Thursday, September 13, 2007

နိုင်ငံရေးဆိုတာ။


နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင်ကြုံတွေ့ နေရသော ကိစ္စပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ ၏ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုတို့ သည် နိုင်ငံရေးပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်မချင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ နိုင်ငံရေးကိုရှောင်ရှားစေကာမူ ကျွန်ုပ်တို့ နှင့် အမြဲဆက်နွယ်နေပေသည်။ ကျွန်ုပ်တို့ ၏ အိမ်၊ ရုံး၊ အလုပ်ရံတို့ တွင် နေ့ စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရ၏။

(ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်းကောက်နှုတ်ချက်။ ၂၀၊၀၁၊ ၁၉၄၆)။

နိုင်ငံရေးဆိုတာ နိုင်ငံအရေး တိုင်းသူပြည်သားတွေအရေးကို ဆောင်ရွက်တာဖြစ်သည်။

နိုင်ငံရေး (Politics) သည် ဂရိစကားဖြစ်သော (Politikos) မှ ဆင်းသက်လာခြင်းဖြစ်သည်။ (Polis) ဟူသော ဂရိဘာသားစကား၏ အနက်မှာ (City – State) မြို့ ပြနိုင်ငံ ဖြစ်သည်။

ထိုမြို့ ပြနိုင်ငံများ၏ အရေးအရာများကို စီမံခန့် ခွဲသော ဆောင်ရွက်သော သဘောတို့ ကို၎င်း၊ အခွင့်အာဏာကို၎င်း၊ အတတ်ပညာကို၎င်း ဂရိဘာသာစကားဖြင့် (Politikos) ဟုခေါ်ခြင်း ဖြစ်သည်။

ထို့ ကြောင့် မြန်မာပြည်သူများအနေနှင့် နိုင်ငံရေး (၀ါ)နိုင်ငံအရေးအတွက် လူတိုင်း တစ်ဦးချင်းစီတိုင်းပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ ပါဝင်ဆောင်ရွက်ရန်လည်း နိုင်ငံသားတစ်ဦး အနေဖြင့် ၀တ္တရားရှိသည်။ ထိုသို့  နိုင်ငံအ တွက် ပါဝင် ဆောင်ရွက်ခြင်း အားလည်း နှောင့်ယှက်တားဆီးပိတ်ပင်ခြင်း မရှိအပ်ပေ။

တိုင်းပြည်ကို အုပ်ချုပ်စီမံခန့် ခွဲသော အုပ်ချုပ်သူမှသာလျှင် နိုင်ငံရေးလုပ်ရမည် မဟုတ်။ နိုင်ငံအတွင်း မှီတင်း နေထိုင်သော နိုင်ငံသားတစ်ဦးချင်းစီတိုင်း လုပ်ပိုင်ခွင့်ရှိသည်။

နိုင်ငံအကျိုးကို ဆောင်ရွက်သော (၀ါ)နိုင်ငံရေးကို ဆောင်ရွက်သော နိုင်ငံသားသာလျှင် နိုင်ငံတော်အပေါ်သစ္စာ စောင့်သိရာ နိုင်ငံသားစစ်စစ် ဖြစ်ပေသည်။

နိုင်ငံအကျိုးကို လစ်လျူရှုသူနှင့် နိုင်ငံဆိုးကျိုးကိုဆောင်ရွက်နေသောသူသည် (အုပ်ချုပ်သူပင်ဖြစ်စေကာမူ) နိုင် ငံတော်၏ သစ္စာဖောက်ဖြစ်သည်။

ထို့ ကြောင့်နိုင်ငံသားတိုင်း မိမိတို့  နိုင်ငံအရေး (၀ါ)နိုင်ငံရေးကို နိုင်ငံအကျိုး အတွက်ထမ်းဆောင်ကြပါရန်တိုက် တွန်း လိုက်ရပါသည်။

(နစ်နေမန်း)

 
/* EOT ----------------------------------------- */