Wednesday, September 12, 2007

သင့်ရဲ့  အင်တာနက် လုံခြုံရေးကို အထူးသတိထားပါ။


သင့်ရဲ့ ကျွန်ပျူတာနှင့် အင်တာနက်ဆက်သွယ်လုပ်ဆောင်ပုံအဆင့်ဆင့်အကြောင်းသိထားဖို့  အရင်လိုပါတယ်။
ကွန်ပျုတာတလုံးကအင်တာနက်ထဲလိုက်ကြည့်နေရင်ဘယ်ကွန်ပျူတာကဘယ်နေရာကလာနေလဲဆိုတာပြဖို့အ တွက် IP Address တခုရှိရပါတယ်။ အဲဒါမှ တနေရာနဲ့တနေရာတလုံးနဲ့ တလုံးမရှုပ်ပဲ အလုပ်လုပ်လို့ ရမှာမို့ ပါ။

ကွန်ပျူတာတိုင်းရဲ့ အင်တာနက်တက်ဖို့ အတွက်သုံးရတဲ့ Modem မှာ (Wire, Wirelss) မှာ MAC Address ဆိုတာလည်း ရှိရပါတယ်။ အဲဒါက တကမ္ဘာလုံးမှာ တခုတည်းရှိရမဲ့ နံပါတ်တခုဖြစ်ရပြီး အဲဒါကြောင့်ပဲ ဘယ်သူ တွေ ဘယ်ကွန်ပျူတာက ဘာလုပ်ခဲ့သလဲစုံစမ်းသိနိုင်တာဖြစ်ပါတယ်။ အဲဒါက MAC Address စက်ရုံကထုတ် ကတည်းက သတ်မှတ်ထည့်ပေး လိုက်တာလည်း ဖြစ်ပါတယ်။

IP Address ဆိုတာ မှာ Class အမျိုးမျိုးရှိပေမဲ့ MAC Address တွေ (အင်တာနက်တက်ခွင့် ငှားရမ်းသူတွေ) အခကြေးငွေတခုယူပြီး အင်တာနက်ကို သုံးဆွဲနိုင်ဖို့  ကွန်ပျုတာတလုံးကို လိပ်စာတခု ပေးထားတယ်ပဲမှတ်ယူ ပါစို့ ။

ISP (Internet Service Provider) တွေဟာ Fixed (Static) IP Address တွေ ၀ယ်ထားရပါတယ်၊အဲဒါကအိမ် မှာတပ်ထားတဲ့ဖုံးနံပါတ်လိုမျိုးတွေပါ။ အဲဒီကမှ ကိုယ်(အင်တာနက်သုံးစွဲခွင့်)ေ၇ာင်းထားတဲ့ ကွန်ပျူတာတွေဆီ တခုချင်း အလှည့်ကျ အင်တာနက် တက်လို့ ရအောင် Dynamic IP Address အနေနဲ့ တလှည့် ဆီပေးသုံးပါ တယ်။ ဒါမှ ၀ယ်ထားတာ နဲ့ ပိုများတဲ့ အရည်အတွက်ရှိတဲ့ ကွန်ပျူတာတွေ အင်တာနက်တက်နိုင်မှာဖြစ်လို့ ပါ။

ကွန်ပျူတာတလုံး IP Address တခုသာ အသေထားရင် တွက်ခြေမကိုက်နိုင် တာကြောင့်လို့ ပဲ ဆိုပါရစေ။

ကွန်ပျူတာတလုံးဟာ အင်တာနက်ထဲတက်ပြီဆိုတာနဲ့ ၀က်ဘ်ဆိုက်တခုကို ကြည့်လိုက်တာနဲ့ သူ့ Address က အဲဒီ ၀က်ဘ်ဆိုက် (Host) ထားတဲ့ ဆာဗာကွန်ပျူတာ မှာသွားပေါ်ပါတယ်။

