ယခုလို နအဖအနေဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူများမှ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်တို့ အား တားဆီးပိတ်ပင်ခြင်းသည် အခြေခံလူ့ အခွင့်အရေးအား အလွန်အကျူးဖေါက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာရှုတ်ချလိုက်သည်။နအဖထင်သကဲ့သို့  ကျွန်ုပ်တို့  ဘလော့များအား ပိတ်လိုက်ခြင်းဖြင့် မြန်မာပြည်ပြည်သူလူထုလှုပ်ရှားမှုဆိုင်ရာ သတင်းများ ရပ်တန့် သွားလိမ့် မည်ဟုလည်းကောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ သဘောထားများအား တင်ပြစရာ မရှိတော့ဟု ထင်ခြင်းသည်လည်းကောင်း လုံးဝမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့ မှ မှန်ကန်စွာ ဖြစ်ပေါ်နေသော ပြည်တွင်းလှုပ်ရှားမှုသတင်းများအား ရသည့်မည်းလမ်းများဖြင့် အင်တာနက်မှဖြစ်စေ အခြားသောနည်းလမ်းများမှဖြစ်စေ ဆက်လက် တင်ပြ သွားမည်ဖြစ်ပါသည်။
Tuesday, September 25, 2007
ပြည်တွင်းမှ ကြည့်ရှုခွင့် မရရန် နအဖမှ နစ်နေမန်းဘလော့နှင့် ဆုံစည်းရာ ဘလော့တို့ အား ban လိုက်ပါကြောင်း။
Posted by
Ko Niknayman
at
8:33 PM