Wednesday, March 12, 2008

ဂမ္ဘာရီခရီးစဥ္အၿပီး ကုလသမဂၢက ျမန္မာ့အေရး ဆက်ပြီး ဖိအားပေးမည်

မတ် ၁၁ ။ ၂၀၀၈
မြန်မာပြည်ကို ၅ ရက်ကြာခရီးသွားခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရဲ့ ခရီးစဉ်ဟာ မျှော်လင့်ထား သလောက် တိုးတက်မှုတွေမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr Ban Ki-moon) က ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ ၅ ရက်ကြာ နေခဲ့ပေမယ့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခွင့်မရခဲ့ဘူး။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ တိုးတက်မှု တစူံတရာမရဘဲ မြန်မာပြည်ကနေ မစ္စတာဂမ်ဘာရီ ပြန်လာခဲ့ရပါတယ်။

ဒါပေမယ့် မစ္စတာဘန်ကီမွန်းက မြန်မာပြည်မှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အရေး ဆက်ပြီး တော့တွန်းအားပေး လုပ်ဆောင် သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒီတခေါက် ဂန်ဘာရီရဲ့ မြန်မာပြည် ခရီးစဉ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်၊ အန်န်အယ်လ်ဒီ ဗဟိုကော်မတီအဖွဲ့ ၀င် ငါးဦးနဲ့ တကြိမ် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ပအို့ဝ်အဖွဲ့ဝင်တွေနဲ့ပါ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကတော့ မြန်မာစစ်အစိုးရအနေနဲ့ လမ်းပြမြေပုံ ၇ ချက်ကို မပြောင်းလဲဘဲ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ မစ္စတာဂမ်ဘာရီကို အတိအလင်း ပြောဆိုခဲ့ပါတယ်။

 
/* EOT ----------------------------------------- */