အဲဒါတွေကို အဲဒီဝက်ဘ်ဆိုက်က အားလုံးမှတ်တန်းတင်သိမ်းဆည်းထားပါတယ်။ Log File လို့  ခေါ်ပါတယ်။

IP Address ကနေ ဘယ်ကွန်ပျူတာက နေလာကြည့်နေသလဲသိနိုင်ပါသလား၊
သိနိုင်ပါတယ်။

အထက်ပါဖြစ်စဉ်ကနေကြည့်ပါ။ ၀က်ဘ်ဆိုက်မှာ IP Address ပေါ်ပါတယ်။ အဲဒီကနေ IP Address ကနေလာ တယ်သိနိုင်ပါတယ်၊ ISP က Fixed IP Address ၀ယ်ထား သုံးထား ရလို့  ဘယ်ဒေသ၊ ဘယ်ပိုင်ရှင်၊ဘယ်ဖုံးနံ ပါတ် အတိအကျ အစိုးရဆီမှာ မှတ်ပုံတင်ထားရပါတယ်။

အဲဒီ ISP ကတဆင့် အဲဒီ IP Address ကို ချပေးလိုက်တဲ့အချိန်ကိုကြည့်ပြီး ဆာဗာ Log File မှာသွားရှာရင် ဘယ် အချိန်မှာ ဘယ်ကွန်ပျူတာကို အဲဒီ IP Address ပေးလိုက်သလဲ သိပါတယ်။

အဲဒီ ISPတဆင့်သူရောင်းထားတဲ့သုံးစွဲသူများထဲက ဘယ်ကွန်ပျူတာကနေ အဲဒီအချိန်မှာ ဘယ်သူအင်တာနက် သုံးခဲ့သလဲသိနိုင်ပါတယ်။

အင်တာနက်ကဖေးကနေအင်တာနက်တက်ရင်ရောတက်တဲ့သူဘယ်သူလဲဆိုတာ အတိအကျ သိနိုင်ပါ့မလား။ သိနိုင်ပါတယ်။ စုံစမ်းနိုင်ပုံအဆင့်ဆင့် ရေးပြပါ့မယ်။

ပထမ IP Address ကနေ ဘယ် ISP လာသလဲသိမယ်။

အဲဒါက မြန်မာပြည်တွင်းက မြန်မာ့ဆက်သွယ်ရေး ကဆိုပါစို့  မြန်မာပြည်ဟာပြည်တွင်း အ၀င်အထွက်အားလုံး ကို ထိန်းချုပ်ထားတာမို့ မြန်မာပြည်အ၀င် အထွက်ပေါက်က Proxy Server ရဲ့ LogFIle သွား ကြည့်ပါမယ်။

အဲဒါဆို အဲဒီနေ့ အဲဒီအချိန်မှာ မြန်မာပြည်တွင်းထဲက ဘယ်ကွန်ပျူတာကနေ လာသလဲသိနိုင်ပါပြီ။

အဲဒီကွန်ပျူတာဟာ ရန်ကုန်မြို့ က အင်တာနက်ကဖေးဆိုင်တခုဆိုပါစို့ ။အဲဒါဆိုရင် အဲဒီဆိုင်ကို တာဝန်ရှိသူတွေ သွားမယ်၊ အဲဒီနေ့ အဲဒီအချိန် မှာ အဲဒီ ကွန်ပျူတာ ရှေ့  ထိုင်သွားသူကို လုံခြုံရေးကင်မရာ ကနေသော်လည်း ကောင်း၊ မှတ်ပုံတင်လက်မှတ်တောင်းပြီး စာရင်းဖြည့်သုံးစွဲထားစေထားရင်အဲဒီမှတ်ပုံတင်ကနေသော်လည်း ကောင်း ဘယ်သူသုံးသွားသလဲ အတိအကျ သိနိုင်ပါတယ်။

