သာသနာရေးဝန်ကြီး ဗိုလ်ချုပ်သူရ မြင့်မောင်မှ နာယကသံဃာတော်ကြီးများ ကိုမဟုတ်တာ တွေလျှောက်ပြော ပြီးတိုင်တည်ကာ လိမ်ညာသွားပါတယ်။
သံဃာနာယကဆရာတော်တွေကိုလျှောက်ပြီး ဓမ္မစက်ဖြင့်ဆက်လက်အရေးယူမည်ဟုပြောပြီး၊ သံဃာတော် ကြီးတွေကိုအကြံဥာဏ်တောင်းခံတော့ နာယကသံဃာတော်ကြီးတွေက ၀ိနည်းစည်းကမ်း တွေကို ပြန်ပြောပြပါတယ်။ ဒီတော့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ လို့မေးတယ်။
နာယကသံဃာတွေကဘာမှပြောစရာမရှိတော့ဘူးလို့ပြောတော့ ဓမ္မစက်ဖြင့်ဆက်လက် အရေးယူမည်ဟု ဗိုလ်ချုပ်သူရမြင့်မောင်က အတင်းပြောသွားပါတယ်။ အခုလိုလမ်းပေါ်မှာလျှောက်တာ ၀ိနည်းနဲ့မညီဘူးလို့  ပြောပါတယ်။ ပြီးတော့အခုလမ်းလျှောက်နေတာသံဃာတော်ဦးရေဟာ အားလုံးရဲ့(၂)ရာနုန်း ပဲရှိတယ် လို့ပြောပြီး၊
ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်မှာလည်း NLD ၅၀ ဦးနဲ့သံဃာတွေကကျောင်းကိုရေသန့်ဗူးနဲ့ပစ်လို့ မှန်တံခါးတွေ ကွဲသွားတယ်လို့လဲစွတ်စွဲပါတယ်။ အဲဒီလိုပြုလုပ်ရင် ရဟန်းသည် သင်္ဃန်းရုံတာပဲရှိပြီး ရဟန်းမမည်လို့ပြောပြီး ထို့ပြင် သံဃာတစ်ပါမှထိုသို့ပြုမူလျှင်ကျန်သံဃာများပါအကျုံးဝင်သည်ဟု လိမ်လည်ပြောဆိုသွားပါတယ်။
သံဃာနာယကဆရာတော်ကြီးတွေကိုတောင် ဘုန်းကြီးစာချလုပ်ပြီး လက်ရှိ အေးချမ်းစွာ ဆန္ဒပြနေတဲ့ ရဟန်းံဃာတော်တွေကို စွပ်စွဲပြောဆိုကာ တိုင်းပြည်ကို လိမ်ညာသွားပါကြောင်း။