Wednesday, March 12, 2008

ပူဇော်ထိုက်သူကို ပူဇော်ခြင်း။ ကလော်ထိုက်သူ ကို ကလော်ခြင်း

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ မယိမ်းမယိုင် ရပ်တည်နိုင်တဲ့သူပါ။ သူ့ရဲ့ သတ္တိနဲ့ သူ့ရဲ့ ရေးသားဖော်ပြချက်တွေက ကမ္ဘာက လူသန်းပေါင်းများစွာကို သတ္တိတွေ ကောင်းလာအောင်၊ အင် အားတွေရှိလာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ မြန်မာစစ်အာဏာရှင် ဗိုလ် ချုပ်ကြီးတွေရဲ့ ရင်ထဲမှာ စိမ့်ပြီး ကြောက်လာအောင် လုပ်နိုင်တဲ့ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။”


ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိကို သမ္မတဘုရှ် ချီးကျူးဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့လ ဖြစ်တဲ့ မတ်လ မှာ အမေရိကန် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် (George W. Bush) က သမ္မတအိမ်ဖြူမှာ အခမ်းအနား တရပ်ကျင်းပပြီး ကမ္ဘာ တလွှား မှာရှိတဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲတွေဝင်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။
အခုလို ဂုဏ်ပြုတဲ့အခါ ကမ္ဘာတလွှားက အမျိုးသမီး တွေထဲက သူ့နိုင်ငံ၊ သူ့ဝန်းကျင် အတွက် အပြောင်း အလဲတွေကို ဖြစ်စေခဲ့သူ အရင့် အရင်က အမျိုးသမီးကြီးတွေကိုသာမကဘဲ အခုလက်ရှိကာလမှာ နိုင်ငံနဲ့လူမျိုးအတွက် အပြောင်းအလဲတွေ ဖြစ်လာစေသူ သက်ရှိထင်ရှားရှိသူတွေကိုပါ ဂုဏ်ပြုခဲ့တာ တွေ့ရပါ တယ်။

ဂုဏ်ပြုပွဲမှာ သမ္မတဘုရှ်က …
“ကျနော်တို့ပြည်တွင်းထဲက အမျိုးသမီးတွေအတွက် ကျနော်တို့ ဂုဏ်ယူနေတာနဲ့ တချိန်တည်းမှာပဲ တခြား နိုင်ငံ တွေမှာလည်း အမျိုးသမီးထုကြီး သန်းပေါင်းများစွာဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေ ရနိုင်ဖို့အတွက် လုပ်ဆောင်နေကြတယ်ဆိုတာ ကျနော် တို့ သိထားပါတယ်။”

သမ္မတဘုရှ်ဟာ ဒီဂုဏ်ပြုပွဲမှာ အာဖဂန်နစ္စတန်နဲ့ အီရတ်လိုမျိုး ဒီမိုကရေစီ စတင် ထွန်းကား လာနေတဲ့ နိုင်ငံမျိုးက အမျိုးသမီးတွေထဲက ဒီမိုကရေစီရေးအတွက် အဓိက ကြိုးပမ်းနေသူတွေကို ထူုတ်ဖော်ဂုဏ်ပြုခဲ့ ပါ တယ်။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံ သမ္မတ အယ်လန်ဂျွန်ဆင် ဆီရာလိဖ် (Ellen Johnson Sirleaf) ကို နမူနာပြပြီး နိုင်ငံ တနိုင်ငံဟာ ပြိုကွဲလုနီးနီးဖြစ်နေရာကနေ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစေတဲ့ အထိ အမျိုးသမီးတဦးကနေ ဘယ်လောက်လုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာကို ဂုဏ်ယူစွာနဲ့ပဲ သူငယ်ချင်းလို့ ခေါ်ချင်ပါတယ်။” ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ကျနော်ကတော့ သူ့ကို စစ်အာဏာရှင်အုပ်စိုးတဲ့ တိုင်းပြည်တွေမှာ အာဏာရှင်လက်အောက်က လွတ်လပ်မှု ရလာစေဖို့အတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ပြောကြားတဲ့အခါမှာ တော့ ပထမ ကျူးဘားနဲ့ ဘီလာရုစ်လိုနိုင်ငံတွေက လှုပ်ရှားသူ အမျိုးသမီးတွေရဲ့ စံနမူ နာတွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အာဏာရှင်နိုင်ငံတွေထဲက အထူးသဖြင့် မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာစေဖို့အတွက် ကတိပြုခဲ့တဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရလာစေဖို့ ဦးဆောင်နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း တလေးတစားနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

http://www.voanews.com/burmese/2008-13-11-bush-speech-women-day.cfm

 
/* EOT ----------------------------------------- */