မိမိ IP Address မသိအောင်ဘယ်လိုကာကွယ်နိုင်မလဲ။

မိမိဘယ်ကလာသလဲ၊ဘယ်နယ်ကလဲ တဖက်သား မသိနိုင်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုပါစို့ ၊

IP Address, MAC Address တွေဆိုတာက အိမ်မှာတပ်ထားတဲ့တယ်လီဖုံးနဲ့ တယ်လီဖုံးနဲ့ပါတ်လိုဖြစ်တာမို့ ဖုံး သ ရဲ လုပ်ဆက်ထားတာကို ဖမ်းချင်ရင် ဆက်သွယ်ရေးဌာနတန်းမေးလိုက်လို့ ရသလိုရောက်လာမဲ့ ငွေတောင်း လွှာမှာ အဲဒီအချိန်ကဆက်သွားသူရဲ့နံပါတ်ရှာကြည့်ရင်လည်းသိနိုင်ပါတယ်ဆိုပါရစေ။

အဲဒီအတိုင်းပါပဲ မိမိဘယ်နေရာကလာသလဲမသိအောင်လုပ်ဖို့ နည်းနည်းခက်ပါတယ်။ ဒါပေမဲ ကံကောင်းတာ က (အထူးစပယ်ရှယ်) နံပါတ်ပဲရှိပြီး လိပ်စာလိုက်လို့ မရနိုင်တဲ့လက်ကိုင်ဖုံးတွေရှိသလို ကွန်ပျုတာကိုလည်း လိပ် စာပျောက် IP Address ပျောက်လုပ်လို့ ဖြစ်နိုင်ပါတယ်။

ဆိုလိုတာက..

အင်တာနက်သုံးစွဲသူတယောက်ဟာ အခြား Proxy Server တွေသုံးပြီး အဲဒီနေရာတွေကနေ ၀က်ဘ်ဆိုက်တွေ ထဲဝင်လို့ထွက်လို ရနိုင်ပါတယ်။

အဲဒါကြောင့် ဟက်ကာ(Hacker) တော်တော်များများဟာ ကျောင်းတွေ၊ စာကြည့်တိုက်တွေလို အင်မတန်လူအ ၀င်အထွက်များတဲ့ နေရာတွေကတဆင့် ၀င်ထွက်ပြုလုပ်ကြတာဖြစ်ပါတယ်၊ အဲဒီနေရာတွေက Proxy Server တွေ အခြားကွန်ပျူတာတွေသုံးပြီးံ Hack ကြတာပါ။ တချို့ ကျတော့ လုံခြုံမှုအားနည်းတဲ့ အိမ်တအိမ်က ကွန်ပြူ တာထဲ ထိုးဖောက်ဝင်ရောက်ပြီး အဲဒီကတဆင့် ဘဏ်တွေ ငွေကြေးစံနစ်တွေထဲကို ထိုးဖေါက်ကြတတ်ပါတယ်၊ အဲဒီထိုးဖောက်ပုံတွေက အခုတော့ပစ်နဲ့ သိပ်မဆိုင်လို့ ထားခဲ့ပါမယ်။

ကိုယ်နေရာကို (ကိုယ်ဘယ်သူလဲ) မသိအောင် ကာကွယ်နည်း များများစားစားရှိမယ်မထင်ပါ၊ အရင်ဆုံးကိုယ် လာတဲ့နေရာကိုပြတဲ့ ကို ဖျောက် ( Fake, Hide IP Address) လုပ်တဲ့နည်းက လွယ်မယ်ထင်ပါတယ်။

အင်တာနက်ထဲမှာ အိုင်ပီလိပ်စာကို အတုပြလို့ ရတဲ့ဆော့ဖ်ဝဲတွေရှိပါတယ်၊ သုံးနိုင်ပါတယ်၊ အဲဒါဆိုဆာဗာမှာ သွား ပေါ်နေတဲ့ IP Address က အမှန်မဟုတ်လို့ Fake IP Address ဖြစ်လို့  လိုက်ရပြုရ တော်တော်လေးခက် သွားနိုင်ပါတယ်။

