Friday, September 7, 2007

မကဒတ (ABSDF).အရေးပေါ်ထုတ်ပြန်ကြေညာချက်

ပခုက္ကူမြို့နှင့်နိုင်ငံတ၀ှမ်း အုံကြွလှုပ်ရှားလျက်ရှိသော သံဃာတော်များဦးဆောင်နေသည့် လူထု တိုက်ပွဲများ အပေါ် မကဒတ . ထုတ်ပြန်ကြေညာချက်

၁။ စက်တင်ဘာလ ၅ ရက်နေ့ နှင့် ၆ ရက်နေ့ များတွင် ပခုက္ကူမြို့ အုံကြွလှုပ်ရှားမှုများ ကို နအဖ စစ်အုပ်စု.လက်
ကိုင်တုတ် များက မတရား ဖိနှိပ်ရက်စက် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း သံဃာတော်များ နှင့် လူထု တရပ်လုံးမှ တုန့် ပြန်လှုပ်ရှား တိုက်ပွဲဝင်နေမှု များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)မှ အပြည့်အ၀ ထောက်ခံ အားပေးလိုက်သည်။

၂။ အလားတူ နိုင်ငံတ၀ှမ်း လှုပ်ရှားတိုက်ပွဲဝင်နေသူများအားလုံးကိုလည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် စုစည်း နိုင်စေရန် ကြိုးပမ်းကြစေလိုပါသည်။

၃။ ယနေ့ ကာလသည် မြန်မာနိုင်ငံတ၀ှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင် ဆင်နွဲရမည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လူထုတိုက်ပွဲကြီးပင်ဖြစ်သည်။

၎။ နိုင်ငံတ၀ှမ်းလုံးရှိ သံဃာတော်များ။ ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးအား မကဒတ ဥက္ကဌ ရဲဘော်သံခဲမှ ယခုကဲ့သို့ ပန်ကြားလိုက်ပါသည်။

“ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူများအားလုံးခင်ဗျား - ဒီကနေ့  ဒီအ ချိန်မှာ တနိုင်ငံလုံး အစွမ်းကုန် စုစည်းညီညွတ်ပြီး တိုက်ပွဲဝင်ကြပါ၊ ကျနော်တို့  မကဒတ အနေနဲ့ လည်း ကျရာ နေရာကနေ လက်တွဲတိုက်ပွဲဝင်သွားဖို့  အဆင်သင့်ရှိနေတယ်ဆိုတာကို လျှောက်ထား ပန်ကြားလိုပါတယ်”

၅။ မကဒတ အနေဖြင့် နိုင်ငံတ၀ှမ်း လူထုတိုက်ပွဲကြီး အရှိန်မြှင့်ဆင်နွဲသွားကြရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဖော်ပြရင်း ယခုကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်၊

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ရက်စွဲ၊ ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၆ ရက်

 
/* EOT ----------------------------------------- */