Wednesday, September 12, 2007

မမေဓါဝီအား လေးစားဂုဏ်ပြုပါတယ်။ အမှန်ကို လက်မခံတဲ့ နအဖကို ရှုတ်ချပါတယ်။

မမေဓါဝီ၏ ရေးသားမှုအား လေးစားဂုဏ်ပြုသောအားဖြင့်၎င်း မမေဓါဝီနှင့် ပြည်တွင်းဘလော့ဂါအချို့အားနအဖ မှ မတရား အကြောင်းမဲ့ ခေါ်ယူစစ်ဆေးခြင်းကို ကန့် ကွက်သောအားဖြင့်၎င်း ယခု `မြင်သမျှ ဘ၀င် မကျ၊ ရင်ဝ မသက်သာ´ ဆောင်းပါးကို နစ်နစ်မန်းမှ မိမိသဘောဖြင့် ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။

ကာယကံရှင်များအား အန္တရာယ်မပြုရန်နှင့် နစ်နေမန်း (niknayman@gmail.com) ထံ သိက္ခာရှိစွာဖြင့် တိုက် ရိုက် ဆက်သွယ်နိုင်ပါသည်။

မြင်သမျှ ... ဘ၀င်မကျ ... ရင်ဝ မသက်သာ ....

စောစောစီးစီး ဒီကနေ့ထုတ် သတင်းစာကို ဖတ်လိုက်မိပြီး စိတ်ထဲ ကလိကလိ ဖြစ်လာတာနဲ့ ဒီစာကိုရေးလိုက်မိ ပါတယ်။ သတင်းစာရဲ့ နောက်ကျောဖုံးမှာ မြင်သာ ထင်သာအောင် ပွိုင့်ကြီးကြီး စာလုံးမည်းကြီးနဲ့ ပြူးနေ အောင်ရေးထားပြီး ဘောင်ခတ်ထားတာမို့လည်း မြင်မိ ဖတ်မိသွားတာပါ။ ကျော်မင်းလူ (ရွှေပြည်သာ) ရေးတဲ့ “နှစ်ဘက်မျှမှ အဖြေလှမည်”ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်၊

သူ့ဆောင်းပါးပါ အကြောင်းအရာနဲ့ အချက်အလက်တွေ အားလုံးဟာဘ၀င်မကျစရာတွေချည်း ပြည့်နှက်နေပါ တယ်။ အဆိုးဆုံးက အခုမြင်ရတဲ့ အောက်စာပါ အကြောင်းအရာပါပဲ။



ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ကဲ …ကျမတို့ အခုလက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့မသုံးနှုန်းသင့်ပါဘူး။အာဏာကိုမတရားသိမ်းပိုက်ထားတဲ့အာဏာရှင်ဟာပြည်သူလူထုက တင်မြှောက် ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့)အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့် ရအောင်ပါ။

ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရ တာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်း သာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖထံကိုရောက်လာ ကြရတာမဟုတ်လား။

အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြု နိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက် တင် မြှောက် ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူ လူ ထုရဲ့စိတ်ကြိုက်မဟုတ်ဘဲမိမိသဘောနဲ့မိမိလက်နက်နဲ့ အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာအစိုးရ မမည် တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။

ဒါဆို အစိုးရကဘာလဲ။တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့အညီနေထိုင်ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏ ထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။

ထကြွ၊ နိုးကြား၊ သနား၊သည်းခံ၊ ဝေဘန်၊ထောက်ရှုဆိုတဲ့နာယကဂုဏ်ခြောက်ပါးနဲ့တောင် ပြည့်စုံအောင်ကျင့်ကြံ နေ ထိုင်ကြပါရဲ့လား။

ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။


ကျမတော့အဲဒီစာဖတ်ပြီးစိတ်ထဲ တော်တော်လေးကို ကသိကအောက်ဖြစ်မိတယ်။ဘယ့်နှယ် မနှိုင်းကောင်းနှိုင်း ကောင်း မိဘအရာဝင်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆိုခုလို လောင်စာဆီဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ် ပဲချ နေရမလို။


တကယ်တော့အစိုးရဆိုတာပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှအခက်အခဲအကြပ် အ တည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာရှိမှာလား။ ဒါကို သူတို့ကပြည်သူတွေ ရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ်သတ်မှတ်ခံချင်ရုံမက ကျေးဇူးဆပ်တာ လဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။

သူပြောသလိုမိဘပဲ ထားပါတော့။မိဘသိပ်ဖြစ်ချင်နေတယ်ဆိုတော့စိတ်ကူးထဲမှာမိဘအရာခဏထားကြည့်တာ ပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်းဆိုရင်ကိုယ်တိုင်ကရွှေပုံ စိန်ပုံပေါ်ထိုင်နေပြီး သားသမီးတွေလမ်း ဘေးရောက် ငတ်ပြတ်တာကြည့်နေမှာမဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကိုစီးပြီး သားသမီးတွေ ကုန်းကြောင်းလျှောက်နေရတာကိုဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ်အသုံးမကျတာကိုလည်းသားသ မီးကိုလက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့သေချာပြီ။ ဒါဆို အမေ နဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ပထွေးများဖြစ်နေမလား။ စဉ်းစားမိတာပါ။
နောက်ဆုံးတော့လည်းကျမတခါကရေးခဲ့ဖူးသလို“ဟာသအတွေး ဟာသ အမြင်”လို့သဘောထားလိုက် တာ ပဲ ခပ်ကောင်းကောင်းဆိုပြီး ရယ်ဖို့ကြိုးစားမိတယ်။ ဒါပေမဲ့ …ရယ်လို့လည်းမရတော့ အီလည်လည်နဲ့ သက်ပြင်း ကြီး သာချလိုက်မိပါရဲ့။

မေဓာဝီ
၂၄၊.သြဂုတ်၊ ၂၀၀၇ ၁၂ နာရီ ၃၀ မိနစ်

 
/* EOT ----------------------------------------- */