Thursday, September 13, 2007

မကောင်းဆိုးဝါးတွေကို တိုင်းပြည်အတွင်းမှ သံပုံးတီးမောင်းထုတ်ကြ။


သံဃာတော်များ၊ ၈၈-မျိုးဆက်ကျောင်းသားများ နှင့် ပြည်သူလူထုအပေါ် မတရားအကြမ်းဖက် ဖိနှိပ် နေသည့် စစ်အစိုးရအား ကန့် ကွက်သည့်အနေဖြင့် သံပုံးတီး ဆန္ဒပြပွဲများ ရန်ကုန်မြို့  လူနေရပ်ကွက် အတော်များများ တွင် ယမန်နေ့ ည (၁၁၊ ၉၊ ၂၀၀၇) ၇ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ပါသည်။

ယနေ့ (၁၂၊ ၉၊ ၂၀၀၇)ရန်ကုန်မြို့ တွင်ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းရှိ ကြံ့ဖွတ်များနှင့် စွမ်းအားရှင်များမှ တအိမ် တက်ဆင်းလိုက်လံပြီး သံပုံးမတီးခတ်ရန်သတိပေးပြောကြားလျက်ရှိပြီး၊ သံပုံးတီးပါကတီးသည့်အိမ်ကိုတက်ဖမ်း မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိပါသည်။

ထို့ အပြင်ယမန်နေ့ ကသံပုံးတီးခဲ့သည့်အိမ်များရှေ့ တွင်၎ယောက်တစု၊ ၅ယောက်တစု လူခွဲစောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

သံပုံးတီးဆန္ဒြပရန် ပြည်သူ လူထုအား နေ့ စဉ် မြန်မာစံတော်ချိန် ည၇ နာရီ မိနစ်၂၀ တွင် တကြိမ်၊ နှင့် ည ၈ နာ ရီ မိနစ် ၂၀ တွင် တကြိမ်။ စုစုပေါင်း ၂ ကြိမ် တီးခတ်ကြပါရန်နှင့် သံပုံးတီး ဆန္ဒြပပွဲကို သီတင်းပါတ် တပါတ် (၇ -ရက်) တိုင်အောင် ပြုလုပ်ကြဖို့  တိုက်တွန်း နှိုးဆော်ထားပါသည်။

 
/* EOT ----------------------------------------- */