Tuesday, March 18, 2008

နအဖ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းမှာ ဒါတွေပါတယ်


+ စစ်တပ် အကြီးအကဲ (သို့မဟုတ်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ယောက် ပိုင်ဆိုင်ထားပြီး မိမိ စိတ်ကြိုက် ညွှန်ကြားနိုင်ခွင့် ရှိသည်။
+ ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်အင်အား တိုးချဲ့မှု၊ ရာထူး အပြောင်းအလဲ၊ စစ်တပ်နေရာ ချထားမှု၊ စစ်တပ်အတွက် နှစ်စဉ် ကုန်ကျစရိတ်၊ စစ်လက်နက် ဝယ်ယူမှု၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို စိတ်ကြိုက် စီမံခွင့်ရှိ။
+ သမ္မတနဲ့ ဒု-သမ္မတ ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများတွင်
(က) လွှတ်တော် ကိုယ်စားလှယ် ဖြစ်ရန်မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်။ နိုင်ငံအတွင်း အနည်းဆုံး အနှစ် ၂ဝ တဆက်တည်း နေထိုင်သူ ဖြစ်ရမည်။

+ လွှတ်တော် အသီးသီးတွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ပေးသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅% ပါဝင်ရမည်။
+ ကာကွယ်ရေး ဦးစီးချုပ်ကသာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး တို့ကို ရွေးချယ်နိုင်သည်။
+ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် စစ်ဖက်ပုဂ္ဂိုလ်များ လွှမ်းမိုးထားသည်။
+ မည်သည့်လွှတ်တော်၏ သဘောတူညီချက်ကိုမှ ရယူရန်မလိုဘဲ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ဖြင့်သာ နိုင်ငံတော်သမက ကာကွယ်ရေး ဦးစီချုပ်ကို ခန့်ထားရခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတို ပြုလုပ်ရသည်။
+ ပြည်နယ်/တိုင်း ၀န်ကြီးချုပ် (Chief Ministers) များကို နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း (Nominate) ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ သဘောတူညီချက်ကို ရယူကာ နိုင်ငံတော်သမ္မတက ခန့်အပ်ပေးရန် မူချမှတ်ထားသည်။
+ ပြည်နယ်/တိုင်း ၀န်ကြီး ဌာနများကို တည်ထောင်ခွင့်နှင့် ၀န်ကြီးများ ခန့်အပ်ပိုင်ခွင့်ကိုလည်း သမ္မတကိုပင် အာဏာအပ်နှင်း ထားပါသည်။
+ လွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး လက်မှတ်ရေးထိုး အဆိုပြု တင်ပြမှသာ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်အတွက် ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးနိုင်မည်။

မှတ်ချက်။။ ။။ မဇ္ဈိမသတင်းဌာန ၏ Tuesday, 18 March 2008 13:35 - မြန်မာစံတော်ချိန် သတင်းကိုကူးယူဖော်ပြထားပါသည်.
စာဖတ်သူများဖတ်ရှု ၍ တရားမျှတမှုရှိမရှိ..ဆုံးဖြတ်စဉ်းစားပေးကြပါခင်ဗျား

 
/* EOT ----------------------------------------- */