Tuesday, March 4, 2008

ဒေါ်အောင်ဆန်းစုကြည် အိမ်အနား သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွား။

တနင်္လာနေ့ ညပိုင်း ကဖြစ်တောင့်ဖြစ်ခဲ သေနတ်ပစ်ခတ်မှု တစ်ခု ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း မှာ ဖြစ်ပွားခဲ့ပါသည်။ အစိုးရဧည့်ဂေဟာ အနီး နှင့် မျာ ဖြစ်ပွားခြင်းဖြစ်ပါသည်။ ထိုဧည့်ဂေဟာ မှာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ တွေ့ဆုံရေး ၀န်ကြီး တွေ့လျှင် အသုံးပြုပါသည်။ ထို့အပြင် သူမ၏ အိမ်နှင့် မလှမ်းမကမ်းတွင်ရှိပြီး သူမအိမ် မှာ အစိုးရ မှ အမြဲတန်း အစောင့်ချထားသော နေရာဖြစ်ပါသည်။

အနီးပတ်ဝန်ကျင် မှ သူများ ပြောပြချက်အရ ဘာဖြစ်တယ် ဆိုတာ အသေအချာ မပြောနိုင်သေးပါဘူး၊ ၅ ယောက်သေတယ်လို့ကြားပါတယ်၊ လင်မယား၂ ယောက် ၊ သမီး ၂ ယောက် နှင့် အိမ်ဖော်တို့ ဖြစ်ပါတယ်။ ရဲစခန်း မှတ်ချက် မပေးသေးပါ။ တိုင်းရင်းသား လူမျိုးစု များနှင့် နယ်စပ်ဒေသများမှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်နေပီ ဖြစ်တဲ့ မြန်မာပြည်မှာ ဒါမျိုးက အလွန့် ကို ဖြစ်တောင့်ဖြစ်ခဲပါ။ သာမန် ပြည်သူတွေ ဟာ လက်နက် ကိုင်ဆောင်ခွင့်လုံးဝ မရှိသောနိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် လုံခြုံရေး အပြည့်အ၀ ထားတဲ့ ဒီလိုနေရာမျိုးမှာ ဖြစ်တယ် ဆိုတာ ပိုပြီး အံသြစေပါသည်။

(AFP သတင်း)။

---------------------

မနေ့ ညနေ (၆) နာရီခန့် က အမည်မသိ လူတစ်စုက ပြစ်ခတ်သတ်ဖြတ်တာပါ။ Fuji House coffee shop ရဲ့  ပိုင်ရှင်ဖြစ်သူ ဥိးသူဇော်ရဲ့ နေအိမ်ဖြစ်ပါတယ်။ မနေ့ ညနေက ဦးသူဇော် ၄င်းရဲ့ အိမ်ကိုပြန်ချိန်မှာ ယောက္ခထီးဖြစ်သူ ဦးစောကြည်ဖေ၊ ယောက္ခမဖြစ်သူ ဒေါ်နန်းစန်းမြ၊ မိန်းမဖြစ်သူ မမြစန္ဒာ၊ ခယ်မဖြစ်သူ မနှင့်ပွင့်အေးနဲ့  အိမ်ဖေါ်ဖြစ်သူ မနော်အေးဖူးတို့  သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ ရတာဖြစ်ပါတယ်။

(Asia-Pacific News - သတင်း) ။

 
/* EOT ----------------------------------------- */