နောက်တခုကသူများ Proxy Server ခံသုံးတာပါ အဲဒါနဲ့လည်း ကိုယ်ရဲ့  IP Address ကို လိုက်ရခက်သွားနိုင်ပါ တယ်။

တရားရုံးကိစ္စများမဟုတ်ရင် သာမန်အားဖြင့်တော့ နိုင်ငံခြားက ISP တွေ၊ ဆာဗာတွေ၊ရဲ့ Administrator, Webmaster တွေက သူတို့ ရဲ့ Log File တွေ ဒေတာ Data တွေ ကို အခြားသူတွေကိုလွယ်လွယ်နဲ့ မပေးတတ် ပါ။

နောက်တခုက ကိုယ့် ISP ရဲ့ Proxy Server ကို ကျော်သုံးတာပါ။ အဲဒီအတွက်ဆော့ဖ်ဝဲတွေရှိပါတယ်၊
ခြေရာခံလို့ရမဲ့ လိပ်စာ ပျောက်မှတော့ မိမိနေရာကို လိုက်ရခက်သွားမှာဖြစ်ပါတယ်။

တခုတော့ရှိပါတယ်၊

ဥပမာ ကိုယ်က ၀က်ဘ်ဆိုက်တခုမှာ ဘာလုပ်ခဲ့သလဲ။

အခုအချိန်မျိုးလွယ်လွယ်ပြောရရင် ဘလော့ဂ် (Blog) တခုရဲ့ စီဘောက်စ် (CBox) မှာ တခုခုရေးလိုက်ပြီဆိုပါစို့။

စကားစပ်မိလို့ ပြောရရင် (CBox) ဟာ သာမန် (iFrame) ဆိုတာမျိုးနဲ့ (www.cbox.ws) က Chat Script ကို ဆွဲယူ ပြနေသာတာဖြစ်တာမို့  လုံခြုံရေး အားနည်းပါတယ်။

(Blog)ပိုင်ရှင်သာမဟုတ်ပဲ အခြားသူများကလည်း (CBox)မှာရေးသားထားသူရဲ့ IP Address ကိုဖတ်ကြည့်လို့  ရနိုင်ပါတယ်လို့ ပါ။

အဲဒီနေရာမှာ ရေးထားတဲ့ သတင်းစကားကတဆင့် ရေးသူဘယ်နေရာဘယ်ဒေသကလည်း ခန့်မှန်းမိ နိုင်ပါ တယ်။

မိမိကိုယ်မိမိ လုံခြုစိတ်ချစေချင်ရင် မြန်မာပြည်အတွင်းမှာနေထိုင်သူဆိုရင် (Email) ကနေတဆင့် လိုချင်တဲ့ သတင်းကို Blog ပိုင်ရှင်ထံ အီးမေးလ်နဲ့ ပို့ ပေးပြီး တင်ခိုင်းရင် အကောင်းဆုံးလို့ သုံးသပ်မိကြောင်းပါ။

ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ (News Group) လိုမျိုးတွေ၊ Forum တွေကနေ တဆင့်တင်တာက Chat တွေမှာ ရေးတင်တာထက် အများကြီးလုံခြုံစိတ်ချရပါတယ်။

မိမိရဲ့  Privacy တွေလုံခြုံစေချင်ရင် မိမိရဲ့ကွန်ပြူတာကို (Password)နဲ့ပိတ်ထားပါ။

အဲဒီလိုလုပ်ထားတာဟာ အနီးက (Work Group)တူတဲ့သူတွေကို Local Network အနေနဲ့ အတိုင်းအတာ တခုအထိ တားဆီးနိုင်ပေမဲ့၊ ကွန်ပျူတာရှေ့ လာထိုင်နေတဲ့သူကိုတော့ ဆော့ဖ်ဝဲတချို့  နဲ့  လွယ်ကူစွာပဲ ဖေါက် ထွင်းဝင်ေ၇ာက်နိုင်ကြောင်း သိထားသင့်ပါတယ်။

ကွန်ပြူတာကို တယောက်ယောက်က သိမ်းဆည်းပြီး စစ်ဆေးနေရင် ဘယ်လိုမှ မကာကွယ်နိုင်ပါ။

Boot CD တချပ်နဲ့  အလွယ်တကူ (Adminstrator Password) ကို ကျော်ဖြတ်လို့ ရလို့ပါ။

လုပ်သင့်တာတချို့ ရေးထားပေးပါမယ်။

အရေးကြီးတဲ့ မှတ်တန်းများကို လိုရာပို့ ပြီးတာနဲ့ ဖျက်ပစ်ပါ။

အရေးကြီးတဲ့ဒေတာ Date, File တွေထားတဲ့နေရာ (Email) ကို သီးသန့် ထားသုံးပါ၊ (Gmail)ဟာများစွာစိတ်ချ ရတဲ့ နေရာဖြစ်ပါတယ်)။

Mail Box အထဲမှာ သိမ်းဆည်းတာက မိမိရဲ့ကွန်ပြူတာထဲသိမ်းတာထက်အများကြီးစိတ်ချရတယ်သိထားပါ။

ကိုယ့်ကွန်ပြူတာ ထဲအခြားသူထိုးဖေါက်ဝင်ရောက်ခြင်းမပြုနိုင်ရန်ဘာတွေ ပြင်ဆင်လုပ်ထားရမလဲ

အများကြီးလုပ်ထားနိုင်ပါတယ်။

သာမန်အခြေခံလွယ်တာလေးတွေပဲရေးသွားပါမယ်။

ကွန်ပျူတာကို (Password)နဲ့ ပိတ်ထားပါ။ Password ကို မကြာမကြာ ပြောင်းပေးပါ။
အနည်းဆုံး စာလုံး၁၁ လုံးကို မြန်မာအမည်ရွေးသုံးပါ၊( အချိ့  English Dictionary နဲ့ တိုက်ပြီး ရှာကြပါ)။

(WorkGroup) နေရာမှာ ကိုယ်ပိုင်စိတ်ကြိုက်အမည်တခုခု ပြောင်းထားပါ။

သာမန်ဝင်းဒိုးအင်စတော Windows Install လုပ်ချိန်မှာ ပါလာတဲ့ (Default) အမည် (Workgroup) ဖြစ်နေရင် အခြားသူများထိုးဖေါက်ဝင်ရောက်ရလွယ်ပါတယ်။

ကိုယ့်ရဲ့ (Internet Browser) ရဲ့ (Temporary Internet Files, Cookies, History, Form Data,Passwords) တွေအမြဲ Delete လုပ်ပါ။ Internet Explorer >Tools menu >Internet Options) မှာ ရှာလုပ်ပါ။

အရေးကြီးတဲ့ဘဏ်စာရင်းတွေ ဓါတ်ပုံတွေ အီးမေးလ်တွေကို ကွန်ပြူတာထဲမသိမ်းပဲ တခြားနေရာမှာ ခွဲသိမ်းပါ။

Anti Virus, Anti-Spyware တခုခုကို Install လုပ်ထားပါ။

သိသင့်ရန်ဝက်ဆိုဒ်များမှာ -

IP Address ကနေ မိမိ ISP နေရာသိနိုင်တဲ့ ၀က်ဘ်ဆိုက်က - http://www.ip-adress.com/

အိုင်ပီလိပ်စာ IP Address ပြင်နိုင်သော ပုန်းထားန်ုင်သော ဆော့ဖ်ဝဲရှိရာ ၀က်ဘ်ဆိုက်တခု - http://www.maskmyip.com/


တင်ပြသူ - ကိုင်

 
/* EOT ----------------------------------------- */