Sunday, September 16, 2007

စစ်တွေမြို့ အတွင်း (နအဖ)မှ သံဃာ့တပ်မတော်ကဲ့သို့  ဖွဲ့ စည်းကာလုံခြုံရေးချ။

ရခိုင်ပြည်နယ်။ စစ်တွေမြို့ တွင်လုံခြုံရေး အလွန်တင်းကြပ်စွာ ချထားသည့်အပြင် ကျောင်းထိုင်ဘုန်း တော်ကြီးများ လည်းလုံခြုံရေးကင်းလှည့်နေရပြီး။ဘုန်းကြီးကျောင်းတိုက် တိုင်းအားလည်း အမြဲမပြတ် စစ်ဆေးစောင့်ကြည့်လျှက်ရှိကြောင်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒြပ တောင်းဆိုမှုများတွင် ပါဝင် ပတ်သက်နေသော ရဟန်းတော်များနှင့်လူပုဂ္ဂိုလ်များအား လည်းဖမ်းဆီးနိုင်ရန်ဆုကြေးငွေ များထုတ်ပြန် ထားကြောင်းစစ်တွေမြို့ မှ အမည်မဖေါ်လိုသော ရဟန်းပျိုတစ်ပါးအား ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။

ဘုရားကြီးရှေ့  ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒြပတောင်းဆိုမှုဖြစ်ပွါးပြီးသည်မှစကာ စစ်တွေမြို့ အနှံ့ စစ်တွေအ ခြေစိုက်။ တပ်နယ်မြေမှူး ကိုယ်တိုင်ဦးစီးပြီး လုံခြုံရေးအထူးတင်းကြပ်စွာ ယူထားလျှက်ရှိသည်။

စင်တင်ဘာလ(၁၇)ရက်နေ့ ကို နောက်ဆုံးထားကာ (နအဖ)စစ်ခေါင်းဆောင်များက သံဃာတော်များအား ကိုယ် ထိလက်ရောက်ပြစ်မှားကျူး လွန်ပြီး၊ ကြီးမားသော ကံထိုက်နေမှုအပေါ် ၀န်ချတောင်းပန်ရန် တောင်း ဆိုချက်ထွက်ပေါ်လာပြီးနောက်၊ လုံခြုံရေးတပ်များအပြင် ၀ါတော်ကြီးကျောင်း ထိုင်ဆရာတော်ကြီးများပါမကျန် စက်တင်ဘာလ ဒုတိယ အပါတ်ခန့် ကစကာ လုံခြုံရေးကင်းလှည့်ရန် စစ်တပ်မှ အမိန်းချခံထားရကြောင်း ထို ရ
ဟန်းပျိုမှ ပြောပြသည်။။

ဘုရားကြီးစေတီနှင့် လောကာနန္ဒာစေတီတော်တ၀ိုက် ဆရာတော်ကြိးများ ကြီးကြပ်ကာကင်း လှည့်စောင့်နေ ရခြင်း ဖြစ်ပြီး၊ ပြည်နယ်သံဃာကောင်စီဆရာတော်ကြီးများ ဖြစ်သော ရတနာ ကျောင်းတိုက်ဆရာတော် ဘုရားကြီးများကိုယ်တိုင်ကြီး ကြပ်နေရကြောင်းနှင့် ယခုကဲ့သို့ ကင်း လှည့်စောင့်ရှောက်နေရခြင်းမှာ သံဃာ တော်များနှင့် ပြည်သူများ ဆူပူမှုဖြစ်ပွားလာက အချိန်မှီ ထိမ်းသိမ်းနိုင်ရန်အတွက် ဖြစ်ကြောင်း၊ ၄င်းရဟန်းပျိုမှ ဆက်လက်ပြောပြသွားသည်။။

စစ်တွေမြို့  အမှတ်(၁)ပြည်သူ့ ရဲစခန်းမှူး ကိုကိုဦး ဦးစီးသည့်တပ်ခွဲတခွဲသည်လည်း ဘုန်းတော်ကြီးကျောင်း တိုက် များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်နှင့်သံဃာတော်များအား ပြည်ပ အတိုက်အခံအင်အား စုများမှသူများ အစိုးရဆန့် ကျင့်ရေးလှုပ်ရှားမှုများအား လှုံဆော်စည်းရုံးရန်ရောက်ရှိမှု ရှိမရှိ မေးမြန်း မှုများရှိသည့်အပြင် သံဃာတော်များ.လှုပ်ရှားမှုများအား လည်း မျက်ခြေမပြတ်စောင့် ကြည့်လျှက်ရှိကြောင်းကို ထပ်မံပြောပြသည်။

“ပြည်ပမှအတိုက်ခံအဖွဲ့ အစည်းတွေကလူတွေဝင်ရောက်နေတယ်လို့ သူတို့ သတင်းရထားတဲ့ အဲဒီလူတွေရဲ့  ဓါတ်ပုံတချို့ ကို ပြပြီးတော့ သူတို့ ရောက်လားဆိုတာရယ်။ သူတို့ မြေးမြန်း နေတဲ့လူတွေကို သိမသိဆိုတာရယ်။

စစ်တွေ ရူပမြောက်ရပ်ကွက်က ကိုနိုင်နိုင်ရဲ့ ဓါတ်ပုံကိုလည်း ထုတ်ပြပြီး တော့ သိလားလို့ မေးတယ်”လို့  ပြောပြ သွားသည်။။

ပြည်ပမှအတိုက်အခံအဖွဲ့ အစည်းများ နှင့် ပြည်တွင်းရှိ လက်ရှိကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒြပလှုပ် ရှားမှုများတွင် ပါဝင်ပတ်သက်နေသော ရဟန်း လူပုဂ္ဂိုလ်များအား သတင်းပေးနိုင်လျှင်လည်းကောင်း၊ ပြ ပေးနိုင်လျှင်လည်းကောင်း ကျပ်ငွေ(၃)သိန်းမှ (၅)သိန်းထိ ဆုငွေအဖြစ်ချီး မြှင့် ပေးမည်ဟု တပ်နယ်မြေမှူး -သန်းထွန်းအောင်မှ အမိန့် ထုတ်ပြန် ထားကြောင်းကိုလည်း စုံစမ်း သိရှိရသည်။

 
/* EOT ----------------------------------------- */