၈နာရီ ၄၅ မိနစ်တွင်စတင်ခဲ့ သည်။ NLD ဥက္ကဌဦးအောင်ခင်ဗိုလ်ဦးဆောင်တဲ့ပါတီဝင် (၁၅ ) ဦး မှ ခေါင်း ဆောင်ပြီး ဘိုကလေးမြို့နယ်..မြို့ မဈေးအနီး ဖျာပုံသင်္ဘောဆိပ်ကနေ စတင်ထွက်ခဲ့ကြပါသည်။
၎င်းတို့လက်ထဲမှာ.ဆိုင်းဘုတ်များကိုင်ဆောင် ထားကြပြီး “ ကုန်ဈေးနှုန်း ကျဆင်းရေး။ ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး..သဘာဝ ဓါတ်ငွေ့ ဈေးနှုန်း ကျဆင်းရေး” ဆိုတာတွေစတဲ့ကြွေးကြော်သံတွေ နဲ့ ချီတက် ဆန္ဒ ပြသခဲ့ကြပါသည်။ လမ်းတလျှောက်မှာလည်း.. ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှူကြောင့်သာ အခုလိုဆန္ဒပြရ ခြင်း ဖြစ်တယ်လို့ ထုတ်ဖေါ်ကြေညာခဲ့ကြပါသည်။ လူထုပရိသာတ်တွေကလည်း ၀ိုင်းဝန်းအားပေးလက်ခုတ် တီးကြပါသည်။
ဆန္ဒပြသူတွေဟာ ဧရာဝတီသင်္ဘောဆိပ်အတိုင်းချီတက် လာကြပြီး ဒုတိယလမ်းကို အရောက် မှာဂန္ဓမာ လက်ဖက်ရည်ဆိုင်တွင် ခဏရပ်နားကြသည်။ အဲဒီအချိန်မှာ ဒိုင်နာ ကားအမှတ် ထ / ၄၀၃၂ နှင့်အ တူ စွမ်းအားရှင်တွေ။ ကြံ့ဖွတ်တွေ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ. မြို့ နယ် မ.ရ.က ဥက္ကဌ နဲ့ အာဏာပိုင်များ ရောက် ရှိလာကြပါသည်။ လက်ဖက်ရည်ဆိုင်မှာ.မြို့နယ်စည်းရုံးရေးအဖွဲ့ ဝင်များနဲ့  အာဏာပိုင်များ.ဆွေူးနွေး ညှိုနှိုင်း မှုများ ပြုလုပ်ကာ NLD ဥက္ကဌ ဦးအောင်ခင်ဗိုလ် ကို မ.ယ.ကရုံးကိုခေါ်ဆောင်သွားကြပါသည်။ အဲဒီ လိုခေါ် သွား တာနဲံ့ ကျန်စည်းရုံးရေးအဖွဲ့ ဝင်များဖြစ်ကြတဲ့ ဒေါ်မိမိစိန်။ ဒေါ်ခင်လေးတို့ မှလမ်းမသို့  ထွက်ကာ ပြည်သူ လူထူအားတရားဟောကြပါသည်။ အာဏာပိုင်များ.ကလမ်းများကိုပိတ်ဆို့ ခဲ့ကြပြီး တက်ရောက်နားထောင်သူ ပြည်သူလူထုမှာ ဦးရေ ၁၀၀၀ ခန့် ရှိပါသည်။
မနက် (၁၁း၁၅)ခန့်တွင်..မြို့ နယ်စည်းရုံးရေး တွဲ /မှူး ဦးခင်မောင်ချစ် ကို မ.ရ.က ရုံးခန်းမှ ခေါ်ခိုင်းသည်ဆို၍ လာခေါ်သောဒိုင်နာကား ကိုပြည်သူလူထုမှအော်ဟစ် မောင်းနှင်ထုတ် သောကြောင့်ကားမှာပြန်သွားရပါသည်။ တရားပွဲကိုဆက်လက် ပြုလုပ်ခဲ့ကြပြီး ကုန်ဈေးနှုန်းကြီးမြင့်နေမှုနှင့်ပတ်သက်၍ ”ယခုလိုကုန်ဈေးနှုန်းကြီးမြှင့် နေတာကိုကျမတို့တင်ခံနေရတာမဟူတ်ပါဘူး။ပြည်သူတရပ်လုံးခံနေကြရတာပါ။င်္ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေထဲကဘာတွေများပြောစရာရှိပါသလည်း“လို့ဖိတ်ခေါ်တဲ့အခါ။လူထုအတွင်းမှအိမ်ရှင်မ တဦးကနေ၍ “ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့် ကျွန်မတို့  အိမ်ရှင်မတွေ ပြဿနာတက်နေတယ်” ဟုဆွေးနွေးဟောပြောခဲ့ကြောင်းသိရပါသည်။
လူထုမှလည်း ဆန္ဒပြသူများအားရေသန့် ဘူး နှင့် စား စရာများ ဝေငှခဲ့ကြပါသည်။ ဆန္ဒပြသူများကလည်း လူထု အားပြန်လည်၍ ဝေငှခဲ့ကြပါသည်။ ဆန္ဒပြသူများက “ ဖမ်းဆီး သွားသော. NLD ဥက္ကဌ ဦးအောင်ခင်ဗိုလ်ကို ပြန်လည်လွှတ်ပေးမှသာ ဆန္ဒပြဟောပြောပွဲကို ရပ်ဆိုင်း မည်”ဟုတောင်းဆိုခဲ့တဲ့အပြင် လူထုရဲ့ ထောက်ခံ အားပေးမှု ကိုကောင်းစွာ ရရှိခဲ့ကြပါသည်။ ဆန္ဒပြသူများက မ. ရ. က ရုံးဆီချီတက် ဆန္ဒပြမည် လုပ်သည့်  အခါတွင် ပြည်သူများ က မသွားပါရန် နှင့် လူ အင်အားနည်းပါက အဖမ်းခံရနိုင်ကြောင်း စိုးရိမ်ကြီးစွာ အ ကြံပေး ကြပါသည်။
နောက်ဆုံး ကြားရသောသတင်းများ အရ.အာဏာပိုင်များက ဘိုကလေးမြို့ မဈေးကို ပိတ်လိုက်ကြောင်းကြားသိရပါသည်။ ဆန္ဒပြပွဲ ကတော့မူ..ဆက်လက်လုပ်ကိုင် ဆဲရှိကြောင်း သိရှိရပါသည်။
Posted by Ko Niknayman at 12:55 PM
သြစတြေလျနိုင်ငံတွင်လည်း မြို့ ကြီး (၄) မြို့ မှ မျိုးချစ်မြန်မာ (၂၀၀) ကျော်က ပြည်တွင်းတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ လူထုလမ်းလျှောက်ဆန္ဒပြပွဲများအား ထောက်ခံကြသည်။ နအဖနှင့် လက်ပါးစေများရဲ့  အကြမ်းဖက် လုပ်ရပ်အား ရှုတ်ချပြစ်တင်ကြသည်။ထို့ အပြင် မြန်မာနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့ များအား အ ပြိုင်အဆိုင်ဝယ်ယူနေကြသော အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ အား ကန့် ကွက်ရန်အတွက် အိန္ဒိယနှင့် တရုတ်သံရုံး များသို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်။မြန်မာပြည်အရေးကိစ္စအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတို အာဏာသုံးကာ ပယ်ချခဲ့သော တရုတ်အားလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဓါတ်ပုံများကြည့်ရန်အတွက်http://picasaweb.google.com/niknayman/DemonstrationInAustralia
Posted by Ko Niknayman at 3:08 PM
ပြည်သူများအတွက် လွတ်မြောက်ရေးလျှို့ ဝှက်လုပ်ငန်းများ လုပ်ဆောင်ခြင်း။ပြည်သူတွေ ဒီစာအုပ်ကို အထူးဖတ်သင့်ပါတယ်။ဖိုင်ကို ဒီမှာ download လုပ်နိုင်ပါသည်။
http://www.mediafire.com/?3tmtajmkjdn
Posted by Ko Niknayman at 3:19 AM
Powered by eSnips.com |
Powered by eSnips